Connect with us

Hi, what are you looking for?

သတင်း

မင်းတပ် ခလရ(၂၇၄)မှ စစ်ကောင်စီတပ်သားတစ်ဦး လက်နက်နှင့် CDM ပြုလုပ်လာဟု CDF အသိပေး

ခလရ (၂၇၄)တပ်မှ ရဲဘော် မျိုးသက်ပိုင်သည် ဒီဇင်ဘာ ၁၆ရက်တွင် CDM ပြုလုပ်ကာ ပြည်သူ့ရင်ခွင် ခိုလှုံလာခြင်းဖြစ်သည်ဟု ဆိုသည်။

ဓာတ်ပုံ - မင်းတပ် CDF
ဓာတ်ပုံ - မင်းတပ် CDF

ချင်းပြည်နယ် မင်းတပ်မြို့ အခြေစိုက် စစ်ကောင်စီတပ် ခလရ(၂၇၄) တပ်မှ စစ်ကောင်စီတပ်သားတစ်ဦး လက်နက်နှင့်အတူ CDM ပြုလုပ်လာကြောင်း မင်းတပ်ချင်းကာကွယ်ရေးတပ်(CDF)က ယနေ့ ထုတ်ပြန်သည်။

ခလရ (၂၇၄)တပ်မှ ရဲဘော် မျိုးသက်ပိုင်သည် ဒီဇင်ဘာ ၁၆ရက်တွင် CDM ပြုလုပ်ကာ ပြည်သူ့ရင်ခွင် ခိုလှုံလာခြင်းဖြစ်သည်ဟု ဆိုသည်။

အဆိုပါ တပ်သားနှင့်အတူ MA1 တစ်လက် ၊ ကျည်ဘောက် လေးခု၊ ကျည် ၆၅ တောင့်၊ ကျည်ကာဝတ်စုံတစ်ခုတို့ပါရှိပြီး မင်းတပ် CDFထံ အပ်နှံခဲ့ကြောင်း အသိပေးထားသည်။

လက်ရှိတော်လှန်ရေးအရွေ့တစ်ခုသို့ ရောက်လာသည့် အခြေအနေတွင် စစ်ကောင်စီတပ်သားများ ပြည်သူ့ရင်ခွင်ခိုလှုံလာပါက မင်းတပ် CDFအနေဖြင့် ဆက်လက်၍ ကြိုဆိုနေမည်ဖြစ်ကြောင်း အဖွဲ့ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းဟာအွမ်က ပြောသည်။

Public Service Announcement

Public Service Announcement

“စစ်တပ်က ဆိုက်ဝါးထည့်ထားတာရှိတယ် ကျွန်တော်တို့ဆီကို CDM လုပ်ပြီးဝင်လာရင် ကျွန်တော်တို့က သတ်ဖြတ်ပစ်တယ်ဘာညာဆိုပြီး ကျွန်တော်တို့ဆီ မသွားနိုင်အောင် ဝါဒဖြန့်ထားတာရှိတယ်။ အခုအချိန်ထိ ကျွန်တော်တို့ဆီကို CDM လုပ်လာတဲ့သူတွေ ကောင်းကောင်းမွန်မွန်ရှိတယ်။ သူတို့ တကယ်သွားချင်တယ်ဆိုရင် နိုင်ငံခြားကိုပို့ပေးနေတယ်။ အခု ဒီတစ်ယောက်ကိုလည်း ပို့ပေးမှာပဲ။ အခု အချိန်ထိ CDM ဝင်လာတဲ့ စစ်သားတွေကို ကောင်းကောင်းမွန်မွန် ကြိုဆိုတယ်။ ဒီအရွေ့တစ်ခုကို တော်တော်ရောက်လာတဲ့အချိန်မှာ စကစ ရဲဘော်တွေအနေနဲ့ ပြတ်ပြတ်သားသား ဆုံးဖြတ်ပြီးလာရောက်ဖို့ ကြိုဆိုတဲ့ဆိုတဲ့ကြောင်း ပြောလိုပါတယ်” ဟု ဆလိုင်းဟာအွမ်က ပြောသည်။

စစ်ကောင်စီတပ်မှ လက်နက်နှင့် CDM ပြုလုပ်လာသူများရှိသကဲ့သို့ လက်နက်မဲ့ လာရောက်သူများလည်းရှိကြောင်း လက်နက်ပါလာပါက ဆုကြေးငွေများ ပေးအပ်သွားမည်ဖြစ်ကြောင်းလည်း ၎င်းက ဆိုသည်။

ပြီးခဲ့သည့် စက်တင်ဘာက ဟားခါးအခြေစိုက် စစ်ကောင်စီတပ် ခလရ (၂၆၆)တပ်ရင်းမှ စစ်ကောင်စီတပ်သားသုံးဦး လက်နက်များနှင့်အတူ CDFဇိုဖေထံ အလင်းဝင်လာသကဲ့သို့ နိုဝင်ဘာလအတွင်းကလည်း ခလရ (၂၆၆)မှ စစ်ကောင်စီတပ်သား သုံးဦး လက်နက်နှင့်အတူ CDFဆဲန်ထန်ထံသို့ လာရောက်ပူးပေါင်းခဲ့ကြောင်း သက်ဆိုင်ရာအဖွဲ့များက ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

မင်းတပ်မြို့အနီးဝန်းကို ဖျက်အားပြင်းဗုံးတွေအပါအဝင် ဗုံးအလုံးရေ ၁၀၀ ကျော်နဲ့ ထပ်မံတိုက်ခိုက်

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။

သတင်း

ချင်းပြည်နယ်၊မင်းတပ်မြို့အနီးမှာမြေအနက် ၁၀ ကီလိုမီတာ(၆မိုင်ခန့်)ကို ဗဟိုပြုပြီး ရစ်ခ်တာစကေး၄ ဒဿမ၂ အဆင့်ငလျင်လှုပ်သွားပါတယ်။

သတင်း

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF)နဲ့ အကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှု(CDM) နိုင်ငံ့ဝန်ထမ်းတွေ ဆွေးနွေးပွဲကို ဇူလိုင် ၁၂ရက်က ကျင်းပခဲ့ကြောင်း SCEFနဲ့ CDM အ ဖွဲ့အစည်းတွေက အသိပေးထုတ်ပြန်ပါတယ်။