Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ရုရှား စစ်လက်နက်တွေမှာ တရုတ် ပစ္စည်း အစိတ်အပိုင်းတွေ ပိုတွေ့လာရတယ်လို့ ယူကရိန်း စွပ်စွဲ

တရုတ်ကတော့ ရုရှားကို စစ်လက်နက်တွေ ထောက်ပံ့ တင်ပို့နေတာမျိုး လုံးဝ မရှိဘူးလို့ အစဉ်တစိုက် ငြင်းဆိုထားပါတယ်။ အခု ဗလာဆီယက်ခ်ရဲ့ ပြောဆိုမှုနဲ့ ပတ်သက်ပြီး တရုတ်နဲ့ ရုရှားတို့က ဘာမှ တိတိကျကျ မှတ်ချက်ပေး တုံ့ပြန်တာမျိုး မရှိသေးပါဘူး။

ရုရှား စစ်လက်နက်တွေမှာ တရုတ် ပစ္စည်း အစိတ်အပိုင်းတွေ ပိုတွေ့လာရတယ်လို့ ယူကရိန်း စွပ်စွဲ
ရုရှား စစ်လက်နက်တွေမှာ တရုတ် ပစ္စည်း အစိတ်အပိုင်းတွေ ပိုတွေ့လာရတယ်လို့ ယူကရိန်း စွပ်စွဲ

သိမ်းဆည်းရမိတဲ့ ရုရှား စစ်လက်နက်တွေမှာ တရုတ်လုပ် အစိတ်အပိုင်းတွေ တွေ့ရှိမှုတွေက တစ်နေ့ထက်တစ်နေ့ ပိုများလာတယ်လို့ ယူကရိန်း အစိုးရက ပြောကြားခဲ့ပါတယ်။

ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးရဲ့ အနီးကပ် အကြံပေး အရာရှိ တစ်ဦးဖြစ်တဲ့ ဗလာဒီဆလက်ဗ် ဗလာဆီယက်ခ်က ရုရှား စစ်လက်နက်တွေမှာ တရုတ်လုပ် ပစ္စည်း အစိတ်အပိုင်းတွေ ပိုမို တွေ့ရှိလာတဲ့အပေါ် စိုးရိမ်မိကြောင်း Reuters သတင်းဌာနနဲ့ အင်တာဗျူးမှာ ဝန်ခံ အတည်ပြုသွားပါတယ်။ ဗလာဆီယက်ခ်က အရေးယူ ပိတ်ဆို့မှုဆိုင်ရာ မူဝါဒတွေနဲ့ ပတ်သက်ပြီး ဇီလန်စကီးကို အကြံပေးနေတဲ့ အရာရှိ ဖြစ်ပါတယ်။

ရုရှားဟာ အနောက်မဟာမိတ် နိုင်ငံတွေရဲ့ ဘက်ပေါင်းစုံ တင်းတင်းကျပ်ကျပ် ပိတ်ဆို့မှုတွေကြောင့် လက်နက် ထုတ်လုပ်ရေး ကုန်ကြမ်းတွေ ရရှိဖို့ ပိုမို ခက်ခဲ ကျပ်တည်းလာကြောင်း၊ ဒီအခြေအနေမှာ တရုတ်ရဲ့ အကူအညီတွေ ဆက်ရနေမယ်ဆိုရင် ရုရှားအတွက် အသက်ရှူပေါက် ပြန်ချောင်သွားနိုင်ကြောင်း ဗလာဆီယက်ခ်က ဆိုပါတယ်။

တရုတ်ကတော့ ရုရှားကို စစ်လက်နက်တွေ ထောက်ပံ့ တင်ပို့နေတာမျိုး လုံးဝ မရှိဘူးလို့ အစဉ်တစိုက် ငြင်းဆိုထားပါတယ်။ အခု ဗလာဆီယက်ခ်ရဲ့ ပြောဆိုမှုနဲ့ ပတ်သက်ပြီး တရုတ်နဲ့ ရုရှားတို့က ဘာမှ တိတိကျကျ မှတ်ချက်ပေး တုံ့ပြန်တာမျိုး မရှိသေးပါဘူး။

Public Service Announcement

Public Service Announcement

ယူကရိန်း စစ်ထောက်လှမ်းရေးရဲ့ အဆိုအရ ရုရှားတပ်တွေ အသုံးပြုနေတဲ့ Orlan မောင်းသူမဲ့လေယာဉ် (ဒရုန်းတွေ)ရဲ့ လမ်းပြစနစ်တွေ၊ ရုရှားတင့်ကားတွေရဲ့ ပစ်ခတ်မှု ထိန်းချုပ်စနစ်တွေမှာ တရုတ် နည်းပညာ အစိတ်အပိုင်းတွေကို တွေ့ရှိလာရကြောင်း သိရပါတယ်။ အရင်က အဲဒီ နေရာတွေမှာ ဆွစ်ဇာလန်နဲ့ ပြင်သစ်လုပ် အစိတ်အပိုင်းတွေကို အသုံးပြုလေ့ ရှိပါတယ်။

တကယ်တမ်းမှာတော့ ရုရှားလုပ် စစ်လက်နက်တွေ သိမ်းဆည်းရမိတဲ့ထဲမှာ တရုတ်က ထုတ်လုပ်တဲ့ အစိတ်အပိုင်းတွေ အများကြီးကို တွေ့ရှိနေတယ်လို့ ဗလာဆီယက်ခ်က ဆက်ပြောပါတယ်။ ဒါ့အပြင် မူရင်းနိုင်ငံကို အတိအကျ မသိရတဲ့ အစိတ်အပိုင်းတွေကိုလည်း အနောက်မဟာမိတ် နိုင်ငံတွေရဲ့ အကူအညီနဲ့ စုံစမ်း စစ်ဆေးမှုတွေ လုပ်ဆောင်နေတယ်လို့ သူက အတည်ပြုသွားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်၊ လိုင်ဇာမြို့အပါအဝင် နယ်စပ်တကြောကို အာဏာသိမ်းစစ်တပ်က ဒီကနေ့ စက်တင်ဘာ ၂၄ရက်နေ့လည်ပိုင်းမှာ လေယာဉ်နဲ့ ကင်းထောက်မှု ဆက်လက်ပြုလုပ်ခဲ့တယ်လို့ ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

နိုင်ငံတကာ

ရုရှားသမ္မတ ဗလာဒီမာ ပူတင်ဟာ စစ်ပွဲတွေကို စတင်ဖြန့်ဝေ ဖန်တီးနေသူ တစ်ဦးဖြစ်တယ်လို့ ကုလသမဂ္ဂ (UN) အထွေထွေ ညီလာခံ မိန့်ခွန်းမှာ ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက စွပ်စွဲ ပြောကြားသွားပါတယ်။

နိုင်ငံတကာ

ဝါရှင်တန်ဒီစီကို ရောက်ရှိလာတဲ့ တရုတ် သမ္မတ ရှီကျင့်ဖျင်ကို အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က လေဆိပ်ထိ ဆင်းပြီး ကြိုဆိုခဲ့ပါတယ်။

သတင်း

တရုတ်နိုင်ငံမှာ အထည်အလိပ်စက်ရုံ မီးလောင်မှု ဖြစ်ပွားပြီး လူ ၈ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း သိရပါတယ်။

Facebook