မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ် NLD တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးစိန်ကျော်မိုးပိုင် တဲ့ ဘော်ဒါဆောင်ဟာ ဒီနေ့မနက်ပိုင်း မီးရှို့ခံလိုက်ရတယ်လို့ ဒေသခံအချို့ဆီကစုံစမ်းသိရပါတယ်။
ဦးစိန်ကျော်မိုး တို့ ဇနီးမောင်နှံဟာ ကျောင်းဆရာ ၊ဆရာမတွေဖြစ်ခဲ့တဲ့အတွက် အောင်ပန်းဝေ ဘော်ဒါ ဆောင်ကို နွားထိုးကြီးမြို့နယ် အမှတ် ၇ ရပ်ကွက်မှာဖွင့်ထားတာပါ။
ဒါပေမယ့်စစ်တပ်အာဏာသိမ်းပြီးနောက် ဖမ်းဆီးတဲ့အတွက် ဦးစိန်ကျော်မိုးတို့ တိမ်းရှောင်နေရသလို ဘော်ဒါဆောင်ကိုလည်းပိတ်ထားတာလို့ဒေသခံတစ်ဦးကပြောပြပါတယ်။
” အဆောင်က ပိတ်ထားတာကြာပါပြီ၊ သူတို့စရှောင်ကတည်းကဆိုပါတော့” လို့ နွားထိုးကြီးမြို့နေထိုင်သူတစ်ဦးကပြောပါတယ်။
နွားထိုးကြီးမြို့နယ်အတွင်း ပြီးခဲ့တဲ့ ရက်ပိုင်းကတင် NLD ပါတီဝင် ၄ ဦးသတ်ဖြတ်ခံထားရပါတယ်။
စစ်တပ်အာဏာသိမ်းပြီးနောက် NLD ရုံးတွေ ဖျက်ဆီးခံရတာ ၊ ပါတီဝင်တွေရဲ့ပိုင်ဆိုင်မှုတွေ ချိတ်ပိတ်ခံရတာ ၊သိမ်းဆည်းခံရတာတွေဖြစ်ပွားနေပါတယ်။
