Connect with us

Hi, what are you looking for?

သတင်း

ဖားကန့်တွင် စစ်​ကောင်စီတပ်မကြာခဏတိုက်ခိုက်ခံရပြီး​နောက် မြို့အဝင်ဂိတ်တွင်ဘန်ကာ​ဆောက်

ဖားကန့်တွင်စစ်ကောင်စီသည် KIA ၊PDF ပူးပေါင်းတပ်ဖွဲ့၏ တိုက်ခိုက်မှုကို မကြာခဏ ခံနေရပြီး တိုက်ခိုက်မှုတိုင်းတွင် အထိနာနေသည်။စစ်​ကောင်စီတပ်ကတိုက်ခိုက်ခံရပါက အရပ်သားများကို စစ်ကောင်စီ ပစ်မှတ်ထားတုန့်ပြန်ခြင်း ၊လက်နက်ကြီးဖြင့် ရမ်းသန်းပစ်ခတ်​ခြင်းပြုလုပ်လေ့ရှိ​ကြောင်း​ဒေသခံများက​ပြောသည်။

(စစ်တပ်က ဖားကန့်မြို့အဝင် လယ်ပြင်ဂိတ်တွင် ဘန်ကာ​ဆောက်လုပ်ထားသည်ကို​တွေ့ရစဥ်။ ဓါတ်ပုံ-Manau Voice)
(စစ်တပ်က ဖားကန့်မြို့အဝင် လယ်ပြင်ဂိတ်တွင် ဘန်ကာ​ဆောက်လုပ်ထားသည်ကို​တွေ့ရစဥ်။ ဓါတ်ပုံ-Manau Voice)

ဖားကန့်တွင် မကြာခဏတိုက်ခိုက်ခံ​နေရ​သော စစ်​ကောင်စီတပ်သည်ဖားကန့်မြို့အဝင်တွင်ကွန်ကရစ်ဘန်ကာအသစ်များတည်ဆောက်နေ​ကြောင်း​ဒေသခံများက​ပြောသည်။

ဖားကန့်မြို့အဝင်လုံးခင်းကျေးရွာရှိလယ်ပြင်ဂိတ်တွင်ကွန်ကရစ်ဘန်ကာ နှစ်ခု တည်ဆောက်နေသည်ကို တွေ့ရသည်ဟု ဒေသခံတစ်ဉီးကယနေ့(ဧပြီလ ၂၆ရက်) ပြောသည်။

“လယ်ပြင်ဂိတ်မှာဆောက်နေတာဗျ။ပြီးတောင်ပြီးတော့မယ်။ဒီဂိတ်က ဖားကန့်ရဲ့ အဝင် အဓိကဂိတ်ပဲ” ဟု ဒေသခံတစ်ဦးကပြောသည်။

Public Service Announcement
Public Service Announcement

စစ်ကောင်စီတပ်သည်ဖားကန့်တွင်မကြာခဏတိုက်ခိုက်ခံနေရသောကြောင့် ဘန်ကာတည်ဆောက်ခြင်းဖြစ်သလို လက်နက်အားကိုးပြီး ရမ်းသမ်းပစ်ခတ်လာနိုင်ကြောင်း ဖားကန့်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၏ ရဲဘော်တစ်ဦးကပြောသည်။

Public Service Announcement

Public Service Announcement

“ဘန်ကာဆောက်လည်းစစ်ခွေးအုပ်စုမလုံခြုံဘူး။ဒါပေမယ့် ပြည်သူ တွေအတွက်ကတော့ အန္တရာယ်ကြီးသွားမယ်လို့ထင်တယ်။ ဒီကောင်တွေကသံသယရှိတာနဲ့ဘန်ကာထဲကနေ ရမ်းပစ်မယ့်ကောင်တွေ”ဟု အဆိုပါ ထောက်ပို့ရဲ‌ ဘော်ကပြောသည်။

(စစ်တပ်က ဖားကန့်မြို့အဝင် လယ်ပြင်ဂိတ်တွင် ဘန်ကာ​ဆောက်လုပ်ထားသည်ကို​တွေ့ရစဥ်။ ဓါတ်ပုံ-Manau Voice)
(စစ်တပ်က ဖားကန့်မြို့အဝင် လယ်ပြင်ဂိတ်တွင် ဘန်ကာ​ဆောက်လုပ်ထားသည်ကို​တွေ့ရစဥ်။ ဓါတ်ပုံ-Manau Voice)

စစ်​ကောင်စီသာည် ရန်ကုန်မြို့တွင်လည်း မြို့ပြ​ပြောက်ကြားအဖွဲ့များက မကြာခဏအတိုက်ခံလာရပြီး​နောက် ဘန်ကာများ​ဆောက်ခဲ့သည်။

ဖားကန့်တွင်စစ်ကောင်စီသည် KIA ၊PDF ပူးပေါင်းတပ်ဖွဲ့၏ တိုက်ခိုက်မှုကို မကြာခဏ ခံနေရပြီး တိုက်ခိုက်မှုတိုင်းတွင် အထိနာနေသည်။စစ်​ကောင်စီတပ်ကတိုက်ခိုက်ခံရပါက အရပ်သားများကို စစ်ကောင်စီ ပစ်မှတ်ထားတုန့်ပြန်ခြင်း ၊လက်နက်ကြီးဖြင့် ရမ်းသန်းပစ်ခတ်​ခြင်းပြုလုပ်လေ့ရှိ​ကြောင်း​ဒေသခံများက​ပြောသည်။

