အောက်တိုဘာ-၆၊၂၀၂၆။ကတ်သရင်း/ People’s Spring
မန္တလေးတိုင်း၊နွားထိုးကြီးမြို့နယ်အတွင်းစစ်ကြောင်းထိုးနေတဲ့စစ်တပ်စစ်ကြောင်းက အသက်မပြည့်သေးတဲ့ စစ်ရှောင်အမျိုးသမီးငယ်တွေအပါအဝင် ၅ဦးကို ဖမ်းဆီးပြီးအုပ်စုဖွဲ့အဓမ္မပြုကျင့်ခဲ့တယ်လို့ဒေသခံတွေကပြောပါတယ် ။
ဒါ့အပြင်အမျိုးသမီးတွေကိုနှိပ်စက်ခဲ့သေးသလို အမျိုးသမီးငယ်တဦးဟာ ပျောက်ဆုံး နေတယ်လို့ ဒေသခံတွေကပြောပါတယ်။
နွားထိုးကြီးမြို့တွင်းက တပ်မ(၄၄)လက်အောက်ခံစစ်သားတွေ၊ပြည်သူ့စစ်၊ပျူစောထီးတွေနဲ့ရဲတွေပါဝင်တဲ့ အင်အား၂၀၀ ပါ စစ်ကြောင်းဟာ ထနောင်းပင်လဲ ကျေးရွာကို အောက်တိုဘာ ၂ ရက်နေ့မှာစတင်ဝင်ရောက်လာခဲ့ပါတယ် ။ အောက်တိုဘာ ၃ရက်နေ့မှာ မြို့တွင်းကိုယာယီပြန်ဆုတ် အင်အားဖြည့်ပြီး ထပ်မံစစ်ကြောင်းထိုးခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။

Public Service Announcement
အဲဒီစစ်ကြောင်းဟာ အောက်တိုဘာလ၅ ရက်နေ့၊မနေ့က ည၇နာရီမှာ မူးရူးပြီး ပတ်ကင်းလှည့်ချိန် ရွာထိပ်အစွန်ကတောထဲတိုက်မှာ စစ်ဘေးရှောင်နေတဲ့ ပြည်သူတွေကို တွေ့သွားပြီး အဲဒီအထဲက အိမ်ထောင်သည်အမျိုးသမီး ၁ ဦး၊ အသက် ၁၄နှစ်အရွယ်မိန်းကလေးငယ် ၁ဦး၊ အသက်၁၈နှစ်အရွယ်မိန်းကလေး ၁ ဦး နဲ့အသက်၂၀နှစ်အရွယ် မိန်းကလေး၂ ဦး စုစု ပေါင်း အမျိုးသမီး၅ဦးကို ဖမ်းဆီး ခေါ်ဆောင်သွားတယ်လို့ ဒေသခံ တွေက ပြောပါတယ်။
ညပိုင်းမှာဖမ်းဆီးခံထားရတဲ့ အိမ်ထောင်ရှိအမျိုးသမီးတဦးရဲ့ ခင်ပွန်းက ပြန်လိုက်ခေါ်တာကြောင့် အဲဒီအမျိုးသမီးတဦးကိုသာ ပြန်လွှတ်ပြီးကျန်မိန်းကလေးငယ် ၄ ဦးကို ပြန်မလွှတ်ပေးခဲ့ဘူးလို့ ဒေသခံတွေကပြောပါတယ်။
အသက်မပြည့်သေးတဲ့ကလေးငယ်အပါအဝင် မိန်းကလေးငယ် ၄ ဦးကိုစစ်အုပ်စုက အုပ်စုဖွဲ့ ရိုက်နှက်ကာ အဓမ္မပြုကျင့်ခဲ့ပြီး မနက်မိုးလင်းချိန်မှ ပြန်လွှတ် ပေးခဲ့တာလို့ ဒေသခံ တွေကပြောပါတယ်။
ပြန်လွှတ်ချိန်မှာ အမျိုးသမီးငယ်၃ဦးသာပါပြီး အသက်၂၀အရွယ် အမျိုးသမီးငယ်ဟာ ပျောက်ဆုံးနေတယ်လို့ ဒေသခံတွေကပြောပါတယ်။
“သတ်ပစ်လိုက်ကြပြီလို့ သတင်းကြားတာပဲ။အခုလွတ်လာတဲ့ ကောင်မလေးတွေက ဆေးခန်းတခုကိုလာပြကြမှ ဒီကိစ္စကိုသိကုန်ကြတာ။သူတို့လည်ပင်း နဲ့ ခန္ဓာကိုယ်တွေမှာ ဒဏ်ရာ တွေပါလာကြတယ်။ဒီကျေးလက်ဆေးခန်းက မနိုင်လို့တခြား တနေရာကိုပြန်လွှဲထားတယ်။ဒီ နေ့ဆေးသွားကြတယ်”လို့ ဒေသခံတဦးက ပြောပါတယ်။
ထနောင်းပင်လဲရွာဟာနွားထိုးကြီးမြို့ရဲ့တောင်ဘက်တမိုင်ခွဲအကွာမှာရှိပြီး နွားထိုးကြီး- တောင်သာ လမ်းပိုင်းဖြစ်သလို စစ်တပ်အတွက် နွားထိုးကြီးမြို့ကာဖို့အတွက် အရေးပါတဲ့ နေရာဖြစ်တယ်လို့လည်း သိရပါတယ်။
လက်ရှိမှာ စစ်တပ်က အဲဒီရွာကို ဗန်ကာတွေဆောက်ကာအခိုင်အမာတပ်စွဲထားသလို ဒီရွာရဲ့နောက်ဘက်ကဗောဓိကုန်းရွာကိုလည်း တပ်ဖြန့်ထားတယ်လို့ဒေသခံအချို့ကပြောပါတယ်။
ဒါ့အပြင် ၂၀၂၅ ခုနှစ်မှာ စစ်တပ်စစ်ကြောင်းက မြင်းခြံခရိုင်၊တောင်သာမြို့နယ်ရှိ စွာတွေကအမျိုးသမီးတွေကို အုပ်စုဖွဲ့ မုဒိမ်းကျင့်ခဲ့ပါသေးတယ် ။ တောင်သာမြို့နယ်၊ရုံးစည်ကြီးရွာကအသက်၁၆နှစ် အရွယ် ကနေ အသက်၆၀ အရွယ်အထိ အမျိုးသမီး ၇ ဦးကို စက်တင်ဘာလ၁၀ ရက်နေ့ကနေ ၁၆ ရက် နေ့အထိ စစ်သားတွေက ဖမ်းဆီး အဓမ္မပြုကျင့်ခဲ့တာလို့ ဒေသခံနဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေကပြောပါတယ်။
အလားတူ သံဘိုရွာမှာလည်း အမျိုးသမီးငယ်တချို့ကို စစ်သားတွေကထပ်မံ အဓမ္မပြုကျင့်ခဲ့ကြသေးတယ်လို့ အဲဒီစစ်ကြောင်းကဖမ်းဆီးရမိတဲ့ စစ်သုံ့ပန်းက ထွက်ဆိုခဲ့ပါတယ်။
ဒါ့အပြင် အိမ်ကြီးတောရွာကိုလည်းစစ်တပ်က စစ်ကြောင်းထိုးကာအသက် ၁၆နှစ်အရွယ်ကို အုပ်စုဖွဲ့ အဓမ္မပြုကျင့်ခဲ သတ်ဖြတ်ခဲ့ကြပါတယ်။
အဆိုပါ ရွာတွေက အမျိုးသမီး၂၀ကျော်ကို အုပ်စုဖွဲ့အဓမ္မပြုကျင့်ခိုင်းခဲ့သူဟာ စစ်တပ်က ဗိုလ်မှူးကျော်မင်းဖြစ်တယ်လို့ အဲစစ်ကြောင်းကဖမ်းမိတဲ့စစ်သုံ့ပန်းကထွက်ဆိုပါတယ်။စစ်တပ် အဓမ္မကျင့်ခဲ့တဲ့ အမျိုုးသမီးတွေထဲက မိန်းကလေးငယ်အချို့ဟာ အဖြစ်ဆိုးကြုံပြီးနောက် ကိုယ်တိုင်အဆုံးစီရင်သွားတာရှိခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။
ရွာတွေကို စစ်ကြောင်းထိုးအကြမ်းဖက်သတ်ဖြတ်ပြီး အမျိုးသမီးတွေကို အုပ်စုဖွဲ့မုဒိမ်းကျင့်တဲ့စစ်ကြောင်းကို ဒေသတွင်းPDF ၊ပကဖနဲ့ တော်လှန်ရေးတပ်တွေက၂၀၂၅ အောက်တိုဘာ၉ ရက်မှ ၁၂ရက် နေ့အထိမလှိုင်မြို့နယ် အိမ်ကြီးတောရွာအနီးတိုက်ခိုက်ရာ ဗိုလ်မှူးကျော်မင်း အပါအဝင်စစ်သား ၂၀ကျော် မလှိုင်မြို့နယ်တိုက်ပွဲမှာ သေဆုံးခဲ့ပြီး ၅ဦးကို အရှင်ဖမ်းမိခဲ့ပါတယ်။



















































