Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အရင်းနှီးဆုံး မိတ်ဆွေတွေလို့ ရှီကျင့်ဖျင်နဲ့ ပူတင် အပြန်အလှန် ညွှန်းဆို

အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး အန်တိုနီ ဘလင်ကန်ကတော့ ကျူးကျော်စစ်ကြောင့် နိုင်ငံတကာ အော့ကြောလန်ဘဝ ရောက်နေတဲ့ ပူတင်ကို သံတမန်ရေးအရ တရုတ်အစိုးရက အကာအကွယ် ပေးနေတယ်ဆိုတာ ဒီခရီးစဉ်က ပေါ်လွင် မြင်သာစေကြောင်း ဝေဖန် ပြောကြားထားပါတယ်။

အရင်းနှီးဆုံး မိတ်ဆွေတွေလို့ ရှီကျင့်ဖျင်နဲ့ ပူတင် အပြန်အလှန် ညွှန်းဆို

မော်စကိုမြို့ကို တရုတ် သမ္မတ ရှီကျင့်ဖျင် ရောက်ရှိနေတဲ့ အတောအတွင်း ရုရှားသမ္မတ ဗလာဒီမာ ပူတင်နဲ့ နှစ်နိုင်ငံ မဟာဗျူဟာရေးရာ ပူးပေါင်း ဆောင်ရွက်မှုတွေကို ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးသွားမယ်လို့ ဆိုပါတယ်။

ယူကရိန်း စစ်ပွဲမှာ စစ်ရာဇဝတ်မှုတွေ ကျူးလွန်ခဲ့တာကြောင့် ပူတင်ကို နိုင်ငံတကာ ရာဇဝတ်ခုံရုံး (ICC)က ဖမ်းဝရမ်းထုတ်ပြီး ရက်ပိုင်း အကြာမှာ ရှီက မော်စကိုမြို့ဆီ ၃ ရက်ကြာ အလည်အပတ် ခရီးစဉ် ရောက်ရှိခဲ့တာ ဖြစ်ပါတယ်။ မတ် ၂၀ က ကရင်မလင် နန်းတော်မှာ ရှီကို ပူတင်က တခမ်းတနား ဧည့်ခံခဲ့တဲ့နောက် နိုင်ငံခေါင်းဆောင် နှစ်ဦးက အချင်းချင်း အရင်းနှီးဆုံး မိတ်ဆွေတွေအဖြစ် သတင်းထောက်တွေ ရှေ့မှောက်မှာ အပြန်အလှန် ညွှန်းဆိုခဲ့ကြပါတယ်။

ပူတင်နဲ့ ရှီတို့ တွေ့ဆုံမှုရဲ့ ပထမဆုံး နာရီပိုင်းတွေဟာ နှစ်နိုင်ငံ အရေးထက် ရုရှားက ယူကရိန်းကို လက်ရှိ ကျူးကျော် တိုက်ခိုက်နေတဲ့ စစ်ပွဲကို အဓိက ဗဟိုပြုခဲ့ပါတယ်။ အဲဒီ စစ်ပွဲကြောင့် လူတွေ ထောင်သောင်းချီ သေကြေ ပျက်စီးနေသလို ခေတ်သစ် ကမ္ဘာ့သမိုင်းမှာ အဆိုးဆုံး စာရင်းဝင် လူသားရေးရာ ကျပ်တည်းမှု ဒုက္ခတွေပါ ပေါ်ပေါက်လာစေခဲ့ပါတယ်။

ရှီက စစ်ပွဲ ရပ်ဆိုင်းရေးအတွက် အချက် ၁၂ ခုပါရှိတဲ့ ကြားဝင် ညှိနှိုင်းရေး အဆိုပြုချက် တစ်ခုကို ပြီးခဲ့တဲ့လက ထုတ်ပြန် ကြေညာခဲ့ပြီး သူတို့နှစ်ဦး လူချင်းတွေ့ချိန်မှာတော့ ပူတင်က တရုတ်ရဲ့ ကြားဝင် ဖြေရှင်းပေးမယ့် ကိစ္စကို လိုလား လက်ခံတယ်လို့ အသိပေးခဲ့ကြောင်းလည်း သိရပါတယ်။

Public Service Announcement

Public Service Announcement

ဒါပေမဲ့ အမေရိကန်ကတော့ တရုတ်က ညှိနှိုင်းပေးမယ့် စစ်ပွဲရပ်ဆိုင်းရေး ဆိုတာဟာ တရုတ်နဲ့ ရုရှားတို့ အပေးအယူလုပ်ထားတဲ့ ရုရှားရဲ့ အခင်းအကျင်း တစ်ခုထက် မပိုနိုင်ဘူးလို့ ဝေဖန်ထားပါတယ်။

