Connect with us

Hi, what are you looking for?

LuduNwayOo

နိုင်ငံတကာ

ယူကရိန်းမှာရှိတဲ့ ရုရှား ထိန်းချုပ်နယ်မြေတွေကို ပူတင် သွားရောက်

ပူတင်ဟာ လပေါင်း အတော်ကြာ ကာလအတွင်း ယူကရိန်းမှာရှိတဲ့ ရုရှား ထိန်းချုပ် နယ်မြေတွေဆီ ဒုတိယ အကြိမ်မြောက် သွားရောက်ခဲ့တာပါ။

ယူကရိန်းမှာရှိတဲ့ ရုရှား ထိန်းချုပ် နယ်မြေတွေကို ပူတင် သွားရောက်
ယူကရိန်းမှာရှိတဲ့ ရုရှား ထိန်းချုပ် နယ်မြေတွေကို ပူတင် သွားရောက်

ရုရှား သမ္မတ ဗလာဒီမာ ပူတင်ဟာ ယူကရိန်းမှာရှိတဲ့ ရုရှား သိမ်းပိုက် နယ်မြေတွေကို ကိုယ်တိုင် သွားရောက် စစ်ဆေးခဲ့တယ်လို့ သိရပါတယ်။

ပူတင်ဟာ အခု သီတင်းပတ် အစောပိုင်းက ခါဆွန်နဲ့ လူဟန့်စ်ခ်မှာရှိတဲ့ ရှေ့တန်း စစ်အခြေစိုက် စခန်းတွေဆီ ရောက်ရှိခဲ့တယ်လို့ ကရင်မလင် နန်းတော်က ထုတ်ပြန်ပါတယ်။ သူဟာ ယူကရိန်းပိုင် ခါဆွန်ဒေသ တောင်ပိုင်းက ရုရှား စစ်ဘက်ဆိုင်ရာ အစည်းအဝေး တစ်ခုကို ကိုယ်တိုင် တက်ရောက်ခဲ့တယ်လို့လည်း ကရင်မလင် နန်းတော် တာဝန်ရှိသူတွေက ပြောပါတယ်။

အဲဒီ အစည်းအဝေးမှာ ပူတင်ဟာ ခါဆွန်နဲ့ ဇာပေါ်ရစ်ဇီရာ ဒေသတွေက ရုရှား ရှေ့တန်း စစ်ဆင်ရေး ဗျူဟာတွေရဲ့ အစီအမံတွေနဲ့ ပတ်သက်ပြီး ဒေသဆိုင်ရာ စစ်ဦးစီးတွေ တင်ပြတာကို အလေးအနက် နားထောင်ခဲ့တယ်လို့ ဆိုပါတယ်။

ပူတင်ဟာ လပေါင်း အတော်ကြာ ကာလအတွင်း ယူကရိန်းမှာရှိတဲ့ ရုရှား ထိန်းချုပ် နယ်မြေတွေဆီ ဒုတိယ အကြိမ်မြောက် သွားရောက်ခဲ့တာပါ။

Public Service Announcement

Public Service Announcement

အဲဒီ ခရီးစဉ်အတွင်း ပူတင်ဟာ ယူကရိန်း အရှေ့ဖျားက လူဟန့်စ်ခ် ဒေသမှာရှိတဲ့ အမျိုးသား အစောင့်တပ် ဌာနချုပ်ဆီကိုလည်း ရောက်ရှိခဲ့သေးတယ်လို့ သိရပါတယ်။ ကရင်မလင် နန်းတော်က လူဟန့်စ်ခ်ကို ပူတင်က ရဟတ်ယာဉ် တစ်စီးနဲ့ သွားရောက်တဲ့ မှတ်တမ်း ဗီဒီယိုကို ထုတ်ပြန်ခဲ့ပေမယ့် ခရီးစဉ်ရဲ့ အသေးစိတ် အချက်အလက်တွေကိုတော့ မကြေညာခဲ့ပါဘူး။

ရုရှားဟာ ယူကရိန်းက သိမ်းပိုက်ပြည်နယ် ၄ ခုကို နိုင်ငံ ပိုင်နက်ထဲ သွတ်သွင်းကြောင်း စက်တင်ဘာလက ကြေညာခဲ့ရာမှာ ခါဆွန်နဲ့ ဇာပေါ်ရစ်ဇီရာတို့လည်း အပါအဝင် ဖြစ်ပါတယ်။ ဒါပေမဲ့ ရုရှား တပ်တွေဟာ ပြည်နယ် ၄ ခုစလုံးကို အပြည့်အဝ ထိန်းချုပ်ထားနိုင်တာတော့ မဟုတ်ပါဘူး။ ယူကရိန်းနဲ့ အနောက်မဟာမိတ် နိုင်ငံတွေကတော့ အဲဒီ ကြေညာချက်ဟာ တရားမဝင်ဘူးလို့ တုံ့ပြန်ပြီး ရုရှားရဲ့ နယ်မြေ သိမ်းသွင်းမှုတွေကို အသိအမှတ် မပြုကြောင်း ပြောကြားထားပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

တချို့သတင်းတွေကတော့ အခုသီတင်းပတ် အစောပိုင်းတုန်းက ဘာဒင်ညက်စ်ခ် မြို့ထဲမှာ တပ်စွဲထားတဲ့ ရုရှားတပ်တွေကို ယူကရိန်းက တိုက်ခိုက်ရာမှာ နောက်ထပ် ဒုံးကျည်တစ်စင်း ထပ်သုံးခဲ့ကြောင်း ဖော်ပြနေပါတယ်။

နိုင်ငံတကာ

ရုရှား အစိုးရ ပြောရေးဆိုခွင့်ရ အရာရှိ ဒစ်မစ်ထရီ ပက်စ်ကော့ဗ်ကတော့ အခုဆုံးဖြတ်ချက်ဟာ အမေရိကန်ကို ကြွယ်ဝသထက် ကြွယ်ဝစေပြီး ယူကရိန်း အတွက်တော့ နောက်ထပ် အသက်တွေ စတေးရင်း တွင်းဆုံးကျစေမယ့် ကိစ္စမျိုးလို့ တုံ့ပြန်သွားပါတယ်။

နိုင်ငံတကာ

BBCရဲ့ အဆိုအရ စစ်ပွဲမှာ ရုရှား စစ်သည် ၅၀၀၀၀ ကျော် သေဆုံးခဲ့ပြီးဖြစ်ကြောင်း၊ ဒါဟာ ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလတုန်းက နောက်ဆုံးအကြိမ်အဖြစ် တရားဝင် ထုတ်ပြန်ခဲ့တဲ့ အသေအပျောက် စာရင်းထက် ၈ ဆ ပိုများနေတာဖြစ်ကြောင်း သိရပါတယ်။

နိုင်ငံတကာ

IAEAဟာ အရင်ကတည်းက ဇာပေါ့ရစ်ဇီရာ ဓာတ်အားပေးစက်ရုံ တိုက်ခိုက်ခံရနိုင်တဲ့ အခြေအနေနဲ့ ပတ်သက်ပြီး နှစ်ဖက်စလုံးကို အကြိမ်ကြိမ် သတိပေးခဲ့ဖူးပါတယ်။