Connect with us

Hi, what are you looking for?

သတင်း

ဖားကန့်တွင် မွန်းမံသင်တန်း၌ လက်နက်တပ်ဆင်နည်းလမ်းသင်ယူခဲ့သော ပညာရေးဝန်ထမ်း ၂၃ဦးအား KIA၊PDF ဖမ်းဆီးသတိပေးပြီးနောက် ပြန်လွှတ်ပေး

စစ်ကောင်စီလက်အောက်ခံ ပညာရေးဝန်ထမ်း ဆရာမ ၂၁ဦးနှင့် ဆရာ ၂ဦးကို ဖားကန့်မြို့ ဝေခါရွာ ညောင်ထောက်ဂိတ်တွင် KIA၊PDF ပူးပေါင်းအဖွဲ့က ယနေ့ (ဧပြီ ၁ရက်) နေ့လည် ၁၂နာရီခန့်တွင် ဖမ်းဆီးထိန်းသိမ်းလိုက်ခြင်းဖြစ်သည်။

ဖားကန့်တွင် မွန်းမံသင်တန်း၌ လက်နက်တပ်ဆင်နည်းလမ်းသင်ယူခဲ့သော ပညာရေးဝန်ထမ်း ၂၃ဦးအား KIA၊PDF ဖမ်းဆီးသတိပေးပြီးနောက် ပြန်လွှတ်ပေး
ဖားကန့်တွင် မွန်းမံသင်တန်း၌ လက်နက်တပ်ဆင်နည်းလမ်းသင်ယူခဲ့သော ပညာရေးဝန်ထမ်း ၂၃ဦးအား KIA၊PDF ဖမ်းဆီးသတိပေးပြီးနောက် ပြန်လွှတ်ပေး

ကချင်ပြည်နယ် ဖားကန့်မြို့တွင် ပညာရေးမွန်းမံသင်တန်း၌ စစ်ကောင်စီထံမှ လက်နက်တပ်ဆင်ဖြုတ်သိမ်းသည့် နည်းလမ်းများ လက်ခံသင်ယူခဲ့သော ပညာရေးဝန်ထမ်း၂၃ဦးအား ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊PDF ပူးပေါင်းအဖွဲ့က ယနေ့ ဖမ်းဆီးသတိပေးပြီးနောက် နေ့ချင်း ပြန်လွှတ်ပေးခဲ့သည်။

စစ်ကောင်စီလက်အောက်ခံ ပညာရေးဝန်ထမ်း ဆရာမ ၂၁ဦးနှင့် ဆရာ ၂ဦးကို ဖားကန့်မြို့ ဝေခါရွာ ညောင်ထောက်ဂိတ်တွင် KIA၊PDF ပူးပေါင်းအဖွဲ့က ယနေ့ (ဧပြီ ၁ရက်) နေ့လည် ၁၂နာရီခန့်တွင် ဖမ်းဆီးထိန်းသိမ်းလိုက်ခြင်းဖြစ်သည်။

” သူတို့က ဖားကန့် အထက ကျောင်းမှာ မွန်းမံသင်တန်းလာတက်တာ။ အဲ့ဒီမှာ ကလက်နက်တပ်ဆင်ဖြုတ်သိမ်းတာတွေ သင်ခဲ့ကြတယ်။သတင်းအတိအကျရလို့ ဖမ်းတာပါ။ သတိပေးပြီး ပြန်လွှတ် လိုက်ပါတယ်”ဟု ဖားကန့် PDF ထောက်ပို့ရဲဘော်တစ်ဦးက People’s Spring သို့ ပြောသည်။

ဖားကန့်မြို့နယ်မှ စစ်ကောင်စီ လက်အောက်ခံပညာရေးဝန်ထမ်းများသည် ပညာရေး မွန်းမံသင်တန်းကို မတ်လ ၂၈ရက်မှ မတ်လ ၃၁ရက်အထိ တက်ရောက်ခဲ့ကြခြင်းဖြစ်သည်။ ယင်းသင်တန်းတွင် ကလက်နက်တပ်ဆင်ဖြုတ်သိမ်းသည့် နည်းလမ်းများကို သေနတ်အစစ်များဖြင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များက သင်ကြားခဲ့သည်ဟုသတင်းရရှိသည်။

Public Service Announcement

Public Service Announcement

” ၃နာရီလောက် ဖမ်းထားပြီး မေးစရာရှိတာမေးခဲ့တယ်။တစ်ဦးချင်း မှတ်တမ်းတွေယူထားတယ်။ စစ်ကောင်စီအလိုကျဆက်လုပ်နေရင် တစ်ဦးချင်း ဓာတ်ပုံ‌တွေနဲ့ နေရပ်လိပ်စာတွေကို ဖွင့်ချမယ်။ လိုအပ်သလို အရေးယူသွားမယ်” ဟု ဖားကန့်ဒေသ တော်လှန်ရေးအင်အားစုဝင်တစ်ဦးက ပြောသည်။

စစ်ကောင်စီသည် ပညာရေးဝန်ထမ်းများ မွန်းမံသင်တန်းကို မြို့နယ်အများစုတွင် ယခုရက်ပိုင်းပြုလုပ်နေသည်။

“ကလေးတွေ ပညာသင်ခွင့်အတွက် ပညာရေးကို ကျတော်တို့ မတားဆီးဘူး။အခုလို လက်နက်တွေ ကိုင်ပြလာတာကိုတော့ တစ်ဦးချင်းကို စောင့်ကြည့်အရေးယူသွားပါမယ်”ဟု ဖားကန့် PDF ထောက်ပို့ရဲဘော်တစ်ဦးက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်နဲ့ ရှမ်းမြောက်က မဘိမ်းမြို့နယ် ငါးအိုးကျေးရွာအကြားမှာ တိုက်ပွဲတွေ ပြင်းထန်ခဲ့ပြီး စစ်တပ် အထိနာခဲ့တယ်လို့ ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

တော်လှန်ရေးစိုးမိုးနယ်မြေအတွင်း လောင်းကစားဝိုင်းတွေ ချက်ချင်းရပ်တန့်ကြဖို့နဲ့ ဆက်လက်လုပ်ဆောင်ပါက ဖမ်းဆီးအရေးယူမယ့်အပြင် အသက် (၁၈) နှစ်မှ (၃၀) နှစ်ကြား လူငယ်တွေကို စစ်သင်တန်းပေးကာ တော်လှန်ရေးရဲဘော်အဖြစ် တာဝန်ပေးအပ်သွားမှာဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ပခုက္ကူခရိုင် တပ်ရင်း(၁၅)နဲ့ ယင်းမာပင်ခရိုင် အမှတ်(၁၁)တပ်ရင်းတို့က ပူးတွဲသတိပေး ထုတ်ပြန်ပါတယ်။

သတင်း

မုံရွာ-မန္တလေးလမ်းပိုင်းက စစ်ယာဉ်တန်းတိုက်ခံရတဲ့နေရာကို စစ်တပ်က အထိုင်စခန်းချပြီး ပြည်သူတွေကို ဖမ်းဆီးငွေညစ်နေတယ်လို့ မုံရွာမြို့နယ်သတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

တတက(၁၃)ကျောင်းအုပ်ကြီးနဲ့အမှတ်(၄)လေကြောင်းချီတပ်မဟာကွပ်ကဲမှုဌာနချုပ် ဗိုလ်မှူးချုပ် ၂ဦး ဒဏ်ရာရ