Connect with us

Hi, what are you looking for?

သတင်း

NLD နွားထိုးကြီးတိုင်းလွှတ်တော်ကိုယ်စားလှယ်ပိုင်တဲ့ ဘော်ဒါဆောင်မီးရှို့ခံရ

ဦးစိန်ကျော်မိုး တို့ ဇနီးမောင်နှံဟာ ကျောင်းဆရာ ၊ဆရာမတွေဖြစ်ခဲ့တဲ့အတွက် အောင်ပန်းဝေ ဘော်ဒါ ဆောင်ကို နွားထိုးကြီးမြို့နယ် အမှတ် ၇ ရပ်ကွက်မှာဖွင့်ထားတာပါ။

NLD နွားထိုးကြီးတိုင်းလွှတ်တော်ကိုယ်စားလှယ်ပိုင်တဲ့ ဘော်ဒါဆောင်မီးရှို့ခံရ
NLD နွားထိုးကြီးတိုင်းလွှတ်တော်ကိုယ်စားလှယ်ပိုင်တဲ့ ဘော်ဒါဆောင်မီးရှို့ခံရ

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ် NLD တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးစိန်ကျော်မိုးပိုင် တဲ့ ဘော်ဒါဆောင်ဟာ ဒီနေ့မနက်ပိုင်း မီးရှို့ခံလိုက်ရတယ်လို့ ဒေသခံအချို့ဆီကစုံစမ်းသိရပါတယ်။

ဦးစိန်ကျော်မိုး တို့ ဇနီးမောင်နှံဟာ ကျောင်းဆရာ ၊ဆရာမတွေဖြစ်ခဲ့တဲ့အတွက် အောင်ပန်းဝေ ဘော်ဒါ ဆောင်ကို နွားထိုးကြီးမြို့နယ် အမှတ် ၇ ရပ်ကွက်မှာဖွင့်ထားတာပါ။

ဒါပေမယ့်စစ်တပ်အာဏာသိမ်းပြီးနောက် ဖမ်းဆီးတဲ့အတွက် ဦးစိန်ကျော်မိုးတို့ တိမ်းရှောင်နေရသလို ဘော်ဒါဆောင်ကိုလည်းပိတ်ထားတာလို့ဒေသခံတစ်ဦးကပြောပြပါတယ်။

” အဆောင်က ပိတ်ထားတာကြာပါပြီ၊ သူတို့စရှောင်ကတည်းကဆိုပါတော့” လို့ နွားထိုးကြီးမြို့နေထိုင်သူတစ်ဦးကပြောပါတယ်။

Public Service Announcement

Public Service Announcement

နွားထိုးကြီးမြို့နယ်အတွင်း ပြီးခဲ့တဲ့ ရက်ပိုင်းကတင် NLD ပါတီဝင် ၄ ဦးသတ်ဖြတ်ခံထားရပါတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက် NLD ရုံးတွေ ဖျက်ဆီးခံရတာ ၊ ပါတီဝင်တွေရဲ့ပိုင်ဆိုင်မှုတွေ ချိတ်ပိတ်ခံရတာ ၊သိမ်းဆည်းခံရတာတွေဖြစ်ပွားနေပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်က ရေနံမြေ Well-1 နဲ့ ဝဲတူး Well-2 ဒေသအခေါ်အခေါ် (ဝဲလ်တမ်း၊ ဝဲလ်တူး ရေနံမှော်)ကို စစ်တပ်က မီးရှို့ဖျက်ဆီးနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ မြစ်ခြေမြို့က ရှစ်မျက်နှာဘုရားမှာ တပ်စွဲထားတဲ့ စစ်တပ်ဟာ မြို့တွင်းက ကြောင်ပန်းခုံကျေးရွာ ဝင်ရောက်စီးနင်းမီးရှို့ခဲ့ပြီး မီးငြှိမ်းတဲ့ ဒေသခံတွေကိုပါ သေနတ်နဲ့လိုက်လံ ပစ်ခတ်ခဲ့တယ်လို့ မြို့နယ်လူသားစာနာ တာဝန်ခံက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ ရွှေဒါးကျကျေးရွာကို ပြီးခဲ့တဲ့ ရက်ပိုင်းမှာ အာဏာသိမ်းစစ်တပ် စစ်ကြောင်းဝင်ရောက်လာပြီးနောက် နေအိမ်တွေကိုမီးရှို့တာတွေပြုလုပ် နေတယ်လို့ သတင်းရင်းမြစ်အချို့ဆီကသိရပါတယ်။

သတင်း

လွန်ခဲ့တဲ့ ၁၇ နှစ်တုန်းက လူ ၅ ဦး သေဆုံးစေခဲ့တဲ့ ဂိမ်းဆိုင် မီးရှို့မှု တရားခံကို ဂျပန်က သေဒဏ်စီရင် ကွပ်မျက်ခဲ့ပါတယ်။