Connect with us

Hi, what are you looking for?

သတင်း

မင်းတပ်မြို့ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ၊တရားစီရင်ရေးဌာနက တစ်နှစ်အတွင်းအမှုပေါင်း ၁၂၀ကျော်စစ်ဆေးခဲ့

မြို့နယ်တရားစီရင်ရေး၏ဆုံးဖြတ်ခဲ့​သော အမှု ၈ခုအနက် တင်ကူးကြံစည် လူသတ်မှုတစ်ခုကို သေဒဏ်ချမှတ်ခဲ့ကြောင်းလည်း အဆိုပါအဖွဲ့က ထုတ်ပြန်ထားသည်။

(မင်းတပ်မြို့ ကိုစက်တင်ဘာလက​တွေ့ရစဥ်။ဓါတ်ပုံ-HKL Mindat)
(မင်းတပ်မြို့ ကိုစက်တင်ဘာလက​တွေ့ရစဥ်။ဓါတ်ပုံ-HKL Mindat)

ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်တွင် တစ်နှစ်တာအတွင်းပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ – တရားစီရင်‌ရေးဌာနက အမှုပေါင်း ၁၂၀ကို အပြီးပြတ်စစ်ဆေးခဲ့ကြောင်း မင်းတပ်မြို့ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ အတွင်း​ရေးမှူးက​ပြော သည်။

မင်းတပ်မြို့နယ်ရှိ တိုက်နယ် ကိုးခုအနက် တိုက်နယ် ငါးခုတွင် ၂၀၂၁ခုနှစ် ဇူလိုင် ၇ ရက်မှ စီရင်ခဲ့ခြင်းဖြစ်သည်။

“အောက်ခြေအဆင့်မှာ ချင်းဓလေ့ထုံးစံနဲ့ ဖြေရှင်းတယ်၊ လူသတ်မှုလိုမျိုး၊ အချင်းချင်း မပြေလည်တာမျိုး၊ တင်းခံနေတာမျိုးကြရင် မြို့နယ်တရားစီရင်ရေးဆီတက်လာတယ်။ မြို့နယ်တရားစီရင်ရေးနဲ့ ရဲတပ်ဖွဲ့တို့ပေါင်းပြီး သက်သေတွေစုဆောင်းပြီး အမှုတွဲတည်ဆောက်တယ်၊ ရာဇသတ်ကြီး ဥပဒေတွေနဲ့ ပြစ်ဒဏ်ချအရေးယူတယ်”ဟု မင်းတပ်မြို့၊ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၊ အတွင်းရေးမှူးကပြောသည်

(မင်းတပ်မြို့ ကိုစက်တင်ဘာလက​တွေ့ရစဥ်။ဓါတ်ပုံ-HKL Mindat)
(မင်းတပ်မြို့ ကိုစက်တင်ဘာလက​တွေ့ရစဥ်။ဓါတ်ပုံ-HKL Mindat)

တိုက်နယ်အလိုက် ချင်းဓလေ့ထုံးစံအတိုင်း ဖြန့်ဖြေခြင်း၊ တရားစီရင်ခြင်းတို့ကို ဆောင်ရွက်ပြီး မပြေလည်သည့် အမှု ၈ ခုကို မင်းတပ်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့-တရားစီရင်ရေးဌာနက ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်ဟုသိရသည်။

Public Service Announcement

Public Service Announcement

မြို့နယ်တရားစီရင်ရေး၏ဆုံးဖြတ်ခဲ့​သော အမှု ၈ခုအနက် တင်ကူးကြံစည် လူသတ်မှုတစ်ခုကို သေဒဏ်ချမှတ်ခဲ့ကြောင်းလည်း အဆိုပါအဖွဲ့က ထုတ်ပြန်ထားသည်။

သို့​သော်သေဒဏ်ကိုချက်ချင်းစီရင်ခြင်းမဟုတ်ဘဲတရားခံကို မြို့နယ်အဆင့်က ပြစ်ဒဏ်ချမှတ်ခြင်းဖြစ်ပြီး ပြည်ထောင်စုအဆင့်သို့ပို့၍ အဆင့်ဆင့်ဆက်လက်စစ်ဆေးရဦးမည်ဖြစ်ကြောင်း မင်းတပ်မြို့၊ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၊ အတွင်းရေးမှူးကရှင်းပြသည်။ အဆိုပါ အမှုတွင် ​သေဒဏ်ချမှတ်ထားသူကိုလက်ရှိတွင်ဖမ်းဆီးချုပ်နှောင်ထားပြီးပြစ်ဒဏ်ကိုလည်း အတည်မပြုသေးဟုလည်း ၎င်းကဆက်​ပြောသည်။

မင်းတပ်မြို့နယ်-ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့သည် NUGနှင့် ကြားကာလချင်းလူမျိုးရေးရာအတိုင်ပင်ခံကောင်စီတို့ဖြင့် ချိတ်ဆက်ဆောင်ရွက်နေခြင်းဖြစ်သည်။

ဆက်စပ်သတင်းများ

အတွေးအမြင်

မင်းတပ်လို့ ဆိုလိုက်တာနဲ့အာဏာသိမ်းစစ်တပ်ကို ဒေသခံတွေကရိုးရာတူမီးသေနတ်တွေနဲ့ ပထမဆုံးတော်လှန်ခဲ့သလို ၊တူမီးသေနတ်တွေနဲ့ စစ်တပ်ယာဥ်တန်း​တွေပျက်အောင် တိုက်ခိုက်နိုင်ခဲ့တဲ့ ချင်းဖိုက်တာ​တွေကို မျက်လုံးထဲပြန်မြင်လာကြမယ်ထင်ပါတယ်။

သတင်း

နိုင်ငံဖြတ်ကျော်ဆိုက်ဘာနှိမ်နင်းရေး အလုပ်အဖွဲ့ဖွဲ့စည်းပြီး လူကုန်ကူးခံရသူတွေကူညီဖို့၊ ပိတ်မိသူတွေ ရှာဖွေရေးနဲ့ ဘေးကင်းစွာပြန်လည်ခေါ်ဆောင်ရေး ကူညီမယ်လို့ အသိပေး

သတင်း

မင်းတပ်မြို့သိမ်း စစ်ဆင်ရေးတွင် ပါဝင်ခဲ့သည့် ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) မုံရွာခရိုင် အမှတ်(၃) တပ်ရင်းအနေဖြင့် စစ်ကိုင်းတိုင်းအတွင်း အောင်မြင်မှုတစ်ခု ဖော်ဆောင်ရန် ပြင်ဆင်နေပြီး လိုအပ်သည့် ကျည်အတွက် ပြည်သူများ ဝိုင်းဝန်းပါဝင်ကူညီပေးရန် မုံရွာခရိုင် တပ်ရင်း(၃) ဘဏ္ဍာရှာဖွေရေးတာဝန်ခံ ကိုသစ်တောက ပြောသည်။

သတင်း

ချင်းပြည်နယ်၊ မင်းတပ်မြို့ပေါ်ကို စစ်ကောင်စီက ယနေ့(ဧပြီ ၁ရက်) ညနေပိုင်းတွင် လေကြောင်းတိုက်ခိုက်ခဲ့သည်ဟု မင်းတပ်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က သတင်းထုတ်ပြန်သည်။