Connect with us

Hi, what are you looking for?

နိုင်ငံတကာ

တိုက်ပွဲတွေ ပြင်းထန်လာတာကြောင့် ဆူဒန်က နိုင်ငံတကာ သံတမန်တွေကို အရေးပေါ် ရွှေ့ပြောင်း

ပြည်တွင်း ပဋိပက္ခတွေကြောင့် အမျိုးသမီးတွေ၊ ကလေးတွေ အများစု အပါအဝင် ဆူဒန်ပြည်သူ ၂ သောင်းလောက်ဟာ နယ်စပ်ကို ဖြတ်ပြီး အိမ်နီးချင်း ချတ်ဒ်နိုင်ငံကို ထွက်ပြေး ခိုလှုံနေကြတယ်လို့ ကုလသမဂ္ဂက ပြောကြားထားပါတယ်။

တိုက်ပွဲတွေ ပြင်းထန်လာတာကြောင့် ဆူဒန်က နိုင်ငံတကာ သံတမန်တွေကို အရေးပေါ် ရွှေ့ပြောင်း

ဆူဒန်နိုင်ငံရဲ့ မြို့တော်မှာ အာဏာလု တိုက်ပွဲတွေ အရှိန်မြင့်တက်လာတဲ့နောက် နိုင်ငံတော်တော်များများက သံတမန် ဝန်ထမ်းတွေ အရေးပေါ် ရွှေ့ပြောင်းရေးကို အရှိန်မြှင့် လုပ်ဆောင်လာပါတယ်။

အမေရိကန်ဟာ သံရုံးဝန်ထမ်းတွေ ရွှေ့ပြောင်းရေး ကူညီပေးဖို့အတွက် မြို့တော် ခါတွမ်ဆီ အထူး ကွန်မန်ဒို တပ်ဖွဲ့တွေ စေလွှတ်ပေးခဲ့ပါတယ်။ ပြင်သစ်၊ ဗြိတိန်၊ ဂျာမနီနဲ့ ဥရောပ သမဂ္ဂတို့ကလည်း သံတမန်ရေးရာ ဝန်ထမ်းတွေကို ခါတွမ်ကနေ ဖြစ်နိုင်သမျှ နည်းလမ်းတွေနဲ့ ရွှေ့ပြောင်းပေးနေကြောင်း ပြောပါတယ်။ ကနေဒါ အစိုးရကလည်း ခါတွမ်ရောက် သံအရာရှိတွေကို ပြန်ခေါ်ရေးကိစ္စ ဆောင်ရွက်နေပြီလို့ အတည်ပြုပါတယ်။

တခြားနိုင်ငံ အများအပြားကလည်း ဆူဒန်ရဲ့ လက်ရှိ ပြည်တွင်းရေး အခြေအနေကြောင့် သံရုံးဝန်ထမ်းတွေကို ပြန်ခေါ်ရေးကို အင်တိုက်အားတိုက် လုပ်ဆောင်နေပါတယ်။

ခါတွမ် နိုင်ငံတကာလေဆိပ်ရဲ့ လုပ်ငန်း အပြည့်အဝ မလည်ပတ်နိုင်သေးတာကြောင့် သံရုံး ဝန်ထမ်းတွေကို လေယာဉ်တွေနဲ့ ကယ်ထုတ်ရာမှာ ကန့်သတ်ချက်တွေ ကြီးကြီးမားမား ကြုံနေပေမယ့် နိုင်ငံတကာ အစိုးရတွေက ဖြစ်နိုင်ခြေ ရှိသမျှ နည်းလမ်း အားလုံးနဲ့ ကြိုးစားနေပါတယ်။ တချို့ နိုင်ငံခြားသားတွေကတော့ ရေလမ်းခရီးကို အသုံးပြုပြီး ခါတွမ်ကနေ ထွက်ခွာကုန်ကြပါတယ်။

Public Service Announcement

Public Service Announcement

အမေရိကန် အာဏာပိုင်တွေက သူတို့ဟာ သံရုံးမှာ ရှိနေတဲ့ လူ ၁၀၀ နီးပါးကို Chinook သယ်ယူပို့ဆောင်ရေး ရဟတ်ယာဉ် ၃ စီးနဲ့ မြန်မြန်ဆန်ဆန် ခေါ်ထုတ်ခဲ့တယ်လို့ ပြောပါတယ်။ အခုတော့ ခါတွမ်မှာရှိတဲ့ အမေရိကန် သံရုံးကို ပိတ်ထားလိုက်ပြီ ဖြစ်ပါတယ်။

