စစ်ကိုင်းတိုင်း၊ ရွှေဘို – ကျောက်မြောင်းလမ်းပေါ်တွင် ပျူစောထီးသင်တန်းသား၂၀၀ ကျော်လိုက်ပါလာသည့် ယာဥ်တန်းအနက် ၁၂ ဘီးယာဥ်တစ်စီးကို မိုင်းဆွဲတိုက်ခိုက်ရာ ထိခိုက်ကျဆုံးမှုရှိကြောင်း Burma Rangers (ရွှေဘို)၏ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ အေဒီက ပြောသည်။
ယမန်နေ့(ဒီဇင်ဘာလ ၂ ရက်)နံနက် ၁၁ နာရီ ၄၅ မိနစ်ဝန်းကျင်က ရွှေဘိုမြို့ လေ့ကျင့်ရေး (၈)မှ ပျူသင်တန်းသား ၂၇ဝခန့်လိုက်ပါလာသော Express အပြာတစ်စီး၊ မိုးကာအုပ် ၁၂ဘီး ယာဥ်နှစ်စီး၊ စုစုပေါင်း သုံးစီး ထွက်လာရာ အုံးပေါက်ကျေးရွာအနောက်ဘက်၌ ပဒေသာမိုင်း ၁၀လုံးဖြင့် မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း Burma Rangers (ShweBo)၏ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ အေဒီက ပြောသည်။
၁၂ဘီးကားတစ်စီးမှာ ထိုနေရာ၌ ၅မိနစ်ခန့်ထိုးရပ်သွား၍ လူလဲကာဆက်လက်မောင်းနှင်သွားခဲ့ပြီး အထိအခိုက်အကျအဆုံးများနိုင်သည်ဟု အေဒီက ပြောသည်။

“ပျူသင်တန်းသား ၂၇၀ ပါလာတယ်လို့ ဖရဲသီးက သတင်းပေးတာ။ Express အပြာရောင်က လွတ်သွားတာ။ ၁၂ ဘီးကား မိုးကာအပြာအုပ်ထားတဲ့ကားကို မိုင်းဆွဲလိုက်တယ်။ နောက်ဆုံး ၁၂ဘီးကားက ရှေ့ကားမိုင်းထိတော့ ဆက်မလာပဲ ပြန်လှည့်သွားတာ။ ကျောက်မြောင်းစစ်တပ်ကိုဝင်သွားတာ။”ဟု ၎င်းက ပြောသည်။

Public Service Announcement
ထို့အပြင် မွန်းလွဲ ၁ နာရီ မိနစ် ၄၀ခန့်တွင် ကျောက်မြောင်းစစ်တပ်အတွင်းရောက် ပျူများသည် စစ်ကောင်စီတပ်နှင့်အတူ ရွှေဘိုမြို့နယ် အရှေ့ခြမ်းရှိ မအူကျေးရွာအား အင်အား ၃၀ခန့်ဖြင့် ဝင်ရောက်လာပြီး ညနေ ၃နာရီခွဲခန့်တွင် ကျေးရွာအား မီးရှို့ဖျက်ဆီးခဲ့ကြောင်း ကျောက်မြောင်းနယ်ခံတစ်ဦးက ပြောသည်။
ရွှေဘိုမြို့နယ်အနောက်ခြမ်းတွင်လည်း စစ်ကောင်စီတပ်က ရွာစဥ်လှည့်မီးရှိူ့ဖျက်ဆီးနေပြီး ကျေးရွာအများအပြား ထွက်ပြေးတိမ်းရှောင်နေရသည်။
အောက်တိုဘာလအတွင်းက ရွှေဘို-ကျောက်မြောင်းလမ်းပိုင်း၌ စစ်ကောင်စီ၁၂ဘီးကားတစ်စီးအား Burma Rangers (ShweBo)က မိုင်းဆွဲတိုက်ခိုက်ပြီးနောက် တွေ့ရစဥ် ၊ ဓာတ်ပုံ-Burma Rangers (ShweBo)


















































