Connect with us

Hi, what are you looking for?

LuduNwayOo

နိုင်ငံတကာ

ဘီလားရုစ်မှာ နျူကလီးယား လက်နက်တွေ ဖြန့်ကျက်မယ်လို့ ပူတင် ကြေညာ

ရုရှားဟာ ဘီလားရုစ်မှာ ဖြန့်ကျက်ထားရှိမယ့် နျူကလီးယား လက်နက်တွေကို ထိန်းချုပ်ဖို့အတွက် စစ်သည်တွေကို လေ့ကျင့်ပေးမှုတွေ လာမယ့် သီတင်းပတ်မှာ အစပြုမှာဖြစ်ပြီး ဇူလိုင် ၁ ရက် မတိုင်ခင် ဘီလားရုစ်မှာ နျူကလီးယား လက်နက်တွေ ဖြန့်ကျက်ထားရှိမှု ပြီးစီးလိမ့်မယ်လို့ ပူတင်က ပြောကြားသွားပါတယ်။

ဘီလားရုစ်မှာ နျူကလီးယား လက်နက်တွေ ဖြန့်ကျက်မယ်လို့ ပူတင် ကြေညာ
ဘီလားရုစ်မှာ နျူကလီးယား လက်နက်တွေ ဖြန့်ကျက်မယ်လို့ ပူတင် ကြေညာ

မဟာမိတ်ဖြစ်တဲ့ ဘီလားရုစ် နိုင်ငံမှာ မဟာဗျူဟာ နျူကလီးယား ဒုံးကျည်လက်နက်တွေ ဖြန့်ကျက် ထားရှိသွားမယ်လို့ ရုရှား သမ္မတ ဗလာဒီမာ ပူတင်က ပြောကြားလိုက်ပါတယ်။

ဥရောပမှာ အမေရိကန်က နျူကလီးယား ထိပ်ဖူးတွေ ဖြန့်ကျက်နေတာကို ယှဉ်ပြိုင်မယ့် အစီအမံအတွက် ရုရှားဟာ ဘီလားရုစ် အစိုးရနဲ့ ညှိနှိုင်းသဘောတူညီမှု ရရှိခဲ့ပြီလို့ ပူတင်ရဲ့ အဆိုကို ကိုးကားပြီး ရုရှား အစိုးရ မီဒီယာတွေက ဖော်ပြပါတယ်။

ရုရှားဟာ ဘီလားရုစ် နိုင်ငံမှာ နျူကလီးယား ဒုံးကျည်တွေ ဖြန့်ကျက်ထားမယ် ဆိုပေမယ့်လည်း အဲဒီ ဒုံးကျည်တွေ ထိန်းချုပ် အသုံးပြုခွင့်ကိုတော့ အိမ်ရှင်နိုင်ငံ အစိုးရဆီ လက်လွှဲပေးမှာ မဟုတ်ဘူးလို့လည်း ပူတင်က ဆိုတယ်။

ပူတင်က ဘီလားရုစ်ကို နျူကလီးယား ထိပ်ဖူးတပ် ဒုံးကျည်တွေ ပေးပို့ခြင်းဟာ နျူကလီးယား စစ်လက်နက် ထိန်းချုပ်ရေး သဘောတူညီမှုတွေကို ချိုးဖောက်ရာ မရောက်ကြောင်း ကာကွယ် ပြောဆိုခဲ့ပြီး အမေရိကန်လည်း မဟာမိတ် နိုင်ငံတွေဆီမှာ နျူကလီးယား စစ်လက်နက်တွေ ဖြန့်ကျက်နေတာနဲ့ နှိုင်းယှဉ်ပြခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

တစ်ဖက်မှာတော့ ယူကရိန်း၊ အမေရိကန်တို့အပြင် ဂျာမနီလို အနောက်ဥရောပ နိုင်ငံတွေကပါ ပူတင်ရဲ့ အစီအမံနဲ့ ပတ်သက်လို့ ဝေဖန်လာကြပါတယ်။ ယူကရိန်း အစိုးရ ထိပ်တန်း အရာရှိ တစ်ဦးကတော့ ပူတင်ဟာ နျူကလီးယား စစ်ပွဲသာ ဖြစ်လာရင် ဘီလားရုစ်ကိုပါ ဓားစာခံအဖြစ် ဆွဲထည့်တဲ့ သဘောပဲလို့ ပြောကြားသွားပါတယ်။

