Connect with us

Hi, what are you looking for?

နိုင်ငံတကာ

နည်းပညာပိုင်း ချွတ်ယွင်းမှုကြောင့် အမေရိကန်က ပြည်တွင်း လေကြောင်း ခရီးစဉ်တွေ နာရီနဲ့ချီ ဆိုင်းငံ့

FAAရဲ့ ချွတ်ချော်မှု အတောအတွင်း လေယာဉ်မှူးတွေဟာ အန္တရာယ် ကြုံလာနိုင်တယ်ဆိုတဲ့ အချက်ပြ သတိပေးမှုတွေ လက်ခံရရှိခဲ့ကြပါတယ်။ အခုတော့ အဲဒီ ပြဿနာကို ဖြေရှင်းပြီးကြောင်း FAAက နောက်ဆက်တွဲ ထုတ်ပြန် အတည်ပြုခဲ့တာ ဖြစ်ပါတယ်။

နည်းပညာပိုင်း ချွတ်ယွင်းမှုကြောင့် အမေရိကန်က ပြည်တွင်း လေကြောင်း ခရီးစဉ်တွေ နာရီနဲ့ချီ ဆိုင်းငံ့
နည်းပညာပိုင်း ချွတ်ယွင်းမှုကြောင့် အမေရိကန်က ပြည်တွင်း လေကြောင်း ခရီးစဉ်တွေ နာရီနဲ့ချီ ဆိုင်းငံ့

အမေရိကန်ရဲ့ ဖက်ဒရယ် လေကြောင်း စီမံခန့်ခွဲရေးဌာန (FAA)မှာ နည်းပညာပိုင်း ချွတ်ချော်မှု အကြီးစားတစ်ခု ဖြစ်ခဲ့တဲ့နောက် ဇန်နဝါရီ ၁၁ ရက်က ပြည်တွင်း လေကြောင်းခရီးစဉ်တွေ အားလုံးကို ပျံသန်းခွင့် ဆိုင်းငံ့ထားခဲ့ရပါတယ်။

အမေရိကန်ရဲ့ အဓိက လေဆိပ်ကြီးတွေမှာ သန်းပေါင်းများစွာသော ခရီးသည်တွေဟာ သူတို့ရဲ့ လေယာဉ်ခရီးစဉ် ဆိုင်းငံ့ ခံထားရတယ် ဆိုတာကို အချိန်ကပ်ပြီးမှ သိရှိခဲ့ရတဲ့နောက် အံ့ဩ စိတ်ပျက်ခဲ့ကြရပါတယ်။ FAAက ပြည်တွင်း လေကြောင်း ခရီးစဉ်တွေကို ရပ်နားထားဖို့ ရုတ်တရက် ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။ လေဆိပ် တာဝန်ရှိသူတွေက ခရီးသည်တွေ အနေနဲ့ FAAရဲ့ နောက်ဆက်တွဲ ကြေညာချက်တွေကို စောင့်ကြဖို့ ပန်ကြားခဲ့ရပါတယ်။

နာရီပိုင်းလောက် အကြာမှာတော့ FAAက နိုင်ငံအနှံ့ လေကြောင်းလိုင်းတွေ ပျံသန်းခွင့် ဆိုင်းငံ့ခံထားရတာကို တစ်သုတ်ချင်း ပြန်လည် ပယ်ဖျက်ပေးနေကြောင်း ကြေညာခဲ့ပါတယ်။ နည်းပညာ ချွတ်ယွင်းမှုတွေကို ပြန်လည် ပြင်ဆင်နိုင်ခဲ့ပြီဖြစ်ပြီး ပြဿနာ ဖြစ်ခဲ့တဲ့ အကြောင်းရင်းကို ဆက်လက် စုံစမ်းစစ်ဆေးသွားမယ်လို့ FAAက ထုတ်ပြန်ပါတယ်။

အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန်ကလည်း FAAဟာ ဘယ်လို ပြဿနာ ဖြစ်သွားတယ် ဆိုတာကို လောလောဆယ် အပူတပြင်း စုံစမ်းနေဆဲလို့ သတင်းထောက်တွေကို ပြောပါတယ်။ အကြောင်းရင်းကိုတော့ နာရီပိုင်းလောက်အတွင်း သိရှိဖို့ မျှော်လင့်ထားကြောင်းလည်း ဘိုင်ဒန်က ဆိုပါတယ်။ ဒါပေမဲ့ ကနဦး သိရှိထားသမျှ အခြေအနေတွေအရ ဆိုက်ဘာ တိုက်ခိုက် ခံရမှု တစ်ခုခုကြောင့်တော့ မဟုတ်လောက်ဘူးလို့လည်း သမ္မတက မှတ်ချက် ပေးသွားပါတယ်။

Public Service Announcement

Public Service Announcement

FAAရဲ့ ချွတ်ချော်မှု အတောအတွင်း လေယာဉ်မှူးတွေဟာ အန္တရာယ် ကြုံလာနိုင်တယ်ဆိုတဲ့ အချက်ပြ သတိပေးမှုတွေ လက်ခံရရှိခဲ့ကြပါတယ်။ အခုတော့ အဲဒီ ပြဿနာကို ဖြေရှင်းပြီးကြောင်း FAAက နောက်ဆက်တွဲ ထုတ်ပြန် အတည်ပြုခဲ့တာ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲမှာ လက်ရွေးစင် အသင်း ကြုံတွေ့နေတဲ့ ကန့်သတ်ခံရမှုတွေနဲ့ ပတ်သက်ပြီး ကမ္ဘာ့ဘောလုံး အဖွဲ့ချုပ် (ဖီဖာ)ဆီ တရားဝင် အရေးဆိုသွားမယ်လို့ အီရန် ဘောလုံးအဖွဲ့ချုပ်က ပြောပါတယ်။

နိုင်ငံတကာ

ဆွစ်ဇာလန်မှာ အီရန် ကိုယ်စားလှယ်တွေနဲ့ သွားရောက်တွေ့ဆုံပြီး စစ်ပြေငြိမ်းရေး လုပ်ထုံးလုပ်နည်းဆိုင်ရာ သဘောတူညီမှုတွေအတွက် လက်မှတ်ရေးထိုးမယ့် ခရီးစဉ်ကို အမေရိကန် ဒုတိယ သမ္မတ ဂျိမ်းစ်ဒေးဗစ် ဗန့်စ်က ပယ်ဖျက်လိုက်ပါတယ်။

သတင်း

ပါရှန်း ပင်လယ်ကွေ့မှာ အီရန်ရေယာဉ်တွေကို တားဆီးဖို့ ဖြန့်ကျက်ထားတဲ့ အမေရိကန် ရေတပ် ပိတ်ဆို့မှုကို ရုပ်သိမ်းလိုက်ပြီလို့ အမေရိကန် စစ်တပ်က အတည်ပြု ထုတ်ပြန်ခဲ့ပါတယ်။

နိုင်ငံတကာ

အမေရိကန်မှာ လမ်းပေါ် ပျက်ကျလာတဲ့ လေယာဉ်ထဲက ခရီးသည်တွေကို လမ်းသွားလမ်းလာတွေက ကြိုးကြိုးစားစား ကယ်ထုတ်ပေးခဲ့ကြပါတယ်။