Connect with us

Hi, what are you looking for?

News

စစ်ကောင်စီတပ် ထိုးစစ်ဆင်လာ၍ တစ်ရက်တည်း တိုက်ပွဲလေးကြိမ်ဖြစ်ဟု MNDAA ထုတ်ပြန်

လတ်တလောတွင် စစ်ကောင်စီတပ်က MNDAA အပေါ်ထိုးစစ်ဆင်တိုက်ခိုက်ရာ၌ ကိုးကန့်နှင့် မုံးကိုး ဒေသနှစ်ခုလုံးတွင်တစ်ပြိုင်နက်တည်းလုပ်ဆောင်နေကြောင်း ထုတ် ပြန်သည်။ ကိုးကန့်မြောက်ပိုင်းဒေသများသို့ အင်အားအလုံးအရင်း ဖြည့်တင်းနေသည်ဟုဆိုသည်။

စစ်ကောင်စီတပ်က ထိုးစစ်ဆင်လာ၍ မုံးကိုးဒေသ၌ တစ်ရက်တည်း တိုက်ပွဲ ၄ကြိမ်ဖြစ်ပွားခဲ့ကြောင်း ကိုးကန့်လက်နက်ကိုင်အဖွဲ့(MNDAA)က သတင်းထုတ်ပြန် သည်။

စက်တင်ဘာ ၁၇ရက် ညပိုင်းက မုံးကိုးခရိုင် ဖောင်းဆိုင်ဒေသရှိ စစ်ကောင်စီတပ်က MNDAA တပ်စခန်း များကို လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး စက်တင်ဘာ ၁၈ရက်တွင် မုံးကိုးခရိုင်၊ ဟေးမုံးလုံ ဒေသသို့ လှုပ်ရှားလာကာ MNDAA အပေါ် လေးကြိမ်တိုင်တိုင် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

စစ်ကောင်စီနှင့် MNDAA တို့သည် ပန်ဆိုင်းအနီး နန်ဟူသံမဏိ စက်ရုံ၌ တိုက်ပွဲ စတင်ခဲ့ပြီး နန်ဆူး- လော်ကူ လမ်းကြား၊ နန်ဆူး- လှိုင်ကျုံးလမ်းကြား နှင့် ကုန်းရှိထီး- စော်ထန်ဟဲ ကြားတွင် တိုက်ပွဲများပြင်းပြင်းထန်ထန်ဖြစ်ခဲ့သည်ဟု ဖော်ပြထားသည်။တိုက်ပွဲတွင် နှစ်ဖက်ထိခိုက်ကျဆုံးမှု အခြေအနေများကို ဖော်ပြမထားပေ။

လတ်တလောတွင် စစ်ကောင်စီတပ်က MNDAA အပေါ်ထိုးစစ်ဆင်တိုက်ခိုက်ရာ၌ ကိုးကန့်နှင့် မုံးကိုး ဒေသနှစ်ခုလုံးတွင်တစ်ပြိုင်နက်တည်းလုပ်ဆောင်နေကြောင်း ထုတ် ပြန်သည်။ ကိုးကန့်မြောက်ပိုင်းဒေသများသို့ အင်အားအလုံးအရင်း ဖြည့်တင်းနေသည်ဟုဆိုသည်။

Public Service Announcement

Public Service Announcement

စက်တင်ဘာ၁၇ရက်တွင် တပ်သားအပြည့် သယ်ဆောင်လာသော စစ်ကောင်စီ၏ ယဉ်တန်း(၁၅)စီးမှာ လောက်ကိုင်မှ တာရွှေတန်သို့ ချီတက်လာပြီး စက်တင်ဘာ ၁၈ ရက်တွင် ရှင်းဖျင်ကျဲသို့ ရောက်ရှိလာသည်ဟု ဖော်ပြထားသည်။ ရှင်းဖျင်ကျဲသည် ကိုးကန့် ခရိုင်၊ သံလွင်မြစ်အနီး ၊ ရှင်း၀မ်ဒေသတွင် တည်ရှိပြီး စစ်ကောင်စီတပ်တို့ အခြေချသည့် လုံးကန်ကြောင်၊ ဟဲရှန်း နှင့် လုံးခန်တို့နှင့် အလွန်နီးစပ်ကြောင်းလည်းဖော်ပြသည်။

ကိုးကန့်တပ်ဖွဲ့ MNDAAနှင့် စစ်ကောင်စီတပ်တို့သည် ဇွန်လက ကွတ်ခိုင်မြို့နယ်၌ တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီး ဇူလိုင်လဆန်းမှစ၍ မုံးကိုးဒေသ၌ တိုက်ပွဲများ မကြာ ခဏ ဖြစ်ပွားခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်နီပြည်နယ်၊ မိုးဗြဲ -နန်းမယ်ခုံမြို့ကြား နဲ့ ဒီးမော့ဆိုမြို့အနီးမှာ တိုက်ပွဲတွေဖြစ်နေတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ နတ်တလင်းမြို့နယ်တိုက်ပွဲအတွင်း စစ်တပ်တပ်ဖွဲ့ဝင် ၆ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီး သေဆုံးမှုတွေလည်းရှိတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်ပဲခူးတိုင်းစစ်ဌာန၊ အမှတ် (၂၂) ဗျူဟာလက်အောက်မှာရှိတဲ့ သာယာဝတီခရိုင် တပ်ရင်း (၁)က ဇွန်လ ၁၇ ရက်မှာ ထုတ်ပြန်ပါတယ်။

သတင်း

ကချင်ပြည်နယ် ရွှေကူမြို့နယ်မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်နဲ့ စစ်တပ်အကြား တိုက်ပွဲတွေ နေ့စဉ် ပြင်းထန်နေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

သတင်း

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က အင်အားတွေ ဖြည့်တင်းထားလို့ တိုက်ပွဲတွေ ဖြစ်ပွားနိုင်ကြောင်း ချင်းအမျိုးသားတပ်မတော်(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။