Connect with us

Hi, what are you looking for?

သတင်း

ကယန်းတိုင်းရင်းသူ လက်ဝှေ့မယ်ဗယ်ရိုနီကာအား NUGအစိုးရက ဂုဏ်ပြု

ဗယ်ရိုနီကာသည် ယခုနှစ်အတွင်း မွေထိုင်းလက်ဝှေ့ပြိုင်ပွဲ (၁၀)ပွဲထိုးသတ်ခဲ့ရာ (၉)ပွဲ အနိုင်ရပြီး (၁)ပွဲသာ ရှုံးနိမ့်ထားသည်။

ကယန်းတိုင်းရင်းသူ လက်ဝှေ့မယ်ဗယ်ရိုနီကာအား NUGအစိုးရက ဂုဏ်ပြု
ကယန်းတိုင်းရင်းသူ လက်ဝှေ့မယ်ဗယ်ရိုနီကာအား NUGအစိုးရက ဂုဏ်ပြု

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၌ ကျင်းပခဲ့သည့် Thai Fight 100 years Nakornban ပြိုင်ပွဲတွင် ချန်ပီယံဆုဆွတ်ခူးနိုင်ခဲ့သည့် ကယန်းတိုင်းရင်းသူ ‘ဗယ်ရိုနီကာ’အား အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ဂုဏ်ယူဝမ်းမြောက်ကြောင်း ယနေ့ မှတ်တမ်းတင် ဂုဏ်ပြုခဲ့သည်။

ကယန်းတိုင်းရင်းသူ လက်ဝှေ့မယ်ဗယ်ရိုနီကာအား NUGအစိုးရက ဂုဏ်ပြု
ကယန်းတိုင်းရင်းသူ လက်ဝှေ့မယ်ဗယ်ရိုနီကာအား NUGအစိုးရက ဂုဏ်ပြု

ကယန်းတိုင်းရင်းသူ ‘ဗယ်ရိုနီကာ’သည် ပြီးခဲ့သည့် ဒီဇင်ဘာ ၂၄ ရက်က ထိုင်းဘုရင့်ဖလား Thai Fight Royal Cup Champion ပြိုင်ပွဲတွင် ဂရိလက်ဝှေ့မယ် မွေထိုင်းချန်ပီယံ ဖီနီပီလွန်ပီကို သုံးချီ အလဲထိုးအနိုင်ယူပြီး ချန်ပီယံဆု ဆွတ်ခူးခဲ့ခြင်းဖြစ်သည်။

‘ဗယ်ရိုနီကာ’ သည် မြန်မာ့ရိုးရာလက်ဝှေ့ကမ္ဘာ့ချန်ပီယံ ရွှေတံဆိပ်ဆုရှင်တစ်ဦး ဖြစ်ပြီး ပြိုင်ဖက် ဂရိလက်ဝှေ့မယ်က ကမ္ဘာ့ချန်ပီယံကိုးကြိမ် ရရှိထားသည့် ဝါရင့်လက်ဝှေ့မယ် တစ်ဦးဖြစ်သည်။

ဗယ်ရိုနီကာသည် ယခုနှစ်အတွင်း မွေထိုင်းလက်ဝှေ့ပြိုင်ပွဲ (၁၀)ပွဲထိုးသတ်ခဲ့ရာ (၉)ပွဲ အနိုင်ရပြီး (၁)ပွဲသာ ရှုံးနိမ့်ထားသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

ဂျပန်နိုင်ငံမှာ ပတ်စ်ပို့(နိုင်ငံကူးလက်မှတ်)သက်တမ်းမတိုးဘဲ ရပ်တည်နေတဲ့ မြန်မာနိုင်ငံသားတွေအတွက် လုပ်ငန်းခွင်အရည်အချင်းစစ် ဗီဇာ(Tokutei Gino)စာမေးပွဲဖြေဆိုဖို့ ကြုံနေရတဲ့ အခက်အခဲကို ဖြေရှင်းနိုင်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUGရဲ့ ဂျပန်နိုင်ငံဆိုင်ရာကိုယ်စားလှယ်ရုံးက ထုတ်ပြန်ပါတယ်။

သတင်း

ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ဒုတိယဗိုလ်ချုပ်ကြီး R ခေါင်လွမ်း(ကွယ်လွန်) အပါအဝင် KIA စစ်သည်တော်တွေကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ဂုဏ်ပြုဘွဲ့ချီးမြှင့်တာ၊ ဆုတံဆိပ်တွေပေးအပ်တာဟာ အနာဂတ်ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံပေါ်ထွန်းရေးတန်ဖိုးမဖြတ်နိုင်တဲ့ အခြေခံအုတ်မြစ်ဖြစ်တဲ့အကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့(KIO) ဗဟိုကော်မတီက NUG ထံ စာပေးပို့ခဲ့ပါတယ်။

သတင်း

အာဏာသိမ်းစစ်ကောင်စီတပ်က နိုင်ငံတဝန်း စစ်မျက်နှာ ၁၅ခုလောက်မှာ ထိုးစစ်ဆင်နေပြီး စစ်မျက်နှာတိုင်းက ရန်သူ့ထိုးစစ်ဟာ ထင်တိုင်းမပေါက်ဖြစ်နေကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်က အသိပေးပြီး အဲဒီ ရန်သူ့ထိုးစစ်ကိုချေမှုန်းနိုင်ရင် စစ်ရေးချိန်ခွန်လျှာ ကြီးမားတဲ့ အလှည့်အပြောင်းဖြစ်လာမယ်လို့ ယုံကြည်ကြောင်း ပြောကြားလိုက်ပါတယ်။