Connect with us

Hi, what are you looking for?

News

ကျန်းမာရေးအခြေအနေကြောင့် ဒေါ်အောင်ဆန်းစုကြည်ရဲ့အမှုကို မစစ်ဆေးနိုင်

အသက် ၇၆ နှစ်အရွယ် ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီနေ့မနက်ပိုင်းမှ နေမကောင်းတာဖြစ်ပြီး ကိုဗစ်-၁၉ ဖြစ်တာ မဟုတ်ဘူးလို့ ဦးခင်မောင်ဇော်က ရှင်းပြပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျန်းမာရေးအခြေအနေကြောင့် နေပြည်တော်မှာ ဒီနေ့ စစ်ဆေးမယ့်ရုံးချိန်းကို ခွင့်တိုင်လိုက်တယ်လို့ ရှေ့နေဦးခင်မောင်ဇော်က ပြောပါတယ်။

အသက် ၇၆ နှစ်အရွယ် ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီနေ့မနက်ပိုင်းမှ နေမကောင်းတာဖြစ်ပြီး ကိုဗစ်-၁၉ ဖြစ်တာ မဟုတ်ဘူးလို့ ဦးခင်မောင်ဇော်က ရှင်းပြပါတယ်။

“ကားတောက်တယ်ပြောတယ်။ ခေါင်းတွေ မူးနေတယ်တဲ့။ မနက်ဖြန်တော့ လာမယ်ပြောတယ်။ ကောင်းမှာပါတဲ့”လို့ သူက ဆက်ပြောပါတယ်။

အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ဟာ နေပြည် တော်အထူးတရာရုံးမှာ အမှု ၆ မှုနဲ့ တရားစွဲဆိုခံထားရပြီး အပတ်စဉ် တနင်္လာနဲ့ အင်္ဂါနေ့တွေမှာ စစ်ဆေးကြားနာနေတာဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

ဒါပေမဲ့ အကြမ်းဖက်စစ်ကောင်စီဟာ ကိုဗစ်အကြောင်း ပြပြီး အမှုတွေကို ဆက်လက်မစစ်ဆေးတာကြောင့် ပြီးခဲ့တဲ့ နှစ်လကျော်အတွင်း ရုံးထုတ်စစ်ဆေးခြင်းမရှိသလို ဒေါ်အောင်ဆန်းစုကြည်နဲ့ သူ့ရှေ့နေတွေလည်း တွေ့ခွင့်မရရှိခဲ့ ပါဘူး။

ဆက်စပ်သတင်းများ

သတင်း

နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) သွားရောက်တွေ့ဆုံခဲ့မှုအပေါ် လှိုက်လှဲစွာကြိုဆိုကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG)က ဒီကနေ့ ဩဂုတ် ၄ရက်မှာ ထုတ်ပြန်ပါတယ်။

ဆောင်းပါး

“နိုင်ငံတစ်နိုင်ငံရဲ့ အမှန်တကယ်အခြေအနေကို သိချင်ရင် အဲဒီနိုင်ငံရဲ့ ထောင်တွေထဲကို ဝင်ကြည့်ရမယ်”

သတင်း

နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ(ICRC)ရဲ့ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ်တို့ ဩဂုတ် ၃ရက် တွေ့ဆုံမှုကို ကြိုဆိုကြောင်းနဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသားအားလုံး ခြွင်းချက်မရှိ အပြည့်အ၀ ပြန်လွှတ်ပေးရန် တောင်းဆိုချက်ကို ထပ်လောင်းအတည်ပြုတယ်လို့ ဥရောပသမဂ္ဂက ထုတ်ပြန်ပါတယ်။

သတင်း

​ဒေါ်​အောင်ဆန်းစုကြည် နဲ့ ICRC ​တွေ့ဆုံမှုဟာသူမအသက်ရှင်လျက်ရှိ​ကြောင်းအတည်ပြုနိုင်တဲ့သက်​သေအ​ထောက်အထား​ဖြစ်​ပေမယ့် ထိုလုပ်ရပ်တစ်ခုတည်းဖြင့်မလုံ​လောက်ဘဲ ​ဒေါ်​အောင်ဆန်းစုကြည်အပါအဝင် မတရား ဖမ်းဆီးခံထားရသူ​တွေအားလုံးကို ချက်ချင်းပြန်လွှတ်​ပေးရန် ဗြိတိန် အစိုးရကဒီက​​နေ့ ထပ်မံ​တောင်းဆိုလိုက်ပါတယ် ။