Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အနောက်နိုင်ငံတွေက ကာကွယ်ဆေးတွေ တင်သွင်းဖို့ ရှီကျင့်ဖျင် တွန့်ဆုတ်နေဆဲလို့ဆို

ဒါပေမဲ့ အမေရိကန်နဲ့ အနောက်နိုင်ငံတွေက ထုတ်လုပ်တဲ့ ဆေးဝါးတွေကို တရုတ်က အားကိုးရပါတယ်ဆိုရင် သူ့အတွက် အကြီးအကျယ် သိက္ခာ ကျစေလိမ့်မယ်လို့ ရှီက ခေါင်းမာမာနဲ့ ယူဆထားဆဲလို့လည်း ဟိန်းစ်က မှတ်ချက် ပေးသွားပါတယ်။

အနောက်နိုင်ငံတွေက ကာကွယ်ဆေးတွေ တင်သွင်းဖို့ ရှီကျင့်ဖျင် တွန့်ဆုတ်နေဆဲလို့ဆို
အနောက်နိုင်ငံတွေက ကာကွယ်ဆေးတွေ တင်သွင်းဖို့ ရှီကျင့်ဖျင် တွန့်ဆုတ်နေဆဲလို့ဆို

ပြည်တွင်းမှာ တောင်းဆိုမှုတွေ ပိုမိုအားကောင်းလာတဲ့တိုင် အနောက်နိုင်ငံတွေက ထုတ်လုပ်တဲ့ ကိုဗစ် ကာကွယ်ဆေးတွေကို တင်သွင်းဖို့ တရုတ်သမ္မတ ရှီကျင့်ဖျင်က ဆန္ဒမရှိဘဲ ဖြစ်နေဆဲလို့ ဆိုပါတယ်။

ရှီဟာ အမေရိကန် အပါအဝင် အနောက်နိုင်ငံတွေက ထုတ်လုပ်တဲ့ ကာကွယ်ဆေးတွေကို ပြည်တွင်းမှာ အသုံးပြုခွင့် ပေးလိုက်ခြင်းဟာ သူ့ရဲ့ အရှိန်အဝါကို ကျဆင်းစေတယ်လို့ ယုံကြည် ယူဆနေဟန်ရှိကြောင်း အမေရိကန် အမျိုးသား ထောက်လှမ်းရေးဌာနရဲ့ ဒါရိုက်တာ အေဗရယ်လ်ဟိန်းစ်က ပြောပါတယ်။

တရုတ် အစိုးရရဲ့ ကိုဗစ်ရောဂါ ထိန်းချုပ်ရေးဆိုင်ရာ တင်းကျပ်တဲ့ ဇီးရိုးကိုဗစ် စည်းမျဉ်းတွေကို ပြည်တွင်းမှာ ဆန္ဒပြ ဆန့်ကျင်မှုတွေ ဖြစ်ပေါ်ခဲ့ချိန်မှာ ဆန္ဒပြသူတွေ တောင်းဆိုတဲ့ အချက်တစ်ခုအဖြစ် ပြည်ပက ကာကွယ်ဆေးတွေ တင်သွင်းဖို့လည်း ပါဝင်ခဲ့ပါတယ်။ တရုတ်မှာ ပြည်တွင်းဖြစ် ကိုဗစ် ကာကွယ်ဆေးတွေကို ထုတ်လုပ်ပြီး ပြည်သူလူထုကို ထိုးနှံပေးနေပေမယ့် အမေရိကန်လုပ် mRNA နည်းပညာသုံး ဆေးဝါးတွေလောက် အာနိသင် ထက်မြက်မှု မရှိကြောင်း ဝေဖန် ခံနေရပါတယ်။

တရုတ်ဟာ ဇီးရိုးကိုဗစ် စည်းမျဉ်းနဲ့ ကြပ်မတ် ကိုင်တွယ်မှုကြောင့် ပြည်သူတွေအတွက် ဘက်ပေါင်းစုံ အထိနာစရာတွေ ရှိနေပေမယ့် ပြည်တွင်း ကူးစက်နှုန်းကတော့ တိုးသထက် တိုးလာနေတာကြောင့်လည်း အစိုးရ မူဝါဒတွေ အလုပ်မဖြစ်နိုင်ကြောင်း ဝေဖန်မှုတွေ ပိုမို မြင့်တက်လာနေပါတယ်။