ပြီးခဲ့သည့် မတ်လ ၁၈ရက်ညနေကလုံးခင်း‌ကျေးရွာမျောက်ကုန်းနေရာတွင် ကားဖြင့်လာသောစစ်ကောင်စီတပ်ကိုကေအိုင်အေ၊ PDF ပူးပေါင်းတပ်ဖွဲ့က လမ်းမှဖြတ်၍ တိုက်ခိုက်ခဲ့သည်။စစ်ကောင်စီတပ်ဖွဲ့ဝင်သုံးဦး သေဆုံးခဲ့ပြီးနောက် စစ်ကောင်စီတပ်က လက်နက်ကြီးများဖြင့်ပြန်ပစ်ရာ ပြည်သူ ခြောက်ဦးသေဆုံးခဲ့သည်။ပစ်ခတ်ခံရသည့်နေရာပတ်ဝန်းကျင်မှ နေအိမ်များကို စစ်ကောင်စီတပ်က ဘူဒိုဇာဖြင့် ထိုး၍ ဖျက်ဆီးခဲ့သည်။ဖားကန့်မြို့နယ် ဆိုင်းဘရာကျေးရွာအနီး ဧပြီလ ၁၈ရက်က တိုက်ပွဲတွင်လည်း ဒေသခံများကို ဖမ်းဆီးကာ ၎င်းတို့၏ စစ်ကြောင်းရှေ့တွင် ထားပြီး အကာအကွယ်ယူခဲ့သည်။

ထို့အပြင်ဖားကန့်မြို့၊ မရှီကထောင်ရပ်ကွက်ရှိ HAPPY KTV တွင် ဧပြီလ ၂၃ရက်နံနက်အစောပိုင်းကစစ်တပ်၏ တပ်မ ၃၃ လက်အောက်ခံတပ်ရင်းခလရ(၁၃)စစ်ကြောင်းမှူး ဒုဗိုလ်မှူးဇော်မောင် (DSA အပတ်စဥ် ၄၇)နှင့်အတူ ကျောက်စိမ်းလုပ်ငန်းရှင် အမျိုးသားနှစ်ဦးနှင့် အမျိုးသမီးနှစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံရသည်။ ဧပြီ ၂၄ရက် နံနက်တွင်ယလင်ကတည်းကဖမ်းထား​သော PDF တစ်ဦးနှင့် အရပ်သားတစ်ဦးကို စစ်တပ်က ပစ်သတ်ပြီး Happy KTV ရှေ့ အများပြည်သူမြင်ကွင်းတွင်ရုပ်အလောင်းကိုလာချသွားသည်။

ယမန်နေ့(ဧပြီလ ၂၅ရက်)ကလည်းဖားကန့်မြို့ မှော်ပုံနှင့် ကံဆီးရွာကြားတွင် KIA ၊PDF ပူးပေါင်းတပ်ဖွဲ့နှင့် စစ်ကောင်စီတိုက်ပွဲအပြင်းအထန်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီက လူနေကျေးရွာများဘက်သို့ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့သည်။ထို့အပြင် ဆန်ခါနှင့် မှော်ပုံကျေးရွာမှ အရပ်သား ၂၁၅ ဦးကို ဧပြီလ ၂၁ရက်က ဖမ်းဆီးခဲ့ပြီး လူသားတံတိုင်းကဲ့သို့ ပြုလုပ်ထားသည်ဟု တော်လှန်ရေးအင်အားစုများကပြောသည်။ ဖမ်းဆီးထားသူများအနက် ၂၅ဦးကို ယနေ့ ပြန်လွှတ်ပေးကြောင်း သတင်းထွက်ပေါ်‌နေသော်လည်း အသေးစိတ်မသိရသေးပေ။

(စစ်တပ်က ဖားကန့်မြို့အဝင် လယ်ပြင်ဂိတ်တွင် ဘန်ကာ​ဆောက်လုပ်ထားသည်ကို​တွေ့ရစဥ်။ ဓါတ်ပုံ-Manau Voice)

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အစ္စရေးကို တိုက်ခိုက်ခဲ့တဲ့ ဒုံးကျည်တွေ ပစ်လွှတ်နေပုံ ဗီဒီယိုတွေကို အီရန်က ထုတ်လွှင့် ပြသခဲ့ပါတယ်။

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

သတင်း

ရန်ကုန်မြို့စာသင်ကျောင်းတွေမှာ မိဘခေါ်လာမှ ကျောင်းအပ်လို့ရမယ့် စစ်ကောင်စီရဲ့ သတ်မှတ်ချက်ကြောင့် ကျောင်းနေအရွယ်ကလေးတွေအချို့ ကျောင်းအပ်ဖို့ အခက်အခဲဖြစ်နေတယ်လို့ ရန်ကုန်မြို့နေပြည်သူတွေက ပြောပါတယ်။

သတင်းဆောင်းပါး

ထီးချိုင့်၊ကသာ၊အင်း​တော်မြို့နယ်​တွေမှာစစ်တပ် စစ်ကြောင်းတွေကို တော်လှန်ရေးတပ်တွေက ပျောက်ကြားတိုက်ခိုက်ချိန်မှာ အလောင်းအများစုရဲ့ ယူနီဖောင်း​တွေဟာ စစ်မှုမထမ်းမ​နေရဥပ​ဒေနဲ့ အဓမ္မစု​ဆောင်းထားတဲ့ ၊​ပေါ်တာဆွဲထားတဲ့ စစ်သားသစ်​တွေရဲ့ပစ တံဆိပ်တွေဖြစ်နေတယ်လို့ ပျောက်ကြားတိုက်ခိုက်မှုမှာပါဝင်နေတဲ့ တော်လှန်ရေး ရဲဘော်တဦးက ပြောပါတယ်။