Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ယူကရိန်း စစ်ပွဲကို ခေတ်ဟောင်း စစ်လက်နက်တွေ သုံးပြီး ဆက်တိုက်ရဖွယ် ရှိနေတဲ့ ရုရှား

မဟာဗျူဟာနဲ့ နိုင်ငံတကာ လေ့လာရေး စင်တာ (CSIS)က ရုရှားဟာ စစ်မြေပြင်မှာ ဆုံးရှုံးခဲ့တာတွေနဲ့ အနောက်မဟာမိတ် နိုင်ငံတွေဆီက တင်းကျပ်တဲ့ အရေးယူ ပိတ်ဆို့မှုတွေကြောင့် နည်းပညာမြင့် စစ်လက်နက် အသစ်တွေ စဉ်ဆက်မပြတ် ထုတ်လုပ်ရေးမှာ အကြီးအကျယ် ရုန်းကန်နေရတယ်လို့ မှတ်ချက် ပေးထားပါတယ်။

ယူကရိန်း စစ်ပွဲကို ခေတ်ဟောင်း စစ်လက်နက်တွေ သုံးပြီး ဆက်တိုက်ရဖွယ် ရှိနေတဲ့ ရုရှား
ယူကရိန်း စစ်ပွဲကို ခေတ်ဟောင်း စစ်လက်နက်တွေ သုံးပြီး ဆက်တိုက်ရဖွယ် ရှိနေတဲ့ ရုရှား

ယူကရိန်း စစ်ပွဲမှာ ရုရှား အနေနဲ့ စစ်လက်နက် အသစ်တွေ တိုးမြှင့် ထုတ်လုပ်ဖို့ ဘက်ပေါင်းစုံက အကျပ်တွေ့လာနေပေမယ့် စစ်လက်နက် အဟောင်းတွေကို ပြန်ထုတ်သုံးလာဖွယ် ရှိတယ်လို့ နိုင်ငံတကာရေးရာ လေ့လာသူတွေက သုံးသပ်ထားကြပါတယ်။

မဟာဗျူဟာနဲ့ နိုင်ငံတကာ လေ့လာရေး စင်တာ (CSIS)က ရုရှားဟာ စစ်မြေပြင်မှာ ဆုံးရှုံးခဲ့တာတွေနဲ့ အနောက်မဟာမိတ် နိုင်ငံတွေဆီက တင်းကျပ်တဲ့ အရေးယူ ပိတ်ဆို့မှုတွေကြောင့် နည်းပညာမြင့် စစ်လက်နက် အသစ်တွေ စဉ်ဆက်မပြတ် ထုတ်လုပ်ရေးမှာ အကြီးအကျယ် ရုန်းကန်နေရတယ်လို့ မှတ်ချက် ပေးထားပါတယ်။

ဒါပေမဲ့ ရုရှားအနေနဲ့ ဂိုဒေါင်ထဲ ထည့်သိမ်းထားတဲ့ စစ်လက်နက် အဟောင်းတွေကို ပြန်ထုတ်ယူလာပြီး ယူကရိန်း စစ်မြေပြင်မှာ ရေရှည် ဆက်လက် သုံးစွဲဖို့တော့ ဖူဖူလုံလုံ ရှိလိမ့်မယ်လို့ CSISက ဆိုပါတယ်။ အဲဒီ စစ်လက်နက် အဟောင်းတွေက ခေတ်မမီတော့ဘူး ဆိုရင်တောင် စစ်ပွဲရဲ့ သက်တမ်းကို ဆွဲဆန့်ဖို့ လုံလောက်တဲ့ ဖျက်ဆီးအား၊ ပစ်အားမျိုး ရှိနေနိုင်ပါတယ်။

ရှေ့လာမယ့် လပိုင်းတွေအတွင်း ရုရှားတပ်တွေက စစ်အေးခေတ်လက်ကျန် စစ်လက်နက် အဟောင်းအနွမ်းတွေကို ရှေ့တန်း စစ်မြေပြင်ဆီ ယူထုတ်လာမယ် ဆိုရင်လည်း မထူးဆန်းကြောင်း၊ တစ်ဖက်မှာတော့ ဒီအခြေအနေကြောင့် ရုရှားဟာ နည်းပညာပိုင်း အရေးနိမ့်တဲ့ အခြေအနေ ရင်ဆိုင်ရနိုင်ကြောင်း CSISရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

Public Service Announcement

Public Service Announcement

အစောပိုင်းမှာ ကတည်းက ရုရှား စစ်သုံးရထားတွေဟာ စစ်အေးခေတ် အစောပိုင်းက အသုံးပြုခဲ့ဖူးတဲ့ တိုက်ပွဲဝင် တင့်ကားတွေကို ရှေ့တန်းစစ်မြေပြင်ဆီ ပို့ဆောင်နေတဲ့ ဓာတ်ပုံ မှတ်တမ်းတွေ ထွက်ပေါ်ခဲ့ဖူးပါတယ်။ ရုရှား အစိုးရကတော့ စစ်တပ်အတွက် ခေတ်မီ စစ်လက်နက် အသစ်တွေ ထုတ်လုပ်ဖို့ ရုန်းကန်နေရတယ်ဆိုတဲ့ ခန့်မှန်း ပြောဆိုမှုတွေကို အစဉ်တစိုက် ငြင်းဆန်ထားပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အရှေ့အလယ်ပိုင်း ဒေသကို တပ်တွေ စေလွှတ်မှာ မဟုတ်ကြောင်း တောင်ကိုရီးယား သမ္မတ လီဂျေမြောင်က အတည်ပြု ပြောကြားလိုက်ပါတယ်။

နိုင်ငံတကာ

ရုရှားရဲ့ ဒရုန်းတွေ ထုတ်လုပ်တဲ့ စက်မှုလုပ်ငန်းတွေမှာ ပါဝင်အလုပ်လုပ်နေတဲ့ မြောက်ကိုရီးယား အလုပ်သမား ၂၅၀၀၀ လောက်ထိ ရှိနိုင်ကြောင်း သိရပါတယ်။

နိုင်ငံတကာ

အမေရိကန် အနေနဲ့ အာကာသကို စစ်မြေပြင် တစ်ခုအဖြစ် ပြောင်းလဲတာမျိုး မလုပ်သင့်သလို အာကာသ လက်နက်ပြိုင်ပွဲကိုလည်း အစမပြုသင့်ကြောင်း တရုတ်က သတိပေး ပြောကြားလိုက်ပါတယ်။ အလားတူ ရုရှားကလည်း အာကာသထဲမှာ အမေရိကန်ရဲ့ လက်နက်ဖြန့်ကျက်မှုတွေကို ကန့်ကွက်ခဲ့ပါတယ်။

နိုင်ငံတကာ

စွမ်းအင်ဆိုင်ရာ အဆောက်အအုံတွေကို အပြန်အလှန် ပစ်မှတ်ထား တိုက်ခိုက်မှုတွေ ဆက်မလုပ်ဖို့ ရုရှားရော၊ ယူကရိန်းကပါ သဘောတူခဲ့ကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။