ရှီရဲ့ မော်စကိုခရီးစဉ် ပထမဆုံးနေ့ တွေ့ဆုံမှုအတွင်း နှစ်နိုင်ငံ ခေါင်းဆောင်တွေ ဆွေးနွေးမှုဟာ ၄ နာရီခွဲလောက် ကြာမြင့်ခဲ့တယ်လို့ ရုရှား အစိုးရ မီဒီယာတွေက ဖော်ပြခဲ့ပါတယ်။ မော်စကိုမှာ ရှီဆက်ရှိနေတဲ့ ကာလအတွင်း နှစ်နိုင်ငံ ခေါင်းဆောင်တွေကြား ညှိနှိုင်းဆွေးနွေးမှုတွေ ဆက်လက် လုပ်ဆောင်နေဦးမှာပါ။

တရုတ် အစိုးရပိုင် ရှင်ဟွာ သတင်းဌာနကလည်း ယူကရိန်း ပဋိပက္ခနဲ့ ပတ်သက်လို့ ပူတင်နဲ့ ရှီတို့ဟာ လေးလေးနက်နက် အမြင်ဖလှယ် ဆွေးနွေးမှုတွေ ရှိခဲ့တယ်လို့ ဖော်ပြခဲ့ပါတယ်။ တရုတ် အစိုးရ မီဒီယာတွေက ရှီရဲ့ မော်စကို ခရီးစဉ်ဟာ ခင်မင်မှု၊ ပူးပေါင်းဆောင်ရွက်မှုနဲ့ ငြိမ်းချမ်းမှုတွေကို တွန်းအားပေးတဲ့ ခရီးစဉ်လို့ ရည်ညွှန်း သုံးနှုန်းထားခဲ့ပါတယ်။

အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး အန်တိုနီ ဘလင်ကန်ကတော့ ကျူးကျော်စစ်ကြောင့် နိုင်ငံတကာ အော့ကြောလန်ဘဝ ရောက်နေတဲ့ ပူတင်ကို သံတမန်ရေးအရ တရုတ်အစိုးရက အကာအကွယ် ပေးနေတယ်ဆိုတာ ဒီခရီးစဉ်က ပေါ်လွင် မြင်သာစေကြောင်း ဝေဖန် ပြောကြားထားပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

လူစည်ကားရာ အပန်း‌ဖြေ ကမ်းခြေတစ်ခုကို ယူကရိန်းက ဒရန်းနဲ့ တိုက်ခိုက်လို့ ကလေးတွေ အပါအဝင် လူ ၇ ဦး သေဆုံးခဲ့ကြောင်း ရုရှားရဲ့ ဒေသဆိုင်ရာ အာဏာပိုင်တွေက စွပ်စွဲ ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

ရုရှား ဒရုန်းတစ်စီး နယ်ကျော် ဝင်ရောက်လာလို့ ရိုမေးနီးယားက တိုက်လေယာဉ်တွေ စေလွှတ်ပြီး ပစ်ချခဲ့ကြောင်း သိရပါတယ်။

သုံးသပ်ဆောင်းပါး

တရုတ်ရဲ့ စစ်ရေးလှုပ်ရှားမှုတွေကို ဒီနှစ်ပိုင်းအတွင်း သေချာစောင့်ကြည့်မယ်ဆိုရင် စစ်ရေးအင်အားကို ပြသရုံတင်မဟုတ်ဘဲ အာရှဒေသမှာ အမေရိကန်ရဲ့ ကာကွယ်ရေးစည်း (Defence Lines)ဘယ်လောက်ထိခိုင်မာနေသေးသလဲ၊ အမေရိကန်ကသူ့မဟာမိတ်တွေဘက်က တကယ်ရပ်တည် ပေးမလားဆိုတာကို တစ်ဆင့်ပြီးတစ်ဆင့် စမ်းသပ်နေတဲ့ ပုံစံပါပဲ။

နိုင်ငံတကာ

ရုရှားနိုင်ငံ၊ မော်စကို မြို့တော်မှာ လက်လုပ်ဗုံးတစ်လုံး ပေါက်ကွဲမှုကြောင့် လူ ၃ ဦး သေဆုံးပြီး ၂၁ ဦး ဒဏ်ရာရခဲ့ကြောင်း သိရပါတယ်။