Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ကုန်းသာရွာ TNLA ဒုဥက္ကဋ္ဌ သွားရောက်စစ်ဆေး

ဒီဇင်ဘာ ၇ရက်မှ ဒီဇင်ဘာ ၁၁ရက် ညပိုင်းအထိ မြေပြင်တိုက်ပွဲ ၅ရက်ဆက် နေ့ညဖြစ်ပွားခဲ့ပြီး ဒီဇင်ဘာ ၁၂ရက်နှင့် ၁၃ရက်များတွင် စစ်ကောင်စီတပ်က လေကြောင်းမှပစ်ခတ်ခြင်း၊ လက်နက်ကြီးဖြင့် တိုက်ခိုက်ခြင်းများ လုပ်ဆောင်ခဲ့သည်။

(TNLA ဒုဥက္ကဌ ကုန်းသာရွာသို့ သွားရောက်စစ်ဆေးပြီး ဒေသခံများနှင့် တွေ့ဆုံစဥ်၊ဓာတ်ပုံ - TNLA)
(TNLA ဒုဥက္ကဌ ကုန်းသာရွာသို့ သွားရောက်စစ်ဆေးပြီး ဒေသခံများနှင့် တွေ့ဆုံစဥ်၊ဓာတ်ပုံ - TNLA)

▪️ကျေးရွာပြန်လည်ထူထောင်ရေး အတူတကွဆောင်ရွက်မည်ဟု ဒေသခံများအားပြော

စစ်ကောင်စီတပ်က လေကြောင်းမှ အပြင်းအထန်ထိုးစစ်ဆင်တိုက်ခိုက်၍ ထိခိုက်ပျက်စီးမှုများ ပြားခဲ့သည့် တအာင်းဒေသနမ့်ဆန်မြို့နယ် ကုန်းသာရွာသို့ တအာင်းတပ်မတော်(PSLF/TNLA) ဒုဥက္ကဋ္ဌ တားဂျုတ်ဂျား ဦးဆောင်သည့် အဖွဲ့က သွားရောက်စစ်ဆေးခဲ့သည်။

ဒီဇင်ဘာ ၂၀ရက်တွင် ကျရောက်သည့် တအာင်း(ပလောင်)နှစ်သစ်ကူးနေ့ မတိုင်ခင်က အဆိုပါ တိုက်ပွဲပြင်းထန်စွာဖြစ်ပွားရာနေရာသို့ သွားရောက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

“ဘုန်းကြီးကျောင်း၊ စာသင်ကျောင်း၊ လူနေအိမ်တွေ ဘယ်လောက်အထိ ပျက်စီးဆုံးရှုံးသလဲပေါ့။ မန်လုံးကျေးရွာ ဇရပ်မှာတည်းခိုနေတဲ့ ကုန်းသာရွာခံတွေကို အားပေးစကား ပြောပေးတယ်။ ကျေးရွာ ပြန်လည်ထူထောင်ပေးဖို့ အတူတကွ ရှိတဲ့အကြောင်း ကတိတွေပေးခဲ့တယ်” ဟု ဒုဥက္ကဋ္ဌ တားဂျုတ်ဂျားက People’s Spring သတင်းဌာန၏ မေးမြန်းချက်အပေါ် ဖြေကြားသည်။

စစ်ကောင်စီသည် ဒီဇင်ဘာ ၇ရက် နေ့လယ်ပိုင်းက ကုန်းသာကျေးရွာနှင့်အနီးသို့ ရဟတ်ယာဉ် ၅စီးဖြင့် စစ်ဆင်အားများချပြီး ရုတ်တရက်ထိုးစစ်ဆင်တိုက်ခိုက်လာ၍ ဒေသတွင်းရှိ TNLA တပ်နှင့် တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့သည်။ တိုက်ပွဲ စတင်ပြီး နာရီပိုင်းအကြာ၌ပင် စစ်ကောင်စီတပ်က ရဟတ်ယာဉ် တိုက်လေယာဉ်များ အသုံးပြုပြီး လေကြောင်း ပစ်ကူပေးတိုက်ခိုက်သကဲ့သို့ နမ့်ဆန်နှင့်မန်တုံမြို့မှ လက်နက်ကြီးများဖြင့် တိုက်ပွဲဖြစ်ပွားရာသို့ တိုက်ခိုက်ခဲ့သည်။

