Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ယူကရိန်းက နျူကလီးယားလက်နက် ပိုင်ဆိုင်ဖို့ ကြိုးစားနေတာလို့ မြောက်ကိုရီးယား စွပ်စွဲ

မြောက်ကိုရီးယားဟာ ရုရှား-ယူကရိန်း စစ်ပွဲမှာ ရုရှားဖက်က ရပ်တည်ကြောင်း ပေါ်ပေါ်ထင်ထင် သဘောထားတွေ ပြသခဲ့ပေမယ့် စစ်ပွဲအတွက် ရုရှားဆီ စစ်လက်နက်တွေ ထောက်ပံ့နေကြောင်း စွပ်စွဲမှုတွေကိုတော့ ငြင်းဆန် ပယ်ချထားပါတယ်။

ယူကရိန်းက နျူကလီးယားလက်နက် ပိုင်ဆိုင်ဖို့ ကြိုးစားနေတာလို့ မြောက်ကိုရီးယား စွပ်စွဲ
ယူကရိန်းက နျူကလီးယားလက်နက် ပိုင်ဆိုင်ဖို့ ကြိုးစားနေတာလို့ မြောက်ကိုရီးယား စွပ်စွဲ

ယူကရိန်း အစိုးရဟာ နျူကလီးယား လက်နက်တွေ ပိုင်ဆိုင်ဖို့အတွက် မရိုးမသား ကြံစည်နေတယ်လို့ မြောက်ကိုရီးယား အစိုးရက စွပ်စွဲ ပြောကြားလိုက်ပါတယ်။

မြောက်ကိုရီးယား ခေါင်းဆောင် ကင်မ်ဂျုံအန်းရဲ့ ဩဇာကြီးမားတဲ့ ညီမဖြစ်သူ ကင်မ်ယိုဂျောင်က ယူကရိန်း အစိုးရ အနေနဲ့ ပြည်တွင်းမှာ နျူကလီးယား လက်နက်တွေ ထားရှိဖို့ သင့်မသင့် လူထု သဘောထားအမြင် စစ်တမ်းတစ်ခု ကောက်ယူတာနဲ့ ပတ်သက်ပြီး အခုလို ဝေဖန်ခဲ့တာ ဖြစ်ပါတယ်။

ယူကရိန်းနဲ့ စစ်ဖြစ်နေတဲ့ ရုရှားနိုင်ငံက သူတို့ရဲ့ နျူကလီးယား လက်နက်တချို့ကို အိမ်နီးချင်း ဘီလားရုစ် နိုင်ငံမှာ အခြေစိုက် ဖြန့်ကျက်မယ်လို့ ကြေညာခဲ့တဲ့နောက် ယူကရိန်း သမ္မတရုံးကလည်း မဟာမိတ် နိုင်ငံတွေဆီက နျူကလီးယား လက်နက်တွေ ပြည်တွင်းမှာ အခြေစိုက်ဖို့ ခွင့်ပြုသင့်သလား၊ ဒါမှမဟုတ် ယူကရိန်းကိုယ်တိုင် နျူကလီးယား လက်နက်တွေ ထုတ်လုပ်ဖို့ ကြိုးစားသင့်သလား ဆိုတာကို စစ်တမ်းတစ်ရပ် ကောက်ယူထားပါတယ်။

ယူကရိန်း သမ္မတရုံး ဝက်ဘ်ဆိုက်ပေါ်က စစ်တမ်းဟာ ဧပြီ ၁ ရက်ထိ ဝင်ရောက် ဖြေဆိုသူ ၁၀၀၀ မပြည့်သေးတာကြောင့် ယူကရိန်း အစိုးရ လျာထားတဲ့ ဆန္ဒပြု လက်မှတ်ရေးထိုးသူ စုစုပေါင်း ၂၅၀၀၀ ရရှိရေးဆိုတဲ့ ရည်မှန်းချက်နဲ့ အတော်ကို ကွာဟနေပါတယ်။

Public Service Announcement

Public Service Announcement

ရုရှားနဲ့ ဆက်ဆံရေး ပိုမိုခိုင်မာ နီးစပ်အောင် တည်ဆောက်နေတဲ့ မြောက်ကိုရီးယားက ဒီကိစ္စကို အကြောင်းပြုပြီး ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးဟာ နျူကလီးယား လက်နက်တွေ ပိုင်ဆိုင်ရအောင် ကြိုးစားနေတာသာ ဖြစ်တယ်လို့ စွပ်စွဲလိုက်တာပါ။ ကင်မ်က အခုစွပ်စွဲချက်နဲ့ ပတ်သက်ပြီး ခိုင်မာတဲ့ သက်သေ အထောက်အထား တစ်ခုခု ထုတ်ပြတာမျိုးတော့ မရှိခဲ့ပါဘူး။ ယူကရိန်း အစိုးရဖက်ကတော့ ဒီကိစ္စအပေါ် လတ်တလော ဘာမှတ်ချက်မှ မပေးသေးပါဘူး။

မြောက်ကိုရီးယားဟာ ရုရှား-ယူကရိန်း စစ်ပွဲမှာ ရုရှားဖက်က ရပ်တည်ကြောင်း ပေါ်ပေါ်ထင်ထင် သဘောထားတွေ ပြသခဲ့ပေမယ့် စစ်ပွဲအတွက် ရုရှားဆီ စစ်လက်နက်တွေ ထောက်ပံ့နေကြောင်း စွပ်စွဲမှုတွေကိုတော့ ငြင်းဆန် ပယ်ချထားပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ကုလသမဂ္ဂရဲ့ နျူကလီးယား ထိန်းချုပ်ရေး အေဂျင်စီဟာ စည်းမျဉ်းတွေကို လိုတစ်လို၊ မလိုတစ်မျိုး ကျင့်သုံးနေတယ်လို့ မြောက်ကိုရီးယားက စွပ်စွဲခဲ့ပါတယ်။

နိုင်ငံတကာ

မြောက်ကိုရီးယားရဲ့ နျူကလီးယား လက်နက်တွေ စွန့်လွှတ်ဖို့ အလားအလာကို အရူးတွေပဲ ယုံလိမ့်မယ်လို့ နိုင်ငံ အဓိပတိ ကင်မ်ဂျုံအွန်းရဲ့ ညီမဖြစ်သူက ပြောကြားလိုက်ပါတယ်။

နိုင်ငံတကာ

နှစ်နိုင်ငံ နယ်စပ်က ညှိနှိုင်းရေးရုံး အဆောက်အအုံကို ဗုံးခွဲ ဖျက်ဆီးခဲ့မှုအတွက် မြောက်ကိုရီးယားက တောင်ကိုရီးယားဆီ နစ်နာကြေးပေးဖို့ တောင်ကိုရီးယား တရားရုံး တစ်ခုက အမိန့် စီရင်ချက် ချမှတ်ခဲ့ပါတယ်။

နိုင်ငံတကာ

စွမ်းအင်ဆိုင်ရာ အဆောက်အအုံတွေကို အပြန်အလှန် ပစ်မှတ်ထား တိုက်ခိုက်မှုတွေ ဆက်မလုပ်ဖို့ ရုရှားရော၊ ယူကရိန်းကပါ သဘောတူခဲ့ကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။