Connect with us

Hi, what are you looking for?

သတင်း

ဖားကန့်မြို့နယ်ရှိ KIA တပ်ရင်း(၆)အား စစ်ကောင်စီတပ် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်၊ ဘုရားကျောင်းနှင့် အဆောက်အဦးအချို့ ထိခိုက်ပျက်စီး

KIAနှင့် စစ်ကောင်စီလက်အောက်ခံ ရှမ်းနီတပ်ဖွဲ့(SNA)တို့သည် မတ်လ ၆ရက်က ဖားကန့်နယ် ဆယ်ဇင်းဒေသ၌ တိုက်ပွဲဖြစ်ပွားခဲ့ရာ ရှမ်းနီတပ်က အထိနာခဲ့သည်ဟု​ဒေသခံများက​ပြောသည်။ထို့အပြင် ဖားကန့် ဆိုင်းတောင်ရှိ ရဲစခန်းကို KIAက တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်က ၈ဦး သေဆုံးခဲ့သည်ဟု သိရကြောင်း ဒေသခံက ပြောသည်။

(စစ်​ကောင်စီ၏ တံတားဦး​လေတပ်ကို ​ဖေ​ဖော်ဝါရီလက ဂြိုဟ်တုမှမြင်​တွေ့ရစဥ်နှင့် ဗုံးကျဲတိုက်ခိုက်ရာတွင်အဓိကအသုံးပြု​နေ​သောရုရှားထုတ် YAK-130 တိုက်​လေယာဥ်။ ဓါတ်ပုံ-Global Wetness ၊စစ်​​ကောင်စီ)
(စစ်​ကောင်စီ၏ တံတားဦး​လေတပ်ကို ​ဖေ​ဖော်ဝါရီလက ဂြိုဟ်တုမှမြင်​တွေ့ရစဥ်နှင့် ဗုံးကျဲတိုက်ခိုက်ရာတွင်အဓိကအသုံးပြု​နေ​သောရုရှားထုတ် YAK-130 တိုက်​လေယာဥ်။ ဓါတ်ပုံ-Global Wetness ၊စစ်​​ကောင်စီ)

ကချင်ပြည်နယ် ဖားကန့်မြို့နယ်ရှိ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) တပ်ရင်း(၆) နေရာကို စစ်ကောင်စီတပ်ကယမန်နေ့(မတ်လ ၉ရက်)ညသန်းခေါင်တွင်လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်းဖားကန့်ဒေသခံကပြောသည်။

“ညကဂျက်ဖိုက်တာ ၂စီးနဲ့ စစ်ကောင်စီဘက်ကလာပြီးတော့မှတစ်နာရီဆယ်မိနစ်မှာဗုံးလာကြဲသွားပါတယ်နော။ တပ်ရင်း(၆)ကို လာကြဲသွားတာ။ ဖားကန့်ထဲက ရင်း(၆)ကိုလာကြဲသွားတာ။အဲဒီမှာ ဘုရားကျောင်းတွေရယ် အဆောက်အဦးတွေရော အကုန်လုံး တော်တော်များများတော့ ထိသွားတယ်” ဟု ဒေသခံက ပြောသည်။

လူထိခိုက်မှု ရှိမရှိကို စုံစမ်းနေဆဲဖြစ်သည်ဟုသိရသည်။

Public Service Announcement
Public Service Announcement

ယမန်နေ့ညသန်း​ခေါင်က တံတားဦး​လေတပ်မှရုးရှားနိုင်ငံထုတ် YAK-130 တိုက်​လေယာဥ် ၂ စီးမှာ ည ၁၂ နာရီ ၁၆ မိနစ်နှင့် ည ၁၂ နာရီ ၁၈ မိနစ်တွင် တက်သွားပြီး KIA တပ်မဟာ(၉)နယ်မြေ တပ်ရင်း (၆)ကို ည ၁ နာရီနှင့် ၁ နာရီ ၄ မိနစ်တွင် လေကြောင်း တိုက်ခိုက် လုပ်ဆောင်ခဲ့သည်ဟု ​​စစ်တပ်လေ​ကြောင်း ​စောင့်ကြည့်​သတိ​ပေး​သောသတင်းရင်းမြစ်အချို့ကအသိ​ပေးထားသည်။ထို​တိုက်​လေယာဥ် ၂ စီးမှာ ည ၁ နာရီ ၄၃ မိနစ်တွင်တစ်စီး ၊ ၁ နာရီ ၄၈ မိနစ်တွင်တစ်စီးတံတားဦး​​လေတပ်သို့ပြန်လည်ဆင်းသက်ခဲ့သည်။