Public Service Announcement

Public Service Announcement

ဒီဇင်ဘာ ၇ရက်မှ ဒီဇင်ဘာ ၁၁ရက် ညပိုင်းအထိ မြေပြင်တိုက်ပွဲ ၅ရက်ဆက် နေ့ညဖြစ်ပွားခဲ့ပြီး ဒီဇင်ဘာ ၁၂ရက်နှင့် ၁၃ရက်များတွင် စစ်ကောင်စီတပ်က လေကြောင်းမှပစ်ခတ်ခြင်း၊ လက်နက်ကြီးဖြင့် တိုက်ခိုက်ခြင်းများ လုပ်ဆောင်ခဲ့သည်။

Public Service Announcement
Public Service Announcement

အဆိုပါတိုက်ပွဲအတွင်း စစ်ကောင်စီတပ် အထိနာခဲ့၍ ပေါင် ၅၀၀အလေးချိန် ဗုံးကြီးများ အသုံးပြု တိုက်ခိုက်ခြင်း အပါအဝင် လေကြောင်း တိုက်ခိုက်မှု အကြိမ် ၆၀ပြုလုပ်ခဲ့ပြီး လက်နက်ကြီး တိုက်ခိုက်မှုအကြိမ် ၄၀နီးပါး ရှိခဲ့သည်။ ထိုသို့ လေကြောင်းနှင့် လက်နက်ကြီး တိုက်ခိုက်မှုကြောင့် အိမ်ခြေ ၆၀ခန့်ရှိ ကုန်းသာကျေးရွာသည် ရွာလုံးကျွတ်နီးပါး ထိခိုက်ပျက်စီးခဲ့ရာ ဘုန်းကြီးကျောင်းနှင့် စာသင်ကျောင်းများ လည်း ပါဝင်သည်။ စစ်ကောင်စီတပ်၏ ထိုသို့ တိုက်ခိုက်မှုသည် တအာင်းဒေသကို ဖျက်ဆီးရန် ကြိုးပမ်းမှုဖြစ်၍ တအာင်းဒေသခံ ပြည်သူများ တော်လှန်ရေးသတိ အထူးထားရှိပြီး စည်းလုံးညီညွတ်စွာ ခုခံတော်လှန်ကြရန် TNLAက ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

KIA ရုံးနှင့် တပ်ဖွဲ့ဝင်များကို အောက်တိုဘာ ၁၅ရက်နောက်ဆုံးထား ကွတ်ခိုင်မြို့မှ ထွက်ခွာရန် TNLA နယ်မြေခံတပ်မှူးများက ပြောကြားခဲ့သည့်အခြေအနေနှင့်ပတ်သက်ပြီး လွေးယေဦးက ယခုကဲ့သို့ ရှင်းပြခြင်းဖြစ်သည်။

သတင်း

ကွတ်ခိုင်ရှိ KIA ဆက်ဆံရေးရုံးနှင့် KIA တပ်ဖွဲ့ဝင်များ ဧပြီ ၁၅ရက် ယနေ့ နောက်ဆုံးထား ဖယ်ရှားရန် TNLAဘက်က ဧပြီ ဒုတိယပတ်အတွင်း နှစ်ကြိမ်လာရောက်ပြောဆိုခဲ့မှု အပေါ် နှစ်ဖက်အရာရှိများ ဆွေးနွေးညှိနှိုင်းခဲ့ကြခြင်းဖြစ်သည်ဟုဆိုသည်။

သတင်း

TNLAဘက်က ပြောကြားလာသည့် ဖြစ်စဉ်မှာ မှန်ကန်သော်လည်း ဖယ်ပေးမည်မဟုတ်ဟု ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

သတင်း

TNLA ၏ အဆိုပါ ထုတ်ပြန်ချက်အပေါ် ဒေသဆိုင်ရာ စစ်ကောင်စီအုပ်စုနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများက စိုးရိမ်မှုများရှိနေကြောင်း မိုးကုတ်မြို့ခံတဦးကပြောသည်။