Connect with us

Hi, what are you looking for?

သတင်း

ရွှေဘိုမြို့နယ်တွင် ပျူသင်တန်းသားများလိုက်ပါလာသည့် ၁၂ဘီးယာဥ်ကို မိုင်းဆွဲတိုက်ခိုက်

၁၂ဘီးကားတစ်စီးမှာ ထိုနေရာ၌ ၅မိနစ်ခန့်ထိုးရပ်သွား၍ လူလဲကာဆက်လက်မောင်းနှင်သွားခဲ့ပြီး အထိအခိုက်အကျအဆုံးများနိုင်သည်ဟု အေဒီက ပြောသည်။

အောက်တိုဘာလအတွင်းက ရွှေဘို-ကျောက်မြောင်းလမ်းပိုင်း၌ စစ်ကောင်စီ၁၂ဘီးကားတစ်စီးအား Burma Rangers (ShweBo)က မိုင်းဆွဲတိုက်ခိုက်ပြီးနောက် တွေ့ရစဥ် ၊ ဓာတ်ပုံ-Burma Rangers (ShweBo)
အောက်တိုဘာလအတွင်းက ရွှေဘို-ကျောက်မြောင်းလမ်းပိုင်း၌ စစ်ကောင်စီ၁၂ဘီးကားတစ်စီးအား Burma Rangers (ShweBo)က မိုင်းဆွဲတိုက်ခိုက်ပြီးနောက် တွေ့ရစဥ် ၊ ဓာတ်ပုံ-Burma Rangers (ShweBo)

စစ်ကိုင်းတိုင်း၊ ရွှေဘို – ကျောက်မြောင်းလမ်းပေါ်တွင် ပျူစောထီးသင်တန်းသား၂၀၀ ကျော်လိုက်ပါလာသည့် ယာဥ်တန်းအနက် ၁၂ ဘီးယာဥ်တစ်စီးကို မိုင်းဆွဲတိုက်ခိုက်ရာ ထိခိုက်ကျဆုံးမှုရှိကြောင်း Burma Rangers (ရွှေဘို)၏ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ အေဒီက ပြောသည်။

ယမန်နေ့(ဒီဇင်ဘာလ ၂ ရက်)နံနက် ၁၁ နာရီ ၄၅ မိနစ်ဝန်းကျင်က ရွှေဘိုမြို့ လေ့ကျင့်ရေး (၈)မှ ပျူသင်တန်းသား ၂၇ဝခန့်လိုက်ပါလာသော Express အပြာတစ်စီး၊ မိုးကာအုပ် ၁၂ဘီး ယာဥ်နှစ်စီး၊ စုစုပေါင်း သုံးစီး ထွက်လာရာ အုံးပေါက်ကျေးရွာအနောက်ဘက်၌ ပဒေသာမိုင်း ၁၀လုံးဖြင့် မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း Burma Rangers (ShweBo)၏ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ အေဒီက ပြောသည်။

၁၂ဘီးကားတစ်စီးမှာ ထိုနေရာ၌ ၅မိနစ်ခန့်ထိုးရပ်သွား၍ လူလဲကာဆက်လက်မောင်းနှင်သွားခဲ့ပြီး အထိအခိုက်အကျအဆုံးများနိုင်သည်ဟု အေဒီက ပြောသည်။

အောက်တိုဘာလအတွင်းက ရွှေဘို-ကျောက်မြောင်းလမ်းပိုင်း၌ စစ်ကောင်စီ၁၂ဘီးကားတစ်စီးအား Burma Rangers (ShweBo)က မိုင်းဆွဲတိုက်ခိုက်ပြီးနောက် တွေ့ရစဥ် ၊ ဓာတ်ပုံ-Burma Rangers (ShweBo)
အောက်တိုဘာလအတွင်းက ရွှေဘို-ကျောက်မြောင်းလမ်းပိုင်း၌ စစ်ကောင်စီ၁၂ဘီးကားတစ်စီးအား Burma Rangers (ShweBo)က မိုင်းဆွဲတိုက်ခိုက်ပြီးနောက် တွေ့ရစဥ် ၊ ဓာတ်ပုံ-Burma Rangers (ShweBo)

