Connect with us

Hi, what are you looking for?

သတင်း

မလေးရှားနိုင်ငံခြားရေးဝန်ကြီးနှင့် ကုလအထူးအစီရင်ခံစာတင်သွင်းသူတို့ မြန်မာ့အရေးဆွေးနွေး

ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီ၏ အထူးအစီရင်ခံစာတင်သွင်းသူ Tom Andrews သည် မြန်မာစစ်တပ်၏လူ့အခွင့်အရေးချိုးဖောက်မှုများနှင့်ပတ်သက်၍ အစီရင်ခံစာရေးသားရန် မလေးရှားသို့ ရောက်ရှိနေခြင်းဖြစ်သည်။

(မ​လေးရှားနိူင်ငံခြား​ရေးဝန်ကြီးနှင့်မြန်မာနိုင်ငံဆိုင်ရာကုလလူ့အခွင့်​အ​ရေး​ကြေညာစာတမ်းတင်သွင်းသူတို့အတူတစ်ကွ​တွေ့ရစဥ်။ ဓါတ်ပုံ-Saifudden Andullah Facebook)
(မ​လေးရှားနိူင်ငံခြား​ရေးဝန်ကြီးနှင့်မြန်မာနိုင်ငံဆိုင်ရာကုလလူ့အခွင့်​အ​ရေး​ကြေညာစာတမ်းတင်သွင်းသူတို့အတူတစ်ကွ​တွေ့ရစဥ်။ ဓါတ်ပုံ-Saifudden Andullah Facebook)

မလေးရှားနိုင်ငံခြားရေးဝန်ကြီးသည် မြန်မာနိုင်ငံဆိုင်ရာလူ့အခွင့်အရေးအခြေအနေ ကုလသမဂ္ဂ အထူးအစီရင်ခံစာတင်သွင်းသူကို ယနေ့လက်ခံတွေ့ဆုံခဲ့ပြီး နီးကပ်စွာပူးပေါင်းလုပ်ဆောင်ရန် ဆွေးနွေးခဲ့သည်။

ယနေ့အစောပိုင်းတွေ့ဆုံခဲ့မှုတွင် မြန်မာနိုင်ငံ၏နောက်ဆုံးဖြစ်ပေါ်နေသည့်အခြေအနေများကို အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ပြီး သက်ဆိုင်ရာပါဝင်ပတ်သက်သူများနှင့် ထိတွေ့ဆက်ဆံမှု တိုးမြှင့်ရေး နီးစပ်စွာအလုပ်လုပ်ရန် သဘောတူခဲ့ကြောင်း မလေးရှားနိုင်ငံခြားရေးဝန်ကြီး Saifuddin Abdullah က ထုတ်ပြန်သည်။

ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီ၏ အထူးအစီရင်ခံစာတင်သွင်းသူ Tom Andrews သည် မြန်မာစစ်တပ်၏လူ့အခွင့်အရေးချိုးဖောက်မှုများနှင့်ပတ်သက်၍ အစီရင်ခံစာရေးသားရန် မလေးရှားသို့ ရောက်ရှိနေခြင်းဖြစ်သည်။

အထူးအစီရင်ခံစာတင်သွင်းသူ Tom Andrewsသည်မကြာသေးမီကလူ့အခွင့်အရေးကောင်စီသို့ တင်သွင်းသော အစီရင်ခံစာ၌ စစ်အာဏာသိမ်းမှုနောက်ပိုင်းစစ်တပ်၏ရက်စက်ကြမ်းကြုတ်မှုများကြောင့်မြန်မာနိုင်ငံရှိလူငယ်များသည်မျိုးဆက်ပျောက်ဆုံးမည့် အခြေအနေနှင့်ရင် ဆိုင်နေရပြီး ကမ္ဘာ့နိုင်ငံများသည် မြန်မာနိုင်ငံ၏ ကျယ်ပြန့်လာသော နိုင်ငံရေး၊ စီးပွားရေး၊ လူ သားချင်းစာနာမှုအကြပ်အတည်းများကို ချက်ချင်းညီညွတ်စွာဖြေရှင်းဆောင်ရွက်ရန် လိုအပ်ကြောင်း တိုက်တွန်းထားသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

ငလျင်ဘေးဒဏ်သင့် စစ်ကိုင်းတိုင်းအတွင်းရှိ ဒီပဲယင်းမြို့နယ် စာသင်ကျောင်းတစ်ကျောင်း လေကြောင်းတိုက်ခိုက်မှုအပေါ် အလွန်အမင်းစိုးရိမ်တယ်လို့ ကုလသမဂ္ဂအထွေထွေအတွင်း ရေးမှူးချုပ် အန်တိုနီယိုဂူတာရက်စ်က မနေ့က ပြောပါတယ်။

သတင်း

တောင်ကိုရီးယားနိုင်ငံ၊ ဆိုးလ်မြို့တွင် ပြည်ပရောက် မြန်မာများ စုပေါင်း၍ မြန်မာ့အရေးဝင်ရောက်စွက်ဖက်ခြယ်လှယ်နေသည့် တရုတ် အစိုးရကို ဆန့်ကျင်ကန့်ကွက်သည့် ဆန္ဒပြပွဲကို ယနေ့ (မေလ ၃) ပြုလုပ်ခဲ့သည်။

သတင်း

တရုတ်အစိုးရက မြန်မာ့အရေးနှင့်ပတ်သက်၍ ကြားဝင်ဖျန်ဖြေမှုများသည် စစ်အာဏာရှင်စနစ် သက်ဆိုးရှည်ရေး မဖြစ်စေသင့်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ယာယီသမ္မတက ပြောကြားခဲ့ပြီး တရုတ်အစိုးရ၏ NUG အပေါ် ထင်ကြေးအမျိုးမျိုး ချဉ်းကပ်နေမှုအပေါ် ကိုင်တွယ်ဖြေရှင်းရန်လိုကြောင်း အစိုးရ အဖွဲ့ဝင်များကို မှာကြားခဲ့သည်။

အတွေးအမြင်

လားရှိုးကိစ္စဟာ မြန်မာ့ ပြည်တွင်းစစ်မှာ တရုတ်ကခိုးကြောင်ခိုးဝှက်မဟုတ်ဘဲ ပေါ်ပေါ်ထင်ထင် ကြားဝင်စွက်ဖက်ခဲ့တဲ့၊ ပြီးတော့ သက်ရောက်မှု ကြီးမားတဲ့ အရွေတစ်ခုဖြစ်ပါတယ်။