Connect with us

Hi, what are you looking for?

News

NUGရဲ့ အခွန်အကောက်ဥပဒေသစ်က ဘာတွေထူးခြားလဲ၊ ဘာတွေခံစားခွင့်ရရှိမှာလဲ

NUG ရဲ့ အခွန်အကောက်ဥပဒေသစ်အရ စားသုံးသူပြည်သူတွေအပေါ် ကျသင့်တဲ့ သွယ်ဝိုက်ခွန် ဖြစ်တဲ့ ကုန်သွယ်လုပ်ငန်းခွန်ကို ကင်းလွတ်ခွင့်ပြုထားပါတယ်။

People's Spring
People's Spring

အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ရဲ့ ၂၀၂၁ ခုနှစ် အကောက်အခွန်ဥပဒေမှာ ကုန်သွယ်လုပ်ငန်းခွန်ကို ကင်းလွတ်ခွင့်ပြုထားပြီး ဝင်ငွေခွန်ကိုလည်း ကျပ်သိန်း ၁၂၀အထိ ကင်းလွတ်ခွင့်ပေးထားပါတယ်။

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH) ဟာ ၂၀၂၁ ခုနှစ် ပြည်ထောင်စု၏အခွန် အကောက်ဥပဒေကို ပြည်ထောင်စုလွှတ်တော်က အတည်ပြုပြဌာန်းတယ်လို့ ဒီနေ့ထုတ်ပြန် ကြေညာခဲ့ပြီး ၂၀၂၂ အတွက် စုစုပေါင်း အခွန်ငွေ ကျပ်၁,၄၄၃ ဘီလီယံကျော်ရရှိမယ်လို့ ခန့်မှန်း ထားပါတယ်။

NUG ရဲ့ အခွန်အကောက်ဥပဒေသစ်အရ စားသုံးသူပြည်သူတွေအပေါ် ကျသင့်တဲ့ သွယ်ဝိုက်ခွန် ဖြစ်တဲ့ ကုန်သွယ်လုပ်ငန်းခွန်ကို ကင်းလွတ်ခွင့်ပြုထားပါတယ်။

COVID-19 ကပ်ရောဂါနဲ့ တရားမဝင်အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီတို့ကြောင့် အကျပ် အတည်းတွေ ရင်ဆိုင်နေရတဲ့ ပြည်သူလူထုရဲ့အခက်အခက်များသက်သာစေဖို့အတွက် အဲဒီလို ကင်းလွတ်ခွင့်ပြုထားတာလို့ ဆိုပါတယ်။

Public Service Announcement

Public Service Announcement

နောက်ပြီး လစာဝင်ငွေခွန်နဲ့ပတ်သက်လို့ ပုံမှန်နှစ်တွေမှာ ၄၈ သိန်းပဲ ကင်းလွတ်ခွင့်ပေးထားတာကို အခုဥပဒေမှာ သိန်း ၁၂၀ အထိ တိုးမြှင့်ကင်းလွတ်ခွင့်ပေးထားတယ်လို့ NUG ရဲ့ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှုဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ထွန်းနိုင်က ရှင်းပြပါတယ်။

ဒီလို ဝင်ငွေခွန်ကောက်ခံမှု ပြောင်းလဲထားတဲ့အပေါ် “ဒီလိုကာလကြီးမှာ အခြေခံလူတန်းစားနဲ့ လူလတ်တန်းစားတွေအပေါ် အခွန်ဝန်ထုတ်ဝန်ပိုးမဖြစ်စေချင်လို့” လို့ ဝန်ကြီး ဦးတင်ထွန်းနိုင် က ပြောပါတယ်။

အခွန်ဆောင်ရမယ့် ပုံစံဟာ အွန်လိုင်းကနေ မိမိဘာသာ အဆိုပြုတဲ့စနစ် SAS(Self Assessment System)နဲ့ ပေးဆောင်ရမှာဖြစ်တယ်လို့ ဆိုပါတယ်။