“ပျူသင်တန်းသား ၂၇၀ ပါလာတယ်လို့ ဖရဲသီးက သတင်းပေးတာ။ Express အပြာရောင်က လွတ်သွားတာ။ ၁၂ ဘီးကား မိုးကာအပြာအုပ်ထားတဲ့ကားကို မိုင်းဆွဲလိုက်တယ်။ နောက်ဆုံး ၁၂ဘီးကားက ရှေ့ကားမိုင်းထိတော့ ဆက်မလာပဲ ပြန်လှည့်သွားတာ။ ကျောက်မြောင်းစစ်တပ်ကိုဝင်သွားတာ။”ဟု ၎င်းက ပြောသည်။

Public Service Announcement

Public Service Announcement

ထို့အပြင် မွန်းလွဲ ၁ နာရီ မိနစ် ၄၀ခန့်တွင် ကျောက်မြောင်းစစ်တပ်အတွင်းရောက် ပျူများသည် စစ်ကောင်စီတပ်နှင့်အတူ ရွှေဘိုမြို့နယ် အရှေ့ခြမ်းရှိ မအူကျေးရွာအား အင်အား ၃၀ခန့်ဖြင့် ဝင်ရောက်လာပြီး ညနေ ၃နာရီခွဲခန့်တွင် ကျေးရွာအား မီးရှို့ဖျက်ဆီးခဲ့ကြောင်း ​ကျောက်မြောင်းနယ်ခံတစ်ဦးက ပြောသည်။

ရွှေဘိုမြို့နယ်အနောက်ခြမ်းတွင်လည်း စစ်ကောင်စီတပ်က ရွာစဥ်လှည့်မီးရှိူ့ဖျက်ဆီးနေပြီး ကျေးရွာအများအပြား ထွက်ပြေးတိမ်းရှောင်နေရသည်။

အောက်တိုဘာလအတွင်းက ရွှေဘို-ကျောက်မြောင်းလမ်းပိုင်း၌ စစ်ကောင်စီ၁၂ဘီးကားတစ်စီးအား Burma Rangers (ShweBo)က မိုင်းဆွဲတိုက်ခိုက်ပြီးနောက် တွေ့ရစဥ် ၊ ဓာတ်ပုံ-Burma Rangers (ShweBo)

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်မှာ စစ်မှုထမ်းစုဆောင်းခံရသူတွေက ပျူစောထီးတွေကို ရိုက်နှက်ပြီး ထွက်ပြေးလွတ်မြောက်လာတယ်လို့ သတင်းရရှိပါတယ်။

သတင်း

မကွေးတိုင်း၊ ရေစကြိုမြို့ပေါ်မှာ လူငယ်တွေကို ပေါ်တာဆွဲဖမ်းဆီးနေတဲ့ စစ်တပ် လက်အောက်ခံ ပျူစောထီး၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနဲ့ သားဖြစ်သူကို နေအိမ်မှာတင် ပစ်ခတ်ခံရပြီး သေဆုံးခဲ့ကြောင်း သတင်းရရှိပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်ကို ထောက်ခံပြီး လက်နက်ကိုင်ဆောင်ထားတဲ့ သင်္ကန်းဝတ်ပျူခေါင်းဆောင်ပေါက်ကိုယ်တော် စစ်ကူတောင်းပေးနေတဲ့ မကွေးတိုင်း၊ ပေါက်မြို့နယ်က ပျူစောထီးအားကောင်းတဲ့ ကုက္ကိုလ်စုကျေးရွာကို တော်လှန်ရေးတပ်ဖွဲ့တွေ သိမ်းပိုက်လိုက်ပြီလို့ ဒေသခံသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ ပေါက်မြို့နယ်က ပျူစောထီးကျေးရွာတွေ တိုက်ခိုက်ခံနေရလို့ စစ်တပ်ကလေကြောင်းကနေ အပြင်းအထန်ခုခံနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက လူထုနွေဦးကို ပြောပါတယ်။