Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ဖားကန့်မြို့နယ်ရှိ KIA တပ်ရင်း(၆)အား စစ်ကောင်စီတပ် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်၊ ဘုရားကျောင်းနှင့် အဆောက်အဦးအချို့ ထိခိုက်ပျက်စီး

KIAနှင့် စစ်ကောင်စီလက်အောက်ခံ ရှမ်းနီတပ်ဖွဲ့(SNA)တို့သည် မတ်လ ၆ရက်က ဖားကန့်နယ် ဆယ်ဇင်းဒေသ၌ တိုက်ပွဲဖြစ်ပွားခဲ့ရာ ရှမ်းနီတပ်က အထိနာခဲ့သည်ဟု​ဒေသခံများက​ပြောသည်။ထို့အပြင် ဖားကန့် ဆိုင်းတောင်ရှိ ရဲစခန်းကို KIAက တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်က ၈ဦး သေဆုံးခဲ့သည်ဟု သိရကြောင်း ဒေသခံက ပြောသည်။

(စစ်​ကောင်စီ၏ တံတားဦး​လေတပ်ကို ​ဖေ​ဖော်ဝါရီလက ဂြိုဟ်တုမှမြင်​တွေ့ရစဥ်နှင့် ဗုံးကျဲတိုက်ခိုက်ရာတွင်အဓိကအသုံးပြု​နေ​သောရုရှားထုတ် YAK-130 တိုက်​လေယာဥ်။ ဓါတ်ပုံ-Global Wetness ၊စစ်​​ကောင်စီ)
(စစ်​ကောင်စီ၏ တံတားဦး​လေတပ်ကို ​ဖေ​ဖော်ဝါရီလက ဂြိုဟ်တုမှမြင်​တွေ့ရစဥ်နှင့် ဗုံးကျဲတိုက်ခိုက်ရာတွင်အဓိကအသုံးပြု​နေ​သောရုရှားထုတ် YAK-130 တိုက်​လေယာဥ်။ ဓါတ်ပုံ-Global Wetness ၊စစ်​​ကောင်စီ)

ကချင်ပြည်နယ် ဖားကန့်မြို့နယ်ရှိ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) တပ်ရင်း(၆) နေရာကို စစ်ကောင်စီတပ်ကယမန်နေ့(မတ်လ ၉ရက်)ညသန်းခေါင်တွင်လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်းဖားကန့်ဒေသခံကပြောသည်။

“ညကဂျက်ဖိုက်တာ ၂စီးနဲ့ စစ်ကောင်စီဘက်ကလာပြီးတော့မှတစ်နာရီဆယ်မိနစ်မှာဗုံးလာကြဲသွားပါတယ်နော။ တပ်ရင်း(၆)ကို လာကြဲသွားတာ။ ဖားကန့်ထဲက ရင်း(၆)ကိုလာကြဲသွားတာ။အဲဒီမှာ ဘုရားကျောင်းတွေရယ် အဆောက်အဦးတွေရော အကုန်လုံး တော်တော်များများတော့ ထိသွားတယ်” ဟု ဒေသခံက ပြောသည်။

လူထိခိုက်မှု ရှိမရှိကို စုံစမ်းနေဆဲဖြစ်သည်ဟုသိရသည်။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

ယမန်နေ့ညသန်း​ခေါင်က တံတားဦး​လေတပ်မှရုးရှားနိုင်ငံထုတ် YAK-130 တိုက်​လေယာဥ် ၂ စီးမှာ ည ၁၂ နာရီ ၁၆ မိနစ်နှင့် ည ၁၂ နာရီ ၁၈ မိနစ်တွင် တက်သွားပြီး KIA တပ်မဟာ(၉)နယ်မြေ တပ်ရင်း (၆)ကို ည ၁ နာရီနှင့် ၁ နာရီ ၄ မိနစ်တွင် လေကြောင်း တိုက်ခိုက် လုပ်ဆောင်ခဲ့သည်ဟု ​​စစ်တပ်လေ​ကြောင်း ​စောင့်ကြည့်​သတိ​ပေး​သောသတင်းရင်းမြစ်အချို့ကအသိ​ပေးထားသည်။ထို​တိုက်​လေယာဥ် ၂ စီးမှာ ည ၁ နာရီ ၄၃ မိနစ်တွင်တစ်စီး ၊ ၁ နာရီ ၄၈ မိနစ်တွင်တစ်စီးတံတားဦး​​လေတပ်သို့ပြန်လည်ဆင်းသက်ခဲ့သည်။

(စစ်​ကောင်စီ၏ တံတားဦး​လေတပ်ကို ​ဖေ​ဖော်ဝါရီလက ဂြိုဟ်တုမှမြင်​တွေ့ရစဥ်နှင့် ဗုံးကျဲတိုက်ခိုက်ရာတွင်အဓိကအသုံးပြု​နေ​သောရုရှားထုတ် YAK-130 တိုက်​လေယာဥ်။ ဓါတ်ပုံ-Global Wetness ၊စစ်​​ကောင်စီ)
(စစ်​ကောင်စီ၏ တံတားဦး​လေတပ်ကို ​ဖေ​ဖော်ဝါရီလက ဂြိုဟ်တုမှမြင်​တွေ့ရစဥ်နှင့် ဗုံးကျဲတိုက်ခိုက်ရာတွင်အဓိကအသုံးပြု​နေ​သောရုရှားထုတ် YAK-130 တိုက်​လေယာဥ်။ ဓါတ်ပုံ-Global Wetness ၊စစ်​​ကောင်စီ)

ယခုလေကြောင်းတိုက်ခိုက်မှုသည် ပြီးခဲ့သည့်ရက်ပိုင်းတွင်း တိုက်ပွဲများ၌ စစ်ကောင်စီတပ် အထိနာ၍လည်း ဖြစ်နိုင်သည်ဟုအခြားဒေသခံတစ်ဦးကလည်းပြောသည်။

“သူတို့က အမြဲတမ်းဒီလိုပဲ လုပ်နေတာ။ မြေပြင်မှာ ဖြစ်နေတာ မနိုင်ဘူးဆိုရင် လေယာဉ်နဲ့ပဲ အမြဲလာပြီး ယုတ်မာပတ်စပ်နေတာ။ပြည်သူကိုထိထိကြိုက်တဲ့သူကိုထိထိ ၊ အဆောက်အဦး ထိထိ ဘုရားကျောင်းကို ထိထိ ၊ စေတီကို ထိထိ အဲဒီလိုပဲ သူတို့ လုပ်နေကြပါပဲ။” ဟုဒေသခံက ပြောသည်။