Connect with us

Hi, what are you looking for?

သတင်း

နွားထိုးကြီးမှာ NLD ပါတီဝင် ၄ ဦးအပါအဝင် ဒေသခံ ၆ ဦးဖမ်းခံရပြီး ညတွင်းချင်းသတ်ခံရ

ဖမ်းဆီးသတ်ဖြတ်ခံရသူတွေဟာ နွားထိုးကြီးမြို့နယ် ၊မင်းရွာ က အမျိုးသား ၆ ဦးဖြစ်ပြီး အဲဒီအထဲမှာ NLD ပါတီဝင် ၄ ဦးပါတယ်လို့သိရပါတယ်။

နွားထိုးကြီးမှာ NLD ပါတီဝင် ၄ ဦးအပါအဝင် ဒေသခံ ၆ ဦးဖမ်းခံရပြီး ညတွင်းချင်းသတ်ခံရ
နွားထိုးကြီးမှာ NLD ပါတီဝင် ၄ ဦးအပါအဝင် ဒေသခံ ၆ ဦးဖမ်းခံရပြီး ညတွင်းချင်းသတ်ခံရ

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့နယ်ထဲက ဒေသခံ ၆ ဦး ဟာ မနေ့ကညပိုင်းက ဖမ်းဆီးခံရပြီး ညတွင်းချင်းသတ်ခံရကာ အလောင်းစွန့်ပစ်သွားတယ်လို့မြင်းခြံလူထုလှုပ်ရှားမှုကော်မတီက သတင်းထုတ်ပြန်ပါတယ်။

ဖမ်းဆီးသတ်ဖြတ်ခံရသူတွေဟာ နွားထိုးကြီးမြို့နယ် ၊မင်းရွာ က အမျိုးသား ၆ ဦးဖြစ်ပြီး အဲဒီအထဲမှာ NLD ပါတီဝင် ၄ ဦးပါတယ်လို့သိရပါတယ်။

တောင်သာမြို့နယ် လူထုလှုပ်ရှားမှုကော်မတီ ကတော့ သတ်ဖြတ်ခံရသူ ၆ ဦးရဲ့ အမည်နဲ့အသက်အရွယ်တွေကို ဖော်ပြထားပါတယ်။

သူတို့တွေဟာ ဦးကျော်ဆောင် ၆၃ နှစ် ၊ ဦးခင်မောင်စိန်. ၆၃ နှစ် ၊ကိုမင်းဇော် ၊ ကိုဟန်တင် ၄၂ နှစ် ၊ ကိုစိုးပိုင် ၃၇ နှစ် ၊ မောင်အောင်ကိုမင်း ၁၇ နှစ် တို့ပဲဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

အဲဒီသူတွေထဲမှာ ဦးကျော်ဆောင် ၊ ဦးခင်မောင်စိန် ၊ကိုမင်းဇော် ၊ကိုဟန်တင်တို့ ဟာ NLD ပါတီဝင်တွေဖြစ်တယ်လို့ တောင်သာမြို့နယ် လူထုလှုပ်ရှားမှုကော်မတီ ဆိုထားပါတယ်။

Public Service Announcement
Public Service Announcement

မနေ့ကညပိုင်း ၉ နာရီခွဲ ခန့်မှာ မြင်းခြံ မြို့ ပေါ်က စစ်တပ်ထောက်ခံသူ အသက် ၄၀ အရွယ် ဒေါ်သီတာယုမွန်ဦးဆောင်တဲ့ ပျုစောထီးအဖွဲ့ဟာ မင်းရွာကို ကား ၂ စီးနဲ့ ရောက်လာပြီး ဖမ်းဆီးသတ်ဖြတ်ခဲ့တာလို့လည်းတောင်သာမြို့နယ် လူထုလှုပ်ရှားမှုကော်မတီက ဆိုထားပါတယ်။

သတ်ဖြတ်ပြီးနောက် မင်းရွာနဲ့ ကူကုန်းရွာ ဇရပ်အနီးမှာအလောင်းတွေကိုစွန့်ပစ်သွားတယ်လို့သိရပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာလ ဒုတိယ ပတ်အတွင်းကလည်း နွားထိုးကြီးမြို့က NLD ပါတီ ထောက်ခံသူ ပိုင်ဆိုင်တဲ့ လက်ဖက်ရည်ဆိုင်က ဝန်ထမ်း ၂ ဦး ဖမ်းဆီးသတ်ဖြတ်ခံလိုက်ရပါသေးတယ်။

ဒီသတ်ဖြတ်မှုတွေကို စစ်ကောင်စီလက်နက်တပ်ဆင်ပေးထားတဲ့ သွေးသောက်အမည်ခံ ပျုစောထီးတွေက လုပ်ဆောင်တာလို့ ဒေသခံအချို့က ယူဆကြပါတယ်။

နွားထိုးကြီးမြို့ဟာ တောင်သာ ၊မြင်းခြံ ၊ ငါန်းဇွန် ၊တံတားဦး၊မြစ်သား၊ဝမ်းတွင်း ၊မလှိုင်မြို့နယ်တွေနဲ့ ထိစပ်နေတဲ့ မြို့နယ်ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ရခိုင်ပြည်နယ် မောင်တောမြို့နယ် အောင်သုခကျေးရွာမှာ ၂ နှစ်ကျော်အရွယ် မိန်းကလေးငယ်ကို အဓမ္မပြုကျင့်၊ သတ်ဖြတ်ခဲ့တဲ့ အသက် ၁၆ နှစ်အရွယ် မောင်ပေါက်စချေဆိုသူကို သက်ငယ်မုဒိမ်းမှု၊ လူသတ်မှုတို့နဲ့ အာရက္ခတပ်တော်(AA)ရဲ့ မောင်တောခရိုင်တရားရုံးက ထောင်ဒဏ် ၁၀နှစ်ချမှတ်လိုက်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်မှာ အာဏာသိမ်းစစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုနဲ့ စစ်ကြောင်းထိုး သတ်ဖြတ်မှုတွေကြောင့် ၄လအတွင်း စိတ်ကျန်းမာရေးမကောင်းသူတွေ အပါအဝင် ပြည်သူ ၁၅ ဦးထက်မနည်းသေဆုံးခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

ချင်းတိုင်းရင်းသား ခရစ်ယာန် သင်းအုပ်ဆရာ တစ်ဦးကို အာဏာသိမ်း မြန်မာစစ်တပ်က သတ်ဖြတ်ခဲ့ကြောင်း Burma Research Institute (BRI)က ပြောဆိုခဲ့ပြီး စစ်တပ်ရဲ့ ဖိနှိပ်မှုကို ခံနေရတဲ့ မြန်မာ ခရစ်ယာန် အသိုက်အဝန်းကို ကူညီ ကာကွယ်ပေးဖို့ အမေရိကန် အစိုးရကို တိုက်တွန်း တောင်းဆိုခဲ့ပါတယ်။

သတင်း

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နဲ့ အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ(ICRC) ကိုယ်စားလှယ်တို့ တွေ့ဆုံခဲ့ကြောင်း သတင်းတွေအပေါ် အလေးထား စောင့်ကြည့်သုံးသပ်နေပြီး ICRC ရဲ့ လူသားချင်းစာနာထောက်ထားရေးဆိုင်ရာ ကြိုးပမ်းမှုကို အသိအမှတ်ပြုတယ်လို့ NLD ဗဟိုအလုပ်ကော်မတီက ထုတ်ပြန်ပါတယ်။