Connect with us

Hi, what are you looking for?

News

မုံရွာ MyTel ရုံး​​ရှေ့တွင်စစ်​ကောင်စီလက်​အောက်ခံရဲကိုပစ်သတ်ပြီးလက်နက်ပါသိမ်းဆည်းရရှိဟု MPDF ထုတ်ပြန်

“လုံခြုံရေးယူတဲ့ ရဲဘော်တွေကို ကျည်နှစ်တောင့်ပဲ ထည့်ထားတဲ့ သေနတ်တလက် ပေးထားတဲ့ တပ်မတော်ကြီးကို ဩချယူရပါတယ်”ဟု MPDFက သရော်ထားသည်။

မုံရွာမြို့ ကျောက္ကာလမ်း မိုးကောင်းဘုရားအနီး Mytel ရုံးရှေ့တွင် ယ​နေ့ည​နေက ရဲတစ်ဦးအားပစ်သတ်ပြီး လက်နက်တစ်လက်သိမ်းဆည်းရမိခဲ့​ကြောင်းMPDF-မုံရွာပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ထုတ်ပြန်သည်။

ထိုစစ်ကောင်စီတပ်ဖွဲ့ဝင်ကို သုတ်သင်ပြီးသိမ်းဆည်းနိုင်ခဲ့သည့် သေနတ်တွင် ကျည်နှစ်တောင့်သာပါရှိသည်ဟုလည်းဆိုသည်။ ၎င်းကို သေနတ်ကျည် ငါးတောင့် အသုံးပြု၍ MPDFက သုတ်သင်ခဲ့ပြီး ၎င်းထံမှ G3 သေနတ်တစ်လက်နှင့်သေနတ်အတွင်း ‌ကျည်နှစ်တောင့်သာ တွေ့ရှိခဲ့​သော​ကြောင့် ကျည် သုံးတောင့်အရှုံး​ပေါ်ပြီး ကျည်ကိုပိုမို​​ချွေတာရမည်ဟုလည်း ​​​ရေးသားထားသည်။

“လုံခြုံရေးယူတဲ့ ရဲဘော်တွေကို ကျည်နှစ်တောင့်ပဲ ထည့်ထားတဲ့ သေနတ်တလက် ပေးထားတဲ့ တပ်မတော်ကြီးကို ဩချယူရပါတယ်”ဟု MPDFက သရော်ထားသည်။

ထို့အပြင် ” ပစ္စည်းသည် ပြည်သူ့ဘဏ္ဍာအသုံးပြု ထုတ်လုပ်ထားသည့်အတွက် ပြည်သူပိုင်ပစ္စည်း ပြည်သူ ပြန်ယူခြင်းဖြစ်သည်… လုယူခြင်းမဟုတ် “ဟု မှတ်ချက်အ​နေဖြင့်လည်း​​ဖော်ပြထားသည်။
စစ်ကောင်စီတပ်ဖွဲ့ဝင်များအနေဖြင့် အကြမ်းဖက် စစ်အုပ်စု၏ လက်ကိုင်တုတ်များအဖြစ်မှ နှုတ်ထွက်ပြီးပြည်သူ့ထံ အလင်းဝင်ကြရန်လည်း MPDFက သတိ့​ပေးထားသည်။

Public Service Announcement

Public Service Announcement

ထိုအပြင် အာဏာသိမ်းစစ်​ကောင်စီတပ်များကို ​ပျောက်ကြားစစ်ဆင်နွဲ​နေသဖြင့် ပြည်သူများမထိ့ခိုက်​စေရန် ကားများအ​နေဖြင့် မှန်ချ​မောင်းနှင့်ရန် ၊စစ်​ကောင်စီတပ်များကိုကူညီ​ပေးခြင်း အဆက်အဆံပြုလုပ်ခြင်း​ရှောင်ကျဥ်ရန် ၊ တိုက်ပွဲသတင်းများကိုလည်း ​ ပြည်သူ့ကာကွယ်​ရေးတပ်ဖွဲ့ဝင်များ​ဘေးကင်းစွာ​​နေရာရွေ့​ပြောင်းနိုင်ရန် ဖေစ်ဘွခ်လူမှုကွန်ယက်​ပေါ်သို့ အလျှင်စလိုမတင်ကြဘဲ သိုသိပ်စွာ​နေရန် MPDFက ​​မေတ္တာရပ်ခံထားသည်။

ယနေ့ ညဦးပိုင်းတွင် စစ်ကောင်စီတပ်များသည် မြို့အဝင်အထွက်များအပြင် ရပ်ကွက်တွင်းသို့ အရပ်ဝတ်များဖြင့် လှည့်လည်နေသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာ ဒီကနေ့ ဩဂုတ် ၂ရက် ညနေပိုင်းက ကားဆီတန်းပြန်လာတဲ့ လူငယ် အပါအဝင် ၁၃ ဦးထက်မနည်းကို စစ်တပ်က ရိုက်နှက်ပေါ်တာဆွဲသွားကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်က သစ်ညိုပင်ကျေးရွာဘုန်းကြီးကျောင်းကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ ကလေးငယ်တွေအပါအဝင် ပြည်သူ ၁၂ ဦး ဒဏ်ရာရပြီး ဘုန်းကြီးကျောင်းအပါအဝင် ပျက်စီးမှုတွေ ရှိခဲ့ကြောင်း မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ ