Connect with us

Hi, what are you looking for?

သတင်း

ဖားကန့်တွင်KIA၊PDFပူး​ပေါင်းတပ်နှင့်စစ်တပ်တိုက်ပွဲဖြစ်

စစ်ကောင်စီတပ်သည်ဆန်ခါနှင့်မှော်ပုံကျေးရွာမှအရပ်သား၂၁၅ ဦးကိုဧပြီလ ၂၁ရက်က ဖမ်းဆီးပြီး လူသားဒိုင်းအဖြစ်အသုံးပြုခဲ့ပြီးယနေ့(ဧပြီ ၂၅ ရက်)အထိဆက်လက်ဖမ်းဆီးထား​ကြောင်းဒေသခံများက​ပြောသည်။ အဆိုပါ​ပြည်သူများထဲက ၇၀ ဦးခန့်ကို စစ်တပ်ကလူသားဒိုင်းအဖြစ်ခေါ်၍ စစ်ကြောင်းထွက်ရန် ပြင်ဆင်နေစဉ် KIA ၊PDF ပူးပေါင်းတပ်ဖွဲ့နှင့်တိုက်ပွဲဖြစ်ပွား​နေခြင်းဖြစ်သည်။

KIA တပ်ဖွဲ့ဝင်အချို့ (ဓါတ်ပုံ-GettyImages)
KACHIN STATE, MYANMAR - 2010/10/20: Officers and soldiers of the Kachin Independence Army (KIA) check a Chinese made anti-aircraft machine gun set on a hilltop. With its 6,000 troops, the KIA is one of the best organized and equipped armed ethnic groups in Burma (Myanmar). In 1994, the KIA signed a cease-fire agreement with the Burmese junta. In April 2009, in the perspective of the November 7, 2010 general elections, the government ordered to the cease-fire ethnic groups to transform themselves into Border

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ မှော်ပုံနှင့် ကံဆီးရွာကြားတွင် ကချင်လွတ်လပ်​ရေးတပ်မ​တော် (KIA )၊PDF ပူးပေါင်းတပ်ဖွဲ့နှင့်စစ်ကောင်စီတပ်တို့ကြား ယနေ့ (ဧပြီလ ၂၅ရက်) နံနက် ၇နာရီခန့်မှစတင်၍ တိုက်ပွဲများအပြင်းအထန်ဖြစ်ပွားနေကြောင်း ဒေသခံများကပြောသည်။

“၇နာရီ ၁၅ကနေ စဖြစ်တာ။ တိုက်ပွဲက ပြင်းတယ်။ လုံးခင်းနဲ့ ကံဆီးဘက်ကို လာတာမျိုး ဒီမနက် ရှောင်ဖို့လိုတယ်”ဟု ဒေသခံတစ်ဦးက People’s Spring သတင်းဌာနသို့ပြောသည်။ တိုက်ပွဲမှာ ၁၀ နာရီ​ကျော်အထိ့ဖြစ်ပွား​နေ​ကြောင်း၎င်းကဆက်​ပြောသည်။

စစ်ကောင်စီတပ်သည်ဆန်ခါနှင့်မှော်ပုံကျေးရွာမှအရပ်သား၂၁၅ ဦးကိုဧပြီလ ၂၁ရက်က ဖမ်းဆီးပြီး လူသားဒိုင်းအဖြစ်အသုံးပြုခဲ့ပြီးယနေ့(ဧပြီ ၂၅ ရက်)အထိဆက်လက်ဖမ်းဆီးထား​ကြောင်းဒေသခံများက​ပြောသည်။ အဆိုပါ​ပြည်သူများထဲက ၇၀ ဦးခန့်ကို စစ်တပ်ကလူသားဒိုင်းအဖြစ်ခေါ်၍ စစ်ကြောင်းထွက်ရန် ပြင်ဆင်နေစဉ် KIA ၊PDF ပူးပေါင်းတပ်ဖွဲ့နှင့်တိုက်ပွဲဖြစ်ပွား​နေခြင်းဖြစ်သည်။

စစ်တပ်ကဖားကန့်မှ ပြည်သူများကို ဖမ်းဆီးထားစဥ်(ဓါတ်ပုံ-KNG)
စစ်တပ်ကဖားကန့်မှ ပြည်သူများကို ဖမ်းဆီးထားစဥ်(ဓါတ်ပုံ-KNG)

