Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ဖားကန့်တွင်KIA၊PDFပူး​ပေါင်းတပ်နှင့်စစ်တပ်တိုက်ပွဲဖြစ်

စစ်ကောင်စီတပ်သည်ဆန်ခါနှင့်မှော်ပုံကျေးရွာမှအရပ်သား၂၁၅ ဦးကိုဧပြီလ ၂၁ရက်က ဖမ်းဆီးပြီး လူသားဒိုင်းအဖြစ်အသုံးပြုခဲ့ပြီးယနေ့(ဧပြီ ၂၅ ရက်)အထိဆက်လက်ဖမ်းဆီးထား​ကြောင်းဒေသခံများက​ပြောသည်။ အဆိုပါ​ပြည်သူများထဲက ၇၀ ဦးခန့်ကို စစ်တပ်ကလူသားဒိုင်းအဖြစ်ခေါ်၍ စစ်ကြောင်းထွက်ရန် ပြင်ဆင်နေစဉ် KIA ၊PDF ပူးပေါင်းတပ်ဖွဲ့နှင့်တိုက်ပွဲဖြစ်ပွား​နေခြင်းဖြစ်သည်။

KIA တပ်ဖွဲ့ဝင်အချို့ (ဓါတ်ပုံ-GettyImages)
KACHIN STATE, MYANMAR - 2010/10/20: Officers and soldiers of the Kachin Independence Army (KIA) check a Chinese made anti-aircraft machine gun set on a hilltop. With its 6,000 troops, the KIA is one of the best organized and equipped armed ethnic groups in Burma (Myanmar). In 1994, the KIA signed a cease-fire agreement with the Burmese junta. In April 2009, in the perspective of the November 7, 2010 general elections, the government ordered to the cease-fire ethnic groups to transform themselves into Border

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ မှော်ပုံနှင့် ကံဆီးရွာကြားတွင် ကချင်လွတ်လပ်​ရေးတပ်မ​တော် (KIA )၊PDF ပူးပေါင်းတပ်ဖွဲ့နှင့်စစ်ကောင်စီတပ်တို့ကြား ယနေ့ (ဧပြီလ ၂၅ရက်) နံနက် ၇နာရီခန့်မှစတင်၍ တိုက်ပွဲများအပြင်းအထန်ဖြစ်ပွားနေကြောင်း ဒေသခံများကပြောသည်။

“၇နာရီ ၁၅ကနေ စဖြစ်တာ။ တိုက်ပွဲက ပြင်းတယ်။ လုံးခင်းနဲ့ ကံဆီးဘက်ကို လာတာမျိုး ဒီမနက် ရှောင်ဖို့လိုတယ်”ဟု ဒေသခံတစ်ဦးက People’s Spring သတင်းဌာနသို့ပြောသည်။ တိုက်ပွဲမှာ ၁၀ နာရီ​ကျော်အထိ့ဖြစ်ပွား​နေ​ကြောင်း၎င်းကဆက်​ပြောသည်။

စစ်ကောင်စီတပ်သည်ဆန်ခါနှင့်မှော်ပုံကျေးရွာမှအရပ်သား၂၁၅ ဦးကိုဧပြီလ ၂၁ရက်က ဖမ်းဆီးပြီး လူသားဒိုင်းအဖြစ်အသုံးပြုခဲ့ပြီးယနေ့(ဧပြီ ၂၅ ရက်)အထိဆက်လက်ဖမ်းဆီးထား​ကြောင်းဒေသခံများက​ပြောသည်။ အဆိုပါ​ပြည်သူများထဲက ၇၀ ဦးခန့်ကို စစ်တပ်ကလူသားဒိုင်းအဖြစ်ခေါ်၍ စစ်ကြောင်းထွက်ရန် ပြင်ဆင်နေစဉ် KIA ၊PDF ပူးပေါင်းတပ်ဖွဲ့နှင့်တိုက်ပွဲဖြစ်ပွား​နေခြင်းဖြစ်သည်။

စစ်တပ်ကဖားကန့်မှ ပြည်သူများကို ဖမ်းဆီးထားစဥ်(ဓါတ်ပုံ-KNG)
စစ်တပ်ကဖားကန့်မှ ပြည်သူများကို ဖမ်းဆီးထားစဥ်(ဓါတ်ပုံ-KNG)

“အရပ်သားတွေကိုဖမ်းထားပြီးဒုက္ခပေးနေတာဗျာ။ ထမင်းကိုတောင် မိသားစုက လိုက်ပို့ရတယ်။ နေပူထဲမှာ ကြိုးတုပ်ထားတာ”ဟု မျက်မြင်တွေ့ရှိသော ဒေသခံတစ်ဦးကပြောသည်။