ဘီလားရုစ်ဟာ ယူကရိန်း မြောက်ပိုင်းမှာ နယ်စပ်ချင်း ထိစပ်နေတဲ့ အိမ်နီးချင်း နိုင်ငံဖြစ်ပါတယ်။ ယူကရိန်းကို ကျူးကျော်ခဲ့တဲ့ စစ်ပွဲရဲ့ အစောပိုင်း ကာလတွေမှာ ရုရှားတပ်တွေဟာ ဘီလားရုစ်ကနေတဆင့် ယူကရိန်း ပိုင်နက်ထဲ ဝင်ရောက်ခဲ့ဖူးပါတယ်။

ရုရှားဟာ ၁၉၉၀ ပြည့်လွန်နှစ်တွေကစလို့ မဟာဗျူဟာ နျူကလီးယား လက်နက်တွေကို နိုင်ငံပိုင်နက် အပြင်ဖက်မှာ ဖြန့်ကျက်တာမျိုး မရှိခဲ့ပါဘူး။ အခုတော့ အဲဒီ အခြေအနေကို ပြောင်းလဲပစ်ပြီး ဘီလားရုစ်မှာ နျူကလီးယား လက်နက်တွေ ထားရှိဖို့ ပူတင်က ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။

၁၉၉၁ ခုနှစ်မှာ ဆိုဗီယက် ပြည်ထောင်စု ပြိုကွဲသွားတဲ့နောက် နျူကလီးယား လက်နက်ပိုင် နိုင်ငံအသစ် လေးခုအဖြစ် ယူကရိန်း၊ ဘီလားရုစ်၊ ကာဇက်စတန်နဲ့ ရုရှားတို့ ထွက်ပေါ်လာပါတယ်။ ၁၉၉၆ မှာတော့ ကျန်တဲ့ ၃ နိုင်ငံက သူတို့ပိုင်နက်ထဲမှာ ရှိနေတဲ့ နျူကလီးယား လက်နက်တွေ အားလုံးကို ရုရှားဆီ ပြန်လည် လွှဲပြောင်းပေးခဲ့ပါတယ်။

ရုရှားဟာ ဘီလားရုစ်မှာ ဖြန့်ကျက်ထားရှိမယ့် နျူကလီးယား လက်နက်တွေကို ထိန်းချုပ်ဖို့အတွက် စစ်သည်တွေကို လေ့ကျင့်ပေးမှုတွေ လာမယ့် သီတင်းပတ်မှာ အစပြုမှာဖြစ်ပြီး ဇူလိုင် ၁ ရက် မတိုင်ခင် ဘီလားရုစ်မှာ နျူကလီးယား လက်နက်တွေ ဖြန့်ကျက်ထားရှိမှု ပြီးစီးလိမ့်မယ်လို့ ပူတင်က ပြောကြားသွားပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အမေရိကန်၊ ဗြိတိန်နဲ့ ဩစတြေးလျတို့ ပါဝင်တဲ့ AUKUSဟာ ဩစတြေးလျ ရေတပ်ကို မဟာမိတ် နှစ်နိုင်ငံက ပူးပေါင်းပြီး နည်းပညာပိုင်း အဆင့်မြှင့်ပေးဖို့၊ ဒေသတွင်းမှာ တရုတ် လွှမ်းမိုးမှုကို တန်ပြန်ဖို့ ရည်ရွယ်ထားတာ ဖြစ်ပါတယ်။

နိုင်ငံတကာ

IAEAဟာ အရင်ကတည်းက ဇာပေါ့ရစ်ဇီရာ ဓာတ်အားပေးစက်ရုံ တိုက်ခိုက်ခံရနိုင်တဲ့ အခြေအနေနဲ့ ပတ်သက်ပြီး နှစ်ဖက်စလုံးကို အကြိမ်ကြိမ် သတိပေးခဲ့ဖူးပါတယ်။

နိုင်ငံတကာ

ပူတင်ကတော့ အရမ်းဝါကြွားပြနေတာမျိုး အခြေအနေကို ရှောင်ရှားခဲ့ပေမယ့် အွန်လိုင်းက မဲပေးသူ ၈ သန်းရှိခဲ့တဲ့ ရုရှား ရွေးကောက်ပွဲဟာ အမေရိကန်ထက်တောင် ခေတ်မီသေးတယ်လို့ ပြောကြားသွားပါတယ်။

သတင်း

သင်္ဃန်းညီနောင် အပါအဝင် မြ၀တီရှိ စစ်ကောင်စီတပ်စခန်းအားလုံး ရရိရေး ရည်မှန်း ထိုးစစ်ဆင်နေခြင်းဖြစ်သည်ဟုသိရသည်။