Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ယူကရိန်းမှာရှိတဲ့ ရုရှား ထိန်းချုပ်နယ်မြေတွေကို ပူတင် သွားရောက်

ပူတင်ဟာ လပေါင်း အတော်ကြာ ကာလအတွင်း ယူကရိန်းမှာရှိတဲ့ ရုရှား ထိန်းချုပ် နယ်မြေတွေဆီ ဒုတိယ အကြိမ်မြောက် သွားရောက်ခဲ့တာပါ။

ယူကရိန်းမှာရှိတဲ့ ရုရှား ထိန်းချုပ် နယ်မြေတွေကို ပူတင် သွားရောက်
ယူကရိန်းမှာရှိတဲ့ ရုရှား ထိန်းချုပ် နယ်မြေတွေကို ပူတင် သွားရောက်

ရုရှား သမ္မတ ဗလာဒီမာ ပူတင်ဟာ ယူကရိန်းမှာရှိတဲ့ ရုရှား သိမ်းပိုက် နယ်မြေတွေကို ကိုယ်တိုင် သွားရောက် စစ်ဆေးခဲ့တယ်လို့ သိရပါတယ်။

ပူတင်ဟာ အခု သီတင်းပတ် အစောပိုင်းက ခါဆွန်နဲ့ လူဟန့်စ်ခ်မှာရှိတဲ့ ရှေ့တန်း စစ်အခြေစိုက် စခန်းတွေဆီ ရောက်ရှိခဲ့တယ်လို့ ကရင်မလင် နန်းတော်က ထုတ်ပြန်ပါတယ်။ သူဟာ ယူကရိန်းပိုင် ခါဆွန်ဒေသ တောင်ပိုင်းက ရုရှား စစ်ဘက်ဆိုင်ရာ အစည်းအဝေး တစ်ခုကို ကိုယ်တိုင် တက်ရောက်ခဲ့တယ်လို့လည်း ကရင်မလင် နန်းတော် တာဝန်ရှိသူတွေက ပြောပါတယ်။

အဲဒီ အစည်းအဝေးမှာ ပူတင်ဟာ ခါဆွန်နဲ့ ဇာပေါ်ရစ်ဇီရာ ဒေသတွေက ရုရှား ရှေ့တန်း စစ်ဆင်ရေး ဗျူဟာတွေရဲ့ အစီအမံတွေနဲ့ ပတ်သက်ပြီး ဒေသဆိုင်ရာ စစ်ဦးစီးတွေ တင်ပြတာကို အလေးအနက် နားထောင်ခဲ့တယ်လို့ ဆိုပါတယ်။

ပူတင်ဟာ လပေါင်း အတော်ကြာ ကာလအတွင်း ယူကရိန်းမှာရှိတဲ့ ရုရှား ထိန်းချုပ် နယ်မြေတွေဆီ ဒုတိယ အကြိမ်မြောက် သွားရောက်ခဲ့တာပါ။

Public Service Announcement

Public Service Announcement

အဲဒီ ခရီးစဉ်အတွင်း ပူတင်ဟာ ယူကရိန်း အရှေ့ဖျားက လူဟန့်စ်ခ် ဒေသမှာရှိတဲ့ အမျိုးသား အစောင့်တပ် ဌာနချုပ်ဆီကိုလည်း ရောက်ရှိခဲ့သေးတယ်လို့ သိရပါတယ်။ ကရင်မလင် နန်းတော်က လူဟန့်စ်ခ်ကို ပူတင်က ရဟတ်ယာဉ် တစ်စီးနဲ့ သွားရောက်တဲ့ မှတ်တမ်း ဗီဒီယိုကို ထုတ်ပြန်ခဲ့ပေမယ့် ခရီးစဉ်ရဲ့ အသေးစိတ် အချက်အလက်တွေကိုတော့ မကြေညာခဲ့ပါဘူး။

ရုရှားဟာ ယူကရိန်းက သိမ်းပိုက်ပြည်နယ် ၄ ခုကို နိုင်ငံ ပိုင်နက်ထဲ သွတ်သွင်းကြောင်း စက်တင်ဘာလက ကြေညာခဲ့ရာမှာ ခါဆွန်နဲ့ ဇာပေါ်ရစ်ဇီရာတို့လည်း အပါအဝင် ဖြစ်ပါတယ်။ ဒါပေမဲ့ ရုရှား တပ်တွေဟာ ပြည်နယ် ၄ ခုစလုံးကို အပြည့်အဝ ထိန်းချုပ်ထားနိုင်တာတော့ မဟုတ်ပါဘူး။ ယူကရိန်းနဲ့ အနောက်မဟာမိတ် နိုင်ငံတွေကတော့ အဲဒီ ကြေညာချက်ဟာ တရားမဝင်ဘူးလို့ တုံ့ပြန်ပြီး ရုရှားရဲ့ နယ်မြေ သိမ်းသွင်းမှုတွေကို အသိအမှတ် မပြုကြောင်း ပြောကြားထားပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ရုရှားရဲ့ ဒရုန်းတွေ ထုတ်လုပ်တဲ့ စက်မှုလုပ်ငန်းတွေမှာ ပါဝင်အလုပ်လုပ်နေတဲ့ မြောက်ကိုရီးယား အလုပ်သမား ၂၅၀၀၀ လောက်ထိ ရှိနိုင်ကြောင်း သိရပါတယ်။

နိုင်ငံတကာ

အမေရိကန် အနေနဲ့ အာကာသကို စစ်မြေပြင် တစ်ခုအဖြစ် ပြောင်းလဲတာမျိုး မလုပ်သင့်သလို အာကာသ လက်နက်ပြိုင်ပွဲကိုလည်း အစမပြုသင့်ကြောင်း တရုတ်က သတိပေး ပြောကြားလိုက်ပါတယ်။ အလားတူ ရုရှားကလည်း အာကာသထဲမှာ အမေရိကန်ရဲ့ လက်နက်ဖြန့်ကျက်မှုတွေကို ကန့်ကွက်ခဲ့ပါတယ်။

နိုင်ငံတကာ

စွမ်းအင်ဆိုင်ရာ အဆောက်အအုံတွေကို အပြန်အလှန် ပစ်မှတ်ထား တိုက်ခိုက်မှုတွေ ဆက်မလုပ်ဖို့ ရုရှားရော၊ ယူကရိန်းကပါ သဘောတူခဲ့ကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

ရုရှားရဲ့ လောင်စာဆီ ထုတ်လုပ်ရာ အဆောက်အအုံတွေကို ပစ်မှတ်ထား တိုက်ခိုက်နေတာတွေ ရပ်တန့်ထားဖို့ ယူကရိန်း အစိုးရကို အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က တိုက်တွန်းလိုက်ပါတယ်။