“အရပ်သားတွေကိုဖမ်းထားပြီးဒုက္ခပေးနေတာဗျာ။ ထမင်းကိုတောင် မိသားစုက လိုက်ပို့ရတယ်။ နေပူထဲမှာ ကြိုးတုပ်ထားတာ”ဟု မျက်မြင်တွေ့ရှိသော ဒေသခံတစ်ဦးကပြောသည်။

Public Service Announcement

Public Service Announcement

ယနေ့ တိုက်ပွဲသည်ဆက်ဖြစ်နေပြီး ပြင်ထန်နေဆဲဟု ဒေသခံများက ဆိုသည်။ တိုက်ပွဲတွင် နှစ်ဖက် ထိခိုက်​သေဆုံးမှုအခြေအနေအ​သေးစိပ်ကိုမူ မသိရသေးပေ။

Public Service Announcement
Public Service Announcement

ဖားကန့်မြို့၊ မရှီကထောင်ရပ်ကွက်ရှိ HAPPY KTV တွင် ယမန်နေ့ဧပြီလ ၂၃ရက်နံနက်အစောပိုင်းကစစ်ကောင်စီတပ်၏ တပ်မ ၃၃ လက်အောက်ခံတပ်ရင်း၊ ခလရ(၁၃)စစ်ကြောင်းမှူး ဒုဗိုလ်မှူးဇော်မောင် (DSA အပတ်စဥ် ၄၇)နှင့်အတူ ကျောက်စိမ်းလုပ်ငန်းရှင် အမျိုးသားနှစ်ဦးနှင့် အမျိုးသမီးနှစ်ဦးအား​မြို့ပြ​ပြောက်ကြားအဖွဲ့က သေနတ်ဖြင့်ပစ်သတ်ခဲ့သည်။

ထို​နောက် ဧပြီ ၂၄ရက် နံနက်တွင်စစ်​တပ်က ယခင်ကတည်းကဖမ်းဆီးထား​သော PDF တစ်ဦးနှင့် အရပ်သားတစ်ဦးကို ပစ်သတ်ပြီး Happy KTV ရှေ့ အများပြည်သူမြင်ကွင်းတွင် ရုပ်အလောင်းကို လာချထားခဲ့သည်။ ထို​နောက်ဖားကန့် တွင် စစ်​ရေးတင်မာ​နေပြီး လတ်လောအ‌ခြေအနေသည် အလွန်ရှုပ်ထွေးနေသည်ဟု ဒေသခံများကပြောသည်။

(KIA တပ်ဖွဲ့ဝင်အချို့ (ဓါတ်ပုံ-GettyImages) / စစ်တပ်ကဖားကန့်မှ ပြည်သူများကို ဖမ်းဆီးထားစဥ်(ဓါတ်ပုံ-KNG)

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း၊မလှိုင်မြို့နယ်တောင်ဘက်ပိုင်းကို တိုက်ပွဲမရှိဘဲ စစ်တပ်က လေကြောင်းတိုက်ခိုက်မှုတွေဆက်တိုက်ပြုလုပ်နေပြီး မိတ္ထီလာ-‌ ကျောက်ပန်းတောင်းလမ်းပိုင်းကို အင်အားဖြည့်တာတွေ ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ် ရွှေဘုန်းမြင့်ကျေးရွာက စစ်တပ်စခန်း ၁ခုကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က သိမ်းပိုက်နိုင်ခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

တပ်မ (၄၄)က စစ်ကောင်စီတပ်သားက စစ်သုံ့ပန်းအဖြစ် ဖမ်းမိတဲ့ PDF ရဲဘော်တစ်ဦးကို ထမီခြုံပေးပြီး ဗိုလ်ကြီးအမိန့်ရတာနဲ့ သူကိုယ်တိုင်ပစ်သတ်မယ်လို့ ခြိမ်းခြောက်နေတဲ့ရုပ်သံ ထွက်ပေါ်လာပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်က ရခိုင်ပြည်နယ်က ရှေးဟောင်းမြို့တော်ဖြစ်တဲ့ မြောက်ဦးမြို့အနီးဝန်းကျင်နေရာတွေကို ဂျက်ဖိုက်တာ ၆စီး၊ ထောက်ပို့လေယာဉ် Y12တို့နဲ့ အုပ်စုလိုက် ဒီ​နေ့ညမှာဗုံးကြဲနေပြီးအလုံးရေဆယ်ချီရှိနေပြီဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။