Connect with us

Hi, what are you looking for?

သတင်း

မလေးရှားမှာ နိုင်ငံကူးလက်မှတ်ထုတ်ပေးတာကို စစ်ကောင်စီသံရုံးရပ်ဆိုင်း

စက်တွေပြုပြင်ပြီးရင် နိုင်ငံကူးလက်မှတ်ပြန်ထုတ်ပေးမယ့်ရက်ကို ကြေညာပေးမယ်လို့စစ်ကောင်စီသံရုံးက သံရုံးရဲ့ဖေ့ဘွတ်ခ်ကနေ တဆင့်အသိပေးထားတာတွေ့ရပါတယ်။

မလေးရှားမှာ နိုင်ငံကူးလက်မှတ်ထုတ်ပေးတာကို စစ်ကောင်စီသံရုံးရပ်ဆိုင်း
မလေးရှားမှာ နိုင်ငံကူးလက်မှတ်ထုတ်ပေးတာကို စစ်ကောင်စီသံရုံးရပ်ဆိုင်း

မြန်မာလုပ်သားတွေအများအပြားရှိတဲ့ မလေးရှားနိုင်ငံမှာ နိုင်ငံကူးလက်မှတ်ထုတ်ပေးတာကို စစ်ကောင်စီလက်အောက်ခံ သံရုံးက လာမယ့်ဖေဖော်ဝါရီလ ၆ ရက်က စတင်ပြီး ရပ်ဆိုင်းမှာဖြစ်ပါတယ်။

နိုင်ငံကူးလက်မှတ်ထုတ်ပေးတဲ့စက်နဲ့ကွန်ပြုတာပြုပြင်ရမှာဖြစ်လို့ ရပ်ဆိုင်းရတာလို့ အကြောင်းပြထားပါတယ်။

စက်တွေပြုပြင်ပြီးရင် နိုင်ငံကူးလက်မှတ်ပြန်ထုတ်ပေးမယ့်ရက်ကို ကြေညာပေးမယ်လို့စစ်ကောင်စီသံရုံးက သံရုံးရဲ့ဖေ့ဘွတ်ခ်ကနေ တဆင့်အသိပေးထားတာတွေ့ရပါတယ်။

စစ်ကောင်စီဟာ ပြည်တွင်းမှာလည်း နိုင်ငံကူးလက်မှတ်ထုတ်ပေးတာကို ရပ်ဆိုင်းထားပါတယ်။

Public Service Announcement

Public Service Announcement

ဒီလို ရပ်ဆိုင်းရတဲ့အကြောင်းရင်းကို တရားဝင်ရှင်းရှင်းလင်းလင်း လူထုကို အသိပေးတာမျိုးလည်းမရှိပါဘူး။

နေပြည်တော် စစ်ကောင်စီ စစ်ရုံးအသိုင်းအဝိုင်းနဲ့နီးစပ်သူတွေထံက တဆင့်သိရတာကတော့ ပြည်ပကိုထွက်ခွာသူများနေတာကြောင့် နိုင်ငံကူးလက်မှတ်အသစ်ထုတ်ပေးတာကို ပိတ်ထားတာလို့သိရပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ကျောင်းထဲမှာ မိန်းကလေး တစ်ဦးကို ဓားနဲ့ ထိုးသတ်ခဲ့တဲ့ ဆယ်ကျော်သက် ကျောင်းသားတစ်ဦးဟာ စိတ်ကျန်းမာရေး မကောင်းတဲ့အချိန် ပြစ်မှုကျူးလွန်ခဲ့တာလို့ ဆုံးဖြတ်ပြီး မလေးရှား တရားရုံးက တရားသေ လွှတ်ပေးလိုက်ပါတယ်။

နိုင်ငံတကာ

မလေးရှား နိုင်ငံမှာ လူနာတင် ရဟတ်ယာဉ်တစ်စီး ပျက်ကျခဲ့တာကြောင့် လူ ၅ ဦး သေဆုံးခဲ့ကြောင်း သိရပါတယ်။

သတင်း

မြန်မာဒုက္ခသည်တွေကို နေရပ်ပြန်ပို့မယ်ဆိုတဲ့ မလေးရှား အစိုးရရဲ့ အစီအစဉ်နဲ့ ပတ်သက်ဆက်စပ်မှု လုံးဝမရှိကြောင်း ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR)က ထုတ်ပြန်ခဲ့ပါတယ်။

ဆောင်းပါး

အခုတလော မလေးရှားအစိုးရကထိန်းသိမ်းရေးစခန်းတွေမှာဖမ်းဆီးထားတဲ့ စာရွက်စာတမ်းမဲ့ မြန်မာနိုင်ငံသား ၁၀,၀၀၀ ကျော်အနက်၅,၀၀၀ ခန့်ကိုမြန်မာနိုင်ငံသို့ ပြန်လည်ပို့ဆောင်ဖို့ စီစဉ်နေတယ်ဆိုတဲ့သတင်းကြောင့်ဖမ်းဆီးခံထားရသူတွေနဲ့ အပြင်မှာ ကျန်ရှိနေတဲ့မိသားစုဝင်တွေရဲ့ရင်ကို ပူလောင်စေပြီး၊ လူ့အခွင့်အရေးအဖွဲ့အစည်းတွေအကြား စိုးရိမ်ပူပန်မှုတွေ မြင့်တက်လာ နေပါတယ်။