Connect with us

Hi, what are you looking for?

သတင်း

မလေးရှားနိုင်ငံခြားရေးဝန်ကြီးနှင့် ကုလအထူးအစီရင်ခံစာတင်သွင်းသူတို့ မြန်မာ့အရေးဆွေးနွေး

ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီ၏ အထူးအစီရင်ခံစာတင်သွင်းသူ Tom Andrews သည် မြန်မာစစ်တပ်၏လူ့အခွင့်အရေးချိုးဖောက်မှုများနှင့်ပတ်သက်၍ အစီရင်ခံစာရေးသားရန် မလေးရှားသို့ ရောက်ရှိနေခြင်းဖြစ်သည်။

(မ​လေးရှားနိူင်ငံခြား​ရေးဝန်ကြီးနှင့်မြန်မာနိုင်ငံဆိုင်ရာကုလလူ့အခွင့်​အ​ရေး​ကြေညာစာတမ်းတင်သွင်းသူတို့အတူတစ်ကွ​တွေ့ရစဥ်။ ဓါတ်ပုံ-Saifudden Andullah Facebook)
(မ​လေးရှားနိူင်ငံခြား​ရေးဝန်ကြီးနှင့်မြန်မာနိုင်ငံဆိုင်ရာကုလလူ့အခွင့်​အ​ရေး​ကြေညာစာတမ်းတင်သွင်းသူတို့အတူတစ်ကွ​တွေ့ရစဥ်။ ဓါတ်ပုံ-Saifudden Andullah Facebook)

မလေးရှားနိုင်ငံခြားရေးဝန်ကြီးသည် မြန်မာနိုင်ငံဆိုင်ရာလူ့အခွင့်အရေးအခြေအနေ ကုလသမဂ္ဂ အထူးအစီရင်ခံစာတင်သွင်းသူကို ယနေ့လက်ခံတွေ့ဆုံခဲ့ပြီး နီးကပ်စွာပူးပေါင်းလုပ်ဆောင်ရန် ဆွေးနွေးခဲ့သည်။

ယနေ့အစောပိုင်းတွေ့ဆုံခဲ့မှုတွင် မြန်မာနိုင်ငံ၏နောက်ဆုံးဖြစ်ပေါ်နေသည့်အခြေအနေများကို အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ပြီး သက်ဆိုင်ရာပါဝင်ပတ်သက်သူများနှင့် ထိတွေ့ဆက်ဆံမှု တိုးမြှင့်ရေး နီးစပ်စွာအလုပ်လုပ်ရန် သဘောတူခဲ့ကြောင်း မလေးရှားနိုင်ငံခြားရေးဝန်ကြီး Saifuddin Abdullah က ထုတ်ပြန်သည်။

ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီ၏ အထူးအစီရင်ခံစာတင်သွင်းသူ Tom Andrews သည် မြန်မာစစ်တပ်၏လူ့အခွင့်အရေးချိုးဖောက်မှုများနှင့်ပတ်သက်၍ အစီရင်ခံစာရေးသားရန် မလေးရှားသို့ ရောက်ရှိနေခြင်းဖြစ်သည်။

အထူးအစီရင်ခံစာတင်သွင်းသူ Tom Andrewsသည်မကြာသေးမီကလူ့အခွင့်အရေးကောင်စီသို့ တင်သွင်းသော အစီရင်ခံစာ၌ စစ်အာဏာသိမ်းမှုနောက်ပိုင်းစစ်တပ်၏ရက်စက်ကြမ်းကြုတ်မှုများကြောင့်မြန်မာနိုင်ငံရှိလူငယ်များသည်မျိုးဆက်ပျောက်ဆုံးမည့် အခြေအနေနှင့်ရင် ဆိုင်နေရပြီး ကမ္ဘာ့နိုင်ငံများသည် မြန်မာနိုင်ငံ၏ ကျယ်ပြန့်လာသော နိုင်ငံရေး၊ စီးပွားရေး၊ လူ သားချင်းစာနာမှုအကြပ်အတည်းများကို ချက်ချင်းညီညွတ်စွာဖြေရှင်းဆောင်ရွက်ရန် လိုအပ်ကြောင်း တိုက်တွန်းထားသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

အရှေ့တောင်အာရှ နိုင်ငံများ အစည်းအရုံး (အာဆီယံ)က ခန့်အပ်တဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်က အခုနှစ် နှစ်ကုန်ပိုင်းမှာ မြန်မာနိုင်ငံကို လူသားချင်း စာနာမှု မစ်ရှင်တစ်ခု သွားရောက်မယ်လို့ အတည်ပြု ပြောကြားခဲ့ပါတယ်။

သတင်း

ရခိုင်ပြည်နယ် ပေါက်တောမြို့နယ် ဆင်တက်မော်ကျေးရွာကနေ မလေးရှားကို စက်လှေနဲ့ သွားခဲ့ကြတဲ့ ရိုဟင်ဂျာဒုက္ခသည် ၂၇၀ကျော်ဟာ ပင်လယ်ပြင်အတွင်း ပျောက်ဆုံးနေပြီး အခုထိ အဆက်အသွယ်မရသေးဘူးလို့ ဒေသခံရိုဟင်ဂျာတွေက ပြောပါတယ်။

သတင်း

အာဆီယံရဲ့ ဘုံသဘောတူညီချက်တိုင်းကို အမြဲမပြတ်ပူးပေါင်းလုပ်ဆောင်သွားမယ်လို့ ဆို

သတင်း

ထိုင်းနဲ့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးတွေ တွေ့ဆုံရာမှာ မြန်မာ့နိုင်ငံရေး အကျပ်အတည်းကိုပါ ထည့်သွင်း ဆွေးနွေးခဲ့ကြောင်း သိရပါတယ်။