“ဆောင်တဲ့သူက ကျသင့်တဲ့ အခွန်ကို နိုင်ငံခြားမှာ ရှိတဲ့ ဘဏ်အကောင့်ကို လွှဲပေးရမယ်။ အဲဒီအကောင့်ကို လုံခြုံစိတ်ချရအောင် NUG က စီမံထားတယ်။ ကာယကံရှင်အခွန်ထမ်းပြည်သူကိုယ်တိုင် သူအခွန်ဆောင်ထားပါတယ်ဆိုတာ ထုတ်မပြောရင် ဘယ်သူမှ မသိစေရဘူးလို့ အာမခံချက်ပေးထားတယ်” လို့ ဝန်ကြီးဦးတင်ထွန်းနိုင်က ပြောပါတယ်။

အခွန်ပေးဆောင်သူတွေရရှိမယ့် အခွင့်အလမ်းတွေကို ပြည်ထောင်စုဝန်ကြီးက အခုလိုရှင်းပြပါတယ်။

“အခွန်ထမ်းပြည်သူကို ကျသင့်အခွန်ပေးသွင်းပြီးတာနဲ့ ကွန်ပြူတာကနေ သီးသန့် ကုဒ်နံပါတ်တစ်ခု ထုတ်ပေးမယ်။ အဲဒီကုဒ်နံပါတ်ကို တော်လှန်ရေးပြီးရင် ပြန်တင်ပြရမယ်။ အဲဒီအခါ သူ့ကို အခွန်ကင်းလွတ်ခွင့်၊ သက်သာ ခွင့်၊ ခုနှိမ်ခွင့်အပြင် တော်လှန်ရေးမှာ အခွန်ထမ်းတာဝန် ကျေခဲ့တဲ့အတွက် ဂုဏ်ပြုချီးမြှင့်မှုတွေ ဆောင် ရွက်ပေးသွားမယ်”လို့ သူက ဆိုပါတယ်။

ဒါ့အပြင် NUG ရဲ့အခွန်အကောက်ဥပဒေသစ်မှာ သစ်လုံး/သစ်ခွဲသား ပြည်ပတင်ပို့မှုနဲ့ သက်ဆိုင်တဲ့ အခွန်၊ ကျောက်မျက်ရတနာအရိုင်းနဲ့ သက်ဆိုင်တဲ့အခွန်တွေကို ပယ်ဖျက်ထားတာကလည်း ထူးခြားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ရေး တာဝန်များ ထမ်းဆောင်ရင်း ကိုယ်အင်္ဂါ စွန့်လွှတ်ခဲ့ရသော တော်လှန်ရေးရဲဘော်များအတွက် ပြန်လည်ထူထောင်ရေး ကော်မတီတစ်ရပ်ကို ဖွဲ့စည်းပြီးဖြစ်လို့ ကိုယ်လက်အင်္ဂါစွန့်လွှတ်ရဲဘော်တွေ ဆက်သွယ်နိုင်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)နဲ့ ကြားကာလ မကွေးဖက်ဒရယ်ယူနစ်အစိုးရက ပေါက်နဲ့ မြိုင်မြို့နယ်တွေက စစ်ဘေးရှောင်ပြည်သူတွေအတွက် တစ်မြို့နယ်ကို ကျပ်သိန်း ၅၀၀ စီထောက်ပံ့ခဲ့တယ်လို့ မကွေးဖက်ဒရယ်ယူနစ်အစိုးရက ဒီကနေ့ ထုတ်ပြန်ပါတယ်။

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာနက ပြီးခဲ့တဲ့ ဩဂုတ်လအတွင်း စစ်ရေးအခြေအနေကို ဒီကနေ့ စက်တင်ဘာ ၂၅ရက်မှာ ထုတ်ပြန်ခဲ့ရာတိုက်ပွဲများအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀၀ကျော် သေဆုံးခဲ့ကြောင်းဖော်ပြပါတယ်။

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ တွင်းမ ပျူစောထီးကျေးရွာလာရောက်တဲ့ စစ်တပ် ရဟတ်ယာဉ်ကို ဒရုန်းနဲ့ တိုက်ခိုက်ဖျက်ဆီးနိုင်ခဲ့တဲ့ ပေါက်မြို့နယ် ပကဖ ဒရုန်းတပ်ဖွဲ့ ကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG) က ဂုဏ်ပြုငွေ ကျပ်သိန်း တစ်သောင်း နဲ့ ဂုဏ်ပြုလက်မှတ် ပေးအပ်ချီးမြှင့်ခဲ့ကြောင်း NUG က သတင်းထုတ်ပြန်ပါတယ်။

Facebook