Connect with us

Hi, what are you looking for?

သတင်း

လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ကုန်းသာရွာ TNLA ဒုဥက္ကဋ္ဌ သွားရောက်စစ်ဆေး

ဒီဇင်ဘာ ၇ရက်မှ ဒီဇင်ဘာ ၁၁ရက် ညပိုင်းအထိ မြေပြင်တိုက်ပွဲ ၅ရက်ဆက် နေ့ညဖြစ်ပွားခဲ့ပြီး ဒီဇင်ဘာ ၁၂ရက်နှင့် ၁၃ရက်များတွင် စစ်ကောင်စီတပ်က လေကြောင်းမှပစ်ခတ်ခြင်း၊ လက်နက်ကြီးဖြင့် တိုက်ခိုက်ခြင်းများ လုပ်ဆောင်ခဲ့သည်။

(TNLA ဒုဥက္ကဌ ကုန်းသာရွာသို့ သွားရောက်စစ်ဆေးပြီး ဒေသခံများနှင့် တွေ့ဆုံစဥ်၊ဓာတ်ပုံ - TNLA)
(TNLA ဒုဥက္ကဌ ကုန်းသာရွာသို့ သွားရောက်စစ်ဆေးပြီး ဒေသခံများနှင့် တွေ့ဆုံစဥ်၊ဓာတ်ပုံ - TNLA)

▪️ကျေးရွာပြန်လည်ထူထောင်ရေး အတူတကွဆောင်ရွက်မည်ဟု ဒေသခံများအားပြော

စစ်ကောင်စီတပ်က လေကြောင်းမှ အပြင်းအထန်ထိုးစစ်ဆင်တိုက်ခိုက်၍ ထိခိုက်ပျက်စီးမှုများ ပြားခဲ့သည့် တအာင်းဒေသနမ့်ဆန်မြို့နယ် ကုန်းသာရွာသို့ တအာင်းတပ်မတော်(PSLF/TNLA) ဒုဥက္ကဋ္ဌ တားဂျုတ်ဂျား ဦးဆောင်သည့် အဖွဲ့က သွားရောက်စစ်ဆေးခဲ့သည်။

ဒီဇင်ဘာ ၂၀ရက်တွင် ကျရောက်သည့် တအာင်း(ပလောင်)နှစ်သစ်ကူးနေ့ မတိုင်ခင်က အဆိုပါ တိုက်ပွဲပြင်းထန်စွာဖြစ်ပွားရာနေရာသို့ သွားရောက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

“ဘုန်းကြီးကျောင်း၊ စာသင်ကျောင်း၊ လူနေအိမ်တွေ ဘယ်လောက်အထိ ပျက်စီးဆုံးရှုံးသလဲပေါ့။ မန်လုံးကျေးရွာ ဇရပ်မှာတည်းခိုနေတဲ့ ကုန်းသာရွာခံတွေကို အားပေးစကား ပြောပေးတယ်။ ကျေးရွာ ပြန်လည်ထူထောင်ပေးဖို့ အတူတကွ ရှိတဲ့အကြောင်း ကတိတွေပေးခဲ့တယ်” ဟု ဒုဥက္ကဋ္ဌ တားဂျုတ်ဂျားက People’s Spring သတင်းဌာန၏ မေးမြန်းချက်အပေါ် ဖြေကြားသည်။

စစ်ကောင်စီသည် ဒီဇင်ဘာ ၇ရက် နေ့လယ်ပိုင်းက ကုန်းသာကျေးရွာနှင့်အနီးသို့ ရဟတ်ယာဉ် ၅စီးဖြင့် စစ်ဆင်အားများချပြီး ရုတ်တရက်ထိုးစစ်ဆင်တိုက်ခိုက်လာ၍ ဒေသတွင်းရှိ TNLA တပ်နှင့် တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့သည်။ တိုက်ပွဲ စတင်ပြီး နာရီပိုင်းအကြာ၌ပင် စစ်ကောင်စီတပ်က ရဟတ်ယာဉ် တိုက်လေယာဉ်များ အသုံးပြုပြီး လေကြောင်း ပစ်ကူပေးတိုက်ခိုက်သကဲ့သို့ နမ့်ဆန်နှင့်မန်တုံမြို့မှ လက်နက်ကြီးများဖြင့် တိုက်ပွဲဖြစ်ပွားရာသို့ တိုက်ခိုက်ခဲ့သည်။