Public Service Announcement

Public Service Announcement

ဟိန်းစ်ကတော့ ရှီဟာ ဇီးရိုးကိုဗစ် မူဝါဒကြောင့် ကြုံတွေ့နေရတဲ့ လူမှုရေး၊ စီးပွားရေး ကျပ်တည်းမှုတွေ ရှိနေမှန်း သိသိကြီးနဲ့ အနောက်နိုင်ငံတွေက ကာကွယ်ဆေးတွေ တင်သွင်းမယ့် ကိစ္စကို ငြင်းဆန်နေဆဲလို့ ဆိုပါတယ်။ တရုတ်က ထုတ်လုပ်တဲ့ ကာကွယ်ဆေးတွေဟာ နောက်ဆုံးမျိုးဆက် ကိုရိုနာဗိုင်းရပ်စ်ဖြစ်တဲ့ Omicronကို တားဆီးကာကွယ်နိုင်စွမ်း လုံးဝနီးပါး မရှိတော့တဲ့ထိ အာနိသင် ကင်းမဲ့လာတယ်လို့လည်း ဟိန်းစ်က ပြောပါတယ်။

ဒါပေမဲ့ အမေရိကန်နဲ့ အနောက်နိုင်ငံတွေက ထုတ်လုပ်တဲ့ ဆေးဝါးတွေကို တရုတ်က အားကိုးရပါတယ်ဆိုရင် သူ့အတွက် အကြီးအကျယ် သိက္ခာ ကျစေလိမ့်မယ်လို့ ရှီက ခေါင်းမာမာနဲ့ ယူဆထားဆဲလို့လည်း ဟိန်းစ်က မှတ်ချက် ပေးသွားပါတယ်။

တရုတ်ဟာ Omicron မျိုးကွဲ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုတွေကိုပါ တားဆီးနိုင်မယ့် မျိုးဆက်သစ် ကိုဗစ် ကာကွယ်ဆေးတွေ ထုတ်လုပ်ဖို့ ကြိုးစားနေပေမယ့် အောင်မြင်မှုတွေ ဝေးကွာနေဆဲပါ။

အိမ်ဖြူတော်ကလည်း တရုတ် အစိုးရဟာ ကာကွယ်ဆေးတွေ ဝယ်ယူလိုကြောင်း ဆက်သွယ် စုံစမ်းလာမှု လုံးဝ မရှိသေးကြောင်း အတည်ပြုထားပါတယ်။ ပြီးတော့ လတ်တလောမှာ ဆေးတွေ မှာယူတင်သွင်းဖို့ တရုတ်က ကမ်းလှမ်းမယ့် အရိပ်လက္ခဏာလည်း မတွေ့ရဘူးလို့ အမေရိကန် အစိုးရ အရာရှိတွေက မှတ်ချက် ပေးထားကြပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်နဲ့ တွေ့ဆုံချိန်မှာ တရုတ် သမ္မတ ရှီကျင့်ဖျင်ဟာ ဂျပန်ဝန်ကြီးချုပ်နဲ့ ပတ်သက်လို့ တင်းမာတဲ့ သဘောထားမျိုးနဲ့ ဝေဖန်ပြစ်တင်တာတွေ ရှိခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

နှစ်ကုန်ပိုင်းလောက်မှာ အမေရိကန်ကို တရုတ်သမ္မတ ရှီကျင့်ဖျင် လာရောက် လည်ပတ်နိုင်ခြေရှိကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

ကုလသမဂ္ဂကို ဗဟိုပြုထားတဲ့ လက်ရှိ နိုင်ငံတကာ ချိတ်ဆက်ဆောင်ရွက်မှု အခင်းအကျင်းကိုပဲ ဆက်လက် လေးစား အသိအမှတ် ပြုသွားမယ်လို့ တရုတ် သမ္မတ ရှီကျင့်ဖျင်က ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

ပြီးခဲ့တဲ့နှစ်အတွင်း ကမ္ဘာပေါ်မှာ ကလေးဦးရေ ၁၄ သန်းကျော်ဟာ ဘာကာကွယ်ဆေး တစ်မျိုးမှ မထိုးဖူးတဲ့ အခြေအနေမျိုး ကြုံတွေ့ခဲ့ရကြောင်း သိရပါတယ်။