Public Service Announcement

Public Service Announcement

(စစ်​ကောင်စီ၏ တံတားဦး​လေတပ်ကို ​ဖေ​ဖော်ဝါရီလက ဂြိုဟ်တုမှမြင်​တွေ့ရစဥ်နှင့် ဗုံးကျဲတိုက်ခိုက်ရာတွင်အဓိကအသုံးပြု​နေ​သောရုရှားထုတ် YAK-130 တိုက်​လေယာဥ်။ ဓါတ်ပုံ-Global Wetness ၊စစ်​​ကောင်စီ)
(စစ်​ကောင်စီ၏ တံတားဦး​လေတပ်ကို ​ဖေ​ဖော်ဝါရီလက ဂြိုဟ်တုမှမြင်​တွေ့ရစဥ်နှင့် ဗုံးကျဲတိုက်ခိုက်ရာတွင်အဓိကအသုံးပြု​နေ​သောရုရှားထုတ် YAK-130 တိုက်​လေယာဥ်။ ဓါတ်ပုံ-Global Wetness ၊စစ်​​ကောင်စီ)

ယခုလေကြောင်းတိုက်ခိုက်မှုသည် ပြီးခဲ့သည့်ရက်ပိုင်းတွင်း တိုက်ပွဲများ၌ စစ်ကောင်စီတပ် အထိနာ၍လည်း ဖြစ်နိုင်သည်ဟုအခြားဒေသခံတစ်ဦးကလည်းပြောသည်။

“သူတို့က အမြဲတမ်းဒီလိုပဲ လုပ်နေတာ။ မြေပြင်မှာ ဖြစ်နေတာ မနိုင်ဘူးဆိုရင် လေယာဉ်နဲ့ပဲ အမြဲလာပြီး ယုတ်မာပတ်စပ်နေတာ။ပြည်သူကိုထိထိကြိုက်တဲ့သူကိုထိထိ ၊ အဆောက်အဦး ထိထိ ဘုရားကျောင်းကို ထိထိ ၊ စေတီကို ထိထိ အဲဒီလိုပဲ သူတို့ လုပ်နေကြပါပဲ။” ဟုဒေသခံက ပြောသည်။

KIAနှင့် စစ်ကောင်စီလက်အောက်ခံ ရှမ်းနီတပ်ဖွဲ့(SNA)တို့သည် မတ်လ ၆ရက်က ဖားကန့်နယ် ဆယ်ဇင်းဒေသ၌ တိုက်ပွဲဖြစ်ပွားခဲ့ရာ ရှမ်းနီတပ်က အထိနာခဲ့သည်ဟု​ဒေသခံများက​ပြောသည်။ထို့အပြင် ဖားကန့် ဆိုင်းတောင်ရှိ ရဲစခန်းကို KIAက တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်က ၈ဦး သေဆုံးခဲ့သည်ဟု သိရကြောင်း ဒေသခံက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်၊ ခေါင်လန်ဖူးမြို့နယ် မြန်မာ-တရုတ်နယ်စပ် နယ်ခြားမှတ်တိုင် ၃၀ အမတ်ပေါ် ဒေသက စစ်တပ်ရဲ့ ဗျူဟာစခန်း ၁ခုကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က စက်တင်ဘာ ၁၈ရက်မှာ သိမ်းပိုက်ရရှိခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်အချို့က အသိပေးပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် ကာမိုင်းဒေသမှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ဒုတပ်ရင်းမှူး ၁ဦးကို စစ်တပ် လက်အောက်ခံ ရှမ်းနီတပ် SNA ရဲ့ ဖမ်းဆီးခြင်းခံရမှုမဟုတ်ဘဲ သတင်းအမှားသာဖြစ်ကြောင်း KIA စစ်ဘက်တာဝန်ရှိသူက ပြောပါတယ်။

သတင်း

ဗန်းမော်ကို စစ်အင်အားဖြည့်ဖို့ ကြိုးပမ်းတဲ့ စစ်တပ်ရဲ့ မြစ်ကြောင်းစစ်ဆင်ရေး ကျရှုံးမှုများခဲ့၊ ဇင်းဘုံဒေသမှာ စစ်တပ် ဆက်ရှိနေလို့ စစ်ရေးတင်းမာ

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ် (၁) စစ်ဒေသ စတင်တည်ထောင်တဲ့ (၅) နှစ်ပြည့်မြောက် အထိမ်းအမှတ် အခမ်းအနားကို ဒီကနေ့ စက်တင်ဘာ ၁၇ရက်မှာ ကျင်းပခဲ့ကြောင်း အမှတ်(၁) စစ်ဒေသက သတင်းထုတ်ပြန်ပါတယ်။