Public Service Announcement

Public Service Announcement

ဒီဇင်ဘာ ၇ရက်မှ ဒီဇင်ဘာ ၁၁ရက် ညပိုင်းအထိ မြေပြင်တိုက်ပွဲ ၅ရက်ဆက် နေ့ညဖြစ်ပွားခဲ့ပြီး ဒီဇင်ဘာ ၁၂ရက်နှင့် ၁၃ရက်များတွင် စစ်ကောင်စီတပ်က လေကြောင်းမှပစ်ခတ်ခြင်း၊ လက်နက်ကြီးဖြင့် တိုက်ခိုက်ခြင်းများ လုပ်ဆောင်ခဲ့သည်။

Public Service Announcement
Public Service Announcement

အဆိုပါတိုက်ပွဲအတွင်း စစ်ကောင်စီတပ် အထိနာခဲ့၍ ပေါင် ၅၀၀အလေးချိန် ဗုံးကြီးများ အသုံးပြု တိုက်ခိုက်ခြင်း အပါအဝင် လေကြောင်း တိုက်ခိုက်မှု အကြိမ် ၆၀ပြုလုပ်ခဲ့ပြီး လက်နက်ကြီး တိုက်ခိုက်မှုအကြိမ် ၄၀နီးပါး ရှိခဲ့သည်။ ထိုသို့ လေကြောင်းနှင့် လက်နက်ကြီး တိုက်ခိုက်မှုကြောင့် အိမ်ခြေ ၆၀ခန့်ရှိ ကုန်းသာကျေးရွာသည် ရွာလုံးကျွတ်နီးပါး ထိခိုက်ပျက်စီးခဲ့ရာ ဘုန်းကြီးကျောင်းနှင့် စာသင်ကျောင်းများ လည်း ပါဝင်သည်။ စစ်ကောင်စီတပ်၏ ထိုသို့ တိုက်ခိုက်မှုသည် တအာင်းဒေသကို ဖျက်ဆီးရန် ကြိုးပမ်းမှုဖြစ်၍ တအာင်းဒေသခံ ပြည်သူများ တော်လှန်ရေးသတိ အထူးထားရှိပြီး စည်းလုံးညီညွတ်စွာ ခုခံတော်လှန်ကြရန် TNLAက ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

အာဏာသိမ်းစစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် အရပ်သား ပြည်သူသေဆုံးထိခိုက်မှုတွေ ရှိနေကြောင်း ကန်ပက်လက်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့(ပအဖ)က သတင်းထုတ်ပြန်ခဲ့ပြီး မြို့နယ်အတွင်း ပြည်သူတွေ အနေနဲ့ နေအိမ် တိုင်း ပုန်းခိုကျင်းတွေ တူးကြဖို့ နှိုးဆော် ထားပါတယ်။

သတင်း

တအာင်းတပ်မတော်(TNLA)ထိန်းချုပ်ထားတဲ့ နမ့်ခမ်းမြို့က ကောင်းတပ်ကျေးရွာပေါက်ကွဲမှု ဘေးသင့်ပြည်သူတွေ ပြန်လည်ထူထောင်ရေးကော်မတီရဲ့ အလှူခံဌာနကို ဇွန်လ ၁၅ရက်မှာ ပိတ်သိမ်းရပ်ဆိုင်းသွားမှာ ဖြစ်ကြောင်း ကော်မတီက ဒီကနေ့ ထုတ်ပြန်ခဲ့ပြီး အလှူရှင်ပြည်သူတွေအနေနဲ့ ပါဝင်လှူဒါန်းလိုရင် မပိတ်သိမ်းမီ အပြီးသတ် ပါဝင်လှူဒါန်းပေးဖို့ တိုက်တွန်းနှိုးဆော်ထားပါတယ်။

သတင်း

တအာင်းတပ်မတော်(TNLA) ထိန်းချုပ်ထားတဲ့ နမ့်ခမ်းမြို့ ကောင်းတပ်ရပ်ကွက် ပေါက်ကွဲမှု ဘေးသင့်ပြည်သူတွေ ပြန်လည်ထူထောင်ရေးအတွက် အာရက္ခတပ်တော်(AA)၊ ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP)၊ ၀ပြည်သွေးစည်းညီညွတ်ရေးပါတီ(UWSA) လားရှိုးဆက်ဆံရေးရုံးတို့က အလှူငွေတွေ ပေးအပ်ခဲ့ကြောင်း ကောင်းတပ်ရွာ ပြန်လည်ထူထောင်ရေးကော်မတီက ထုတ်ပြန်ထားပါတယ်။