ဆူဒန် စစ်တပ်နဲ့ အင်အားကြီးမားတဲ့ အရန်ပြည်သူ့စစ်တပ်တို့ကြား အာဏာလုကြရာက လွန်ခဲ့တဲ့ တစ်ပတ်လောက်ကစပြီး ခါတွမ်မြို့ထဲ တိုက်ပွဲတွေ စတင်လာခဲ့တာပါ။ တိုက်ပွဲတွေအတွင်း ကြားညပ်ပြီး သေဆုံးတဲ့ အရပ်သား အရေအတွက်ကလည်း ၅၀၀ လောက်ထိ များပြားလာပါတယ်။

မွတ်ဆလင်တွေရဲ့ ဘာသာရေး အထွဋ်အမြတ် ကာလဖြစ်တဲ့ အီးဒ်မှာ အပစ်အခတ် ယာယီ ရပ်စဲဖို့ ညှိနှိုင်းမှုတွေ ရှိခဲ့ပေမယ့် လက်တွေ့ အထမမြောက်ဘဲ နေ့တိုင်း အဆက်မပြတ်နီးပါး တိုက်ပွဲတွေ ဖြစ်နေကြောင်း မြို့ခံတွေက ပြောပါတယ်။ ခါတွမ်မှာ စစ်တပ်က တိုက်လေယာဉ်တွေကိုပါ အသုံးပြု တိုက်ခိုက်လာတဲ့အတွက် မြို့ခံတွေရဲ့ လုံခြုံမှုက ပိုပြီး စိုးရိမ်စရာ ဖြစ်နေပါတယ်။

ပြည်တွင်း ပဋိပက္ခတွေကြောင့် အမျိုးသမီးတွေ၊ ကလေးတွေ အများစု အပါအဝင် ဆူဒန်ပြည်သူ ၂ သောင်းလောက်ဟာ နယ်စပ်ကို ဖြတ်ပြီး အိမ်နီးချင်း ချတ်ဒ်နိုင်ငံကို ထွက်ပြေး ခိုလှုံနေကြတယ်လို့ ကုလသမဂ္ဂက ပြောကြားထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

AA ကစစ်​တွေရှိ စစ်တပ်ကာကင်းအနည်းဆုံး၃ခုနဲ့ ခြေကုတ်​နေရာ၄ခုကိုသိမ်းပိုက်ပြီး

သတင်း

စစ်တွေနဲ့ ပုဏ္ဏားကျွန်းမြို့နယ်အစပ်တိုက်ပွဲတွေအတွင်းအာဏာသိမ်းစစ်တပ်ရဲ့ကာကင်းအပါအဝင် ခြေကုတ်နေရာအချို့ကို အာရက္ခတပ်တော်(AA)က သိမ်းပိုက်ရရှိထားပြီး တိုက်ပွဲတပါတ်ကျော်အတွင်း ​နေရာ​လေးခုထက်မနည်းရှိပြီဖြစ်တယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

စစ်သုံ့ပန်း ၈၀ ခန့် ထွက်ပြေးသွားရာ လက်နက်အချို့ပါသွားတာဖြစ်လို့ တီးတိန်၊ ကပ်တဲလ်၊ လိုင်လုဲ(Laailui)နဲ့ မဏိပူရ်မြစ် ပတ်ဝန်းကျင်ဒေသတွေကို ခရီးသွားလာတာ၊ အပြင်ထွက်တာ ခဏတာ ရှောင်ကြဉ်ကြဖို့ အသိပေးကြောင်း PDF ဇိုလဲန်းက သတင်း ထုတ်ပြန်ပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်နဲ့ မံစီမြို့နယ်ကြား ကောင်ဂျာယန်ဒေသမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း စစ်တပ်က သေဆုံးထိခိုက်များခဲ့ပြီး စစ်သုံ့ပန်းတွေ ဖမ်းမိသလို ထွက်ပြေးစစ်သားတွေ ပုန်းအောင်းရာ နေရာတွေကို လိုက်လံရှင်းလင်းနေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။