Connect with us

Hi, what are you looking for?

သတင်း

နွားထိုးကြီးမှာ လက်ဖက်ရည်ဆိုင်ဝန်ထမ်း ၂ ဦးကို သွေးသောက်အဖွဲ့ ဖမ်းဆီးသတ်ဖြတ်

နိုဝင်ဘာလ ၁၂ ရက်က နွားထိုးကြီးမြို့ ၊ အမှတ် (၅) ရပ်ကွက် ပန်းကံ့ကော် လက်ဖက်ရည်ဆိုင်ပိုင်ရှင် ကိုမျိုးကျော် ကို သွေးသောက်အမည်ခံအဖွဲ့က လာဖမ်းခဲ့ပါတယ်။

နွားထိုးကြီးမှာ လက်ဖက်ရည်ဆိုင်ဝန်ထမ်း ၂ ဦးကို သွေးသောက်အဖွဲ့ ဖမ်းဆီးသတ်ဖြတ်
နွားထိုးကြီးမှာ လက်ဖက်ရည်ဆိုင်ဝန်ထမ်း ၂ ဦးကို သွေးသောက်အဖွဲ့ ဖမ်းဆီးသတ်ဖြတ်

မန္တလေးတိုင်း ၊ မြင်းခြံခရိုင် ၊နွားထိုးကြီးမြို့နယ်ထဲမှာ စစ်အုပ်စုဟာ လက်ဖက်ရည်ဆိုင်ပိုင်ရှင်ကို လာဖမ်းရာမှာ မတွေ့လို့ ဆိုင်ဝန်ထမ်း လူငယ် ၂ ဦးကို ဖမ်းခေါ်သွားပြီး သတ်ဖြတ်လိုက်ပါတယ်။

ဒီလိုဖမ်းဆီးသတ်ဖြတ်တဲ့အဖွဲ့ဟာ စစ်ကောင်စီလက်အောက်ခံ သွေးသောက်အဖွဲ့ ဖြစ်တယ်လို့ဒေသတွင်းတော်လှန်ရေးအင်အားစုတွေက ပြောထားကြပါတယ်။

နိုဝင်ဘာလ ၁၂ ရက်က နွားထိုးကြီးမြို့ ၊ အမှတ် (၅) ရပ်ကွက် ပန်းကံ့ကော် လက်ဖက်ရည်ဆိုင်ပိုင်ရှင် ကိုမျိုးကျော် ကို သွေးသောက်အမည်ခံအဖွဲ့က လာဖမ်းခဲ့ပါတယ်။

Public Service Announcement
Public Service Announcement

ဒါပေမယ့် ကိုမျိုးကျော်ကိုမတွေ့လို့ ဆိုင်က အသက် ၂၀ ဝန်းကျင် အဖျော်ဆရာ နဲ့အကြော်ဆရာ လူငယ် ၂ ဦးကို ဖမ်းခေါ်သွားပြီး မြို့အရှေ့ခြမ်းမှာ သတ်ဖြတ်ပြီးအလောင်းစွန့်ပစ်သွားပါတယ်။

Public Service Announcement

Public Service Announcement

အဲဒီညပိုင်းမှာပဲ နွားထိုးကြီးမြို့နယ် အမှတ် (၄) ရပ်ကွက် ကုန်စုံဆိုင်တစ်ဆိုင်ကို သွေးသောက်အဖွဲ့က ဝင်ရောက်မီးရှို့ဖျက်ဆီးခဲ့တယ်လို့သိရပါတယ်။

သွေးသောက်အဖွဲ့လာရောက်ခဲ့တဲ့ လက်ဖက်ရည်ဆိုင်နဲ့ကုန်စုံဆိုင်ဟာ NLD ပါတီထောက်ခံအားပေးသူတွေရဲ့ဆိုင်ဖြစ်တယ်လို့ ဒေသခံအချို့ဆီကသိရပါတယ်။

နွားထိုးကြီးမြို့ပေါ်တက်လာပြီး သတ်ဖြတ် ဖျက်ဆီးမှုတွေလုပ်တဲ့ အဖွဲ့ဟာ ကြံခိုင်ရေးပါတီ မြင်းခြံမြို့နယ် အတွင်းရေးမှူး ဒေါ်သီတာယုမွန်ဦးဆောင်တဲ့ သွေးသောက်အဖွဲ့ဖြစ်တယ်လို့ နွားထိုးကြီးမြို့ခံအချို့ကပြောပါတယ်။

နွားထိုးကြီးနယ်တဝိုက်မှာ စစ်ကောင်စီတပ်နဲ့ ပျုစောထီးတွေ ဖမ်းဆီးသွားပြီး သတ်ဖြတ်အလောင်းစွန့်ပစ်သွားတဲ့ဖြစ်စဉ်ဟာ ၉ ကြိမ်ထက်မနည်းရှိပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးမြို့လယ်မှာ လက်ဖက်ရည်ဆိုင်ထိုင်နေတဲ့ ရပ်ကွက် အကွက်မှူးတစ်ဦး ဓားနဲ့ထိုးခံရတယ်လို့ ဒေသခံအချို့က ပြောပါတယ်။

သတင်း

နွားထိုးကြီးမြို့ဆိုင်းဘုတ်ရှေ့ကနေ PDFတပ်ရင်းမှူးကိုစိုးအောင် ကို နာမည်တပ်စိန်ခေါ်တာ တွေဆက်တိုက်လုပ်ခဲ့တဲ့အာဏာသိမ်းစစ်တပ်လက်​အောက်ခံရဲကွန်မန်ဒိုစစ်ကြောင်းကဆိုတဲ့ ရဲတပ်ဖွဲ့ဝင် ကောင်းထက်ဖြိုးရဲ့ မိဘတွေထံ PDF ​တွေကသွား​ရောက်​တွေ့ဆုံပြီး သားဖြစ်သူကိုထိန်းကြောင်းပေးဖို့ပြောခဲ့ကြပါတယ်။

သတင်း

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်က စစ်တပ်အထိုင်စခန်းနေရာတွေကို တိုက်ခိုက်ခဲ့ရာ စစ်သား ၅ဦး သေဆုံးပြီး ဒရုန်း ၁စီး သိမ်းရခဲ့တယ်လို့ မြင်းခြံခရိုင်တပ်ရင်း(၄-၁၀)က ထုတ်ပြန်ပါတယ်။

သတင်း

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့က ဗိုလ်ချုပ်အောင်ဆန်းရုပ်တုကို အာဏာသိမ်းစစ်တပ်က ဖျက်ဆီးဖို့ ပြုလုပ်နေပြီး ဖျက်ဆီးသူတွေကို ခွင့်လွှတ်မှာ မဟုတ်ဘူးလို့ မြင်းခြံခရိုင်အမှတ်(၄-၁၀)တပ်ရင်းမှူးက သတိပေးထားပါတယ်။