Public Service Announcement

Public Service Announcement

ယနေ့ တိုက်ပွဲသည်ဆက်ဖြစ်နေပြီး ပြင်ထန်နေဆဲဟု ဒေသခံများက ဆိုသည်။ တိုက်ပွဲတွင် နှစ်ဖက် ထိခိုက်​သေဆုံးမှုအခြေအနေအ​သေးစိပ်ကိုမူ မသိရသေးပေ။

Public Service Announcement
Public Service Announcement

ဖားကန့်မြို့၊ မရှီကထောင်ရပ်ကွက်ရှိ HAPPY KTV တွင် ယမန်နေ့ဧပြီလ ၂၃ရက်နံနက်အစောပိုင်းကစစ်ကောင်စီတပ်၏ တပ်မ ၃၃ လက်အောက်ခံတပ်ရင်း၊ ခလရ(၁၃)စစ်ကြောင်းမှူး ဒုဗိုလ်မှူးဇော်မောင် (DSA အပတ်စဥ် ၄၇)နှင့်အတူ ကျောက်စိမ်းလုပ်ငန်းရှင် အမျိုးသားနှစ်ဦးနှင့် အမျိုးသမီးနှစ်ဦးအား​မြို့ပြ​ပြောက်ကြားအဖွဲ့က သေနတ်ဖြင့်ပစ်သတ်ခဲ့သည်။

ထို​နောက် ဧပြီ ၂၄ရက် နံနက်တွင်စစ်​တပ်က ယခင်ကတည်းကဖမ်းဆီးထား​သော PDF တစ်ဦးနှင့် အရပ်သားတစ်ဦးကို ပစ်သတ်ပြီး Happy KTV ရှေ့ အများပြည်သူမြင်ကွင်းတွင် ရုပ်အလောင်းကို လာချထားခဲ့သည်။ ထို​နောက်ဖားကန့် တွင် စစ်​ရေးတင်မာ​နေပြီး လတ်လောအ‌ခြေအနေသည် အလွန်ရှုပ်ထွေးနေသည်ဟု ဒေသခံများကပြောသည်။

(KIA တပ်ဖွဲ့ဝင်အချို့ (ဓါတ်ပုံ-GettyImages) / စစ်တပ်ကဖားကန့်မှ ပြည်သူများကို ဖမ်းဆီးထားစဥ်(ဓါတ်ပုံ-KNG)

ဆက်စပ်သတင်းများ

သတင်း

စစ်ကူလာ​နေ​သော စစ်​ကောင်စီတပ်များကို ပြတ်ပြတ်သားသားတိုက်ခိုက်​ချေမှုန်းသွားမည်ဖြစ်​ကြောင်းကရင်အမျိုးသားအစည်းအရုံး(KNU )ပြော​​ရေးဆိုခွင့်ရှိသူ ပဒို​စော​တောနီးက မီဒီယာများအား ​ဧပြီ ၂၄ရက်တွင် ပြောကြားထားသည်။

အတွေးအမြင်

ဒီစစ်ဆင်​ရေးဟာ စစ်အုပ်စုက မြဝတီ ၊သဃ်န်းညီ​နောင် ကဆုံးရှုံးထားတဲ့ စစ်စခန်း​တွေကိုပြန်သိမ်းပိုက်နိုင်ဖို့ ရည်ရွယ်ထား​ပေမယ့် ထင်တိုင်းတိုးမ​ပေါက်ပဲ စစ်ဦးကျိုးပြီး စစ်ရှုံးပြီသွားဆိုရင်​တော့ စစ်​ကောင်စီ ပေးဆပ်ရမယ့် ဆုံးရှုံးမှုက အလွန်ကြီးမားပါလိမ့်မယ် ။ ။

သတင်း

KIA သတင်းပြန်ကြားရေးဌာန တာဝန်ခံဗိုလ်မှူးကြီးနော်ဘူကလည်း ဆင်ဘိုရှိ ခလရ(၁၄၁) တပ်ရင်း သိမ်းပိုက်နိုင်မှု သတင်းများ ကြားသိရသော်လည်းတရားဝင် စစ်ဘက် ဆိုင်ရာ သတင်းပေးပို့မှု မရသေးဟု ယနေ့ (ဧပြီ ၂၉ရက်) နံနက်တွင် ပြောသည်။

သတင်း

PIA ရဲဘော်သွင်ထူးအောင် (ခ)ဘိုင်အိုသည် ဧပြီ ၂၅ရက်က တိုက်ပွဲအတွင်း ကျဆုံးခဲ့ခြင်းဖြစ်ကြောင်း PIA က ယနေ့(‌ဧပြီ၂၈ရက်) သတင်းထုတ်ပြန်သည်။