Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

နွားထိုးကြီးမှာ လက်ဖက်ရည်ဆိုင်ဝန်ထမ်း ၂ ဦးကို သွေးသောက်အဖွဲ့ ဖမ်းဆီးသတ်ဖြတ်

နိုဝင်ဘာလ ၁၂ ရက်က နွားထိုးကြီးမြို့ ၊ အမှတ် (၅) ရပ်ကွက် ပန်းကံ့ကော် လက်ဖက်ရည်ဆိုင်ပိုင်ရှင် ကိုမျိုးကျော် ကို သွေးသောက်အမည်ခံအဖွဲ့က လာဖမ်းခဲ့ပါတယ်။

နွားထိုးကြီးမှာ လက်ဖက်ရည်ဆိုင်ဝန်ထမ်း ၂ ဦးကို သွေးသောက်အဖွဲ့ ဖမ်းဆီးသတ်ဖြတ်
နွားထိုးကြီးမှာ လက်ဖက်ရည်ဆိုင်ဝန်ထမ်း ၂ ဦးကို သွေးသောက်အဖွဲ့ ဖမ်းဆီးသတ်ဖြတ်

မန္တလေးတိုင်း ၊ မြင်းခြံခရိုင် ၊နွားထိုးကြီးမြို့နယ်ထဲမှာ စစ်အုပ်စုဟာ လက်ဖက်ရည်ဆိုင်ပိုင်ရှင်ကို လာဖမ်းရာမှာ မတွေ့လို့ ဆိုင်ဝန်ထမ်း လူငယ် ၂ ဦးကို ဖမ်းခေါ်သွားပြီး သတ်ဖြတ်လိုက်ပါတယ်။

ဒီလိုဖမ်းဆီးသတ်ဖြတ်တဲ့အဖွဲ့ဟာ စစ်ကောင်စီလက်အောက်ခံ သွေးသောက်အဖွဲ့ ဖြစ်တယ်လို့ဒေသတွင်းတော်လှန်ရေးအင်အားစုတွေက ပြောထားကြပါတယ်။

နိုဝင်ဘာလ ၁၂ ရက်က နွားထိုးကြီးမြို့ ၊ အမှတ် (၅) ရပ်ကွက် ပန်းကံ့ကော် လက်ဖက်ရည်ဆိုင်ပိုင်ရှင် ကိုမျိုးကျော် ကို သွေးသောက်အမည်ခံအဖွဲ့က လာဖမ်းခဲ့ပါတယ်။

Public Service Announcement
Public Service Announcement

ဒါပေမယ့် ကိုမျိုးကျော်ကိုမတွေ့လို့ ဆိုင်က အသက် ၂၀ ဝန်းကျင် အဖျော်ဆရာ နဲ့အကြော်ဆရာ လူငယ် ၂ ဦးကို ဖမ်းခေါ်သွားပြီး မြို့အရှေ့ခြမ်းမှာ သတ်ဖြတ်ပြီးအလောင်းစွန့်ပစ်သွားပါတယ်။

အဲဒီညပိုင်းမှာပဲ နွားထိုးကြီးမြို့နယ် အမှတ် (၄) ရပ်ကွက် ကုန်စုံဆိုင်တစ်ဆိုင်ကို သွေးသောက်အဖွဲ့က ဝင်ရောက်မီးရှို့ဖျက်ဆီးခဲ့တယ်လို့သိရပါတယ်။

သွေးသောက်အဖွဲ့လာရောက်ခဲ့တဲ့ လက်ဖက်ရည်ဆိုင်နဲ့ကုန်စုံဆိုင်ဟာ NLD ပါတီထောက်ခံအားပေးသူတွေရဲ့ဆိုင်ဖြစ်တယ်လို့ ဒေသခံအချို့ဆီကသိရပါတယ်။

နွားထိုးကြီးမြို့ပေါ်တက်လာပြီး သတ်ဖြတ် ဖျက်ဆီးမှုတွေလုပ်တဲ့ အဖွဲ့ဟာ ကြံခိုင်ရေးပါတီ မြင်းခြံမြို့နယ် အတွင်းရေးမှူး ဒေါ်သီတာယုမွန်ဦးဆောင်တဲ့ သွေးသောက်အဖွဲ့ဖြစ်တယ်လို့ နွားထိုးကြီးမြို့ခံအချို့ကပြောပါတယ်။

နွားထိုးကြီးနယ်တဝိုက်မှာ စစ်ကောင်စီတပ်နဲ့ ပျုစောထီးတွေ ဖမ်းဆီးသွားပြီး သတ်ဖြတ်အလောင်းစွန့်ပစ်သွားတဲ့ဖြစ်စဉ်ဟာ ၉ ကြိမ်ထက်မနည်းရှိပါတယ်။

You May Also Like

သတင်း

အောင်မြေသာစံမြို့နယ်၊ အမရ ဌာနီအရှေ့ရပ်ကွက်၊ လမ်း၈၀၊ ၇လမ်းနဲ့ ၈လမ်းကြား မှာရှိတဲ့ လက်ဖက်ရည်ဆိုင်မှာပစ်ခတ်ခံရတာပါ။

သတင်း

ချင်းပြည်သူ့ကာကွယ်ရေးရဲဘော်နှစ်ဦးအား သတ်ဖြတ်ခဲ့သည့် စစ်ကောင်စီတပ်ကို ပြန်လည် လက်စားချေတိုက်ခိုက်သွားမည်ဟု ဘုတလင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ရဲဘော်တစ်ဦးက ပြောသည်။

သတင်း

မနက် ၁၀ နာရီ ခွဲဝန်းကျင်မှာ ထွေအုပ်ရုံးရှေ့လမ်းပေါ်နဲ့ ရုံးဝန်းထဲကို ဗုံး ၂ လုံးကျသလို ၊ လျှပ်စစ်ရုံးမှာ ခြံစည်းရိုးအစပ်ကို ဗုံးကျတာလို့သိရပါတယ်။

သတင်း

မတ်လ ၁၂ ရက်က တပ်မ(၆၆)သည် စစ်ရှောင်စခန်းသို့ စစ်ကြောင်းထိုးရောက်ရှိလာပြီး သက်ကြီးရွယ်အိုနှင့် ကလေးအချို့ကို ဖမ်းဆီးထား​ခဲ့ခြင်းဟု ဆိုသည်။