မုံရွာမြို့ ကျောက္ကာလမ်း မိုးကောင်းဘုရားအနီး Mytel ရုံးရှေ့တွင် ယနေ့ညနေက ရဲတစ်ဦးအားပစ်သတ်ပြီး လက်နက်တစ်လက်သိမ်းဆည်းရမိခဲ့ကြောင်းMPDF-မုံရွာပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ထုတ်ပြန်သည်။
ထိုစစ်ကောင်စီတပ်ဖွဲ့ဝင်ကို သုတ်သင်ပြီးသိမ်းဆည်းနိုင်ခဲ့သည့် သေနတ်တွင် ကျည်နှစ်တောင့်သာပါရှိသည်ဟုလည်းဆိုသည်။ ၎င်းကို သေနတ်ကျည် ငါးတောင့် အသုံးပြု၍ MPDFက သုတ်သင်ခဲ့ပြီး ၎င်းထံမှ G3 သေနတ်တစ်လက်နှင့်သေနတ်အတွင်း ကျည်နှစ်တောင့်သာ တွေ့ရှိခဲ့သောကြောင့် ကျည် သုံးတောင့်အရှုံးပေါ်ပြီး ကျည်ကိုပိုမိုချွေတာရမည်ဟုလည်း ရေးသားထားသည်။
“လုံခြုံရေးယူတဲ့ ရဲဘော်တွေကို ကျည်နှစ်တောင့်ပဲ ထည့်ထားတဲ့ သေနတ်တလက် ပေးထားတဲ့ တပ်မတော်ကြီးကို ဩချယူရပါတယ်”ဟု MPDFက သရော်ထားသည်။
ထို့အပြင် ” ပစ္စည်းသည် ပြည်သူ့ဘဏ္ဍာအသုံးပြု ထုတ်လုပ်ထားသည့်အတွက် ပြည်သူပိုင်ပစ္စည်း ပြည်သူ ပြန်ယူခြင်းဖြစ်သည်… လုယူခြင်းမဟုတ် “ဟု မှတ်ချက်အနေဖြင့်လည်းဖော်ပြထားသည်။
စစ်ကောင်စီတပ်ဖွဲ့ဝင်များအနေဖြင့် အကြမ်းဖက် စစ်အုပ်စု၏ လက်ကိုင်တုတ်များအဖြစ်မှ နှုတ်ထွက်ပြီးပြည်သူ့ထံ အလင်းဝင်ကြရန်လည်း MPDFက သတိ့ပေးထားသည်။
ထိုအပြင် အာဏာသိမ်းစစ်ကောင်စီတပ်များကို ပျောက်ကြားစစ်ဆင်နွဲနေသဖြင့် ပြည်သူများမထိ့ခိုက်စေရန် ကားများအနေဖြင့် မှန်ချမောင်းနှင့်ရန် ၊စစ်ကောင်စီတပ်များကိုကူညီပေးခြင်း အဆက်အဆံပြုလုပ်ခြင်းရှောင်ကျဥ်ရန် ၊ တိုက်ပွဲသတင်းများကိုလည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များဘေးကင်းစွာနေရာရွေ့ပြောင်းနိုင်ရန် ဖေစ်ဘွခ်လူမှုကွန်ယက်ပေါ်သို့ အလျှင်စလိုမတင်ကြဘဲ သိုသိပ်စွာနေရန် MPDFက မေတ္တာရပ်ခံထားသည်။
ယနေ့ ညဦးပိုင်းတွင် စစ်ကောင်စီတပ်များသည် မြို့အဝင်အထွက်များအပြင် ရပ်ကွက်တွင်းသို့ အရပ်ဝတ်များဖြင့် လှည့်လည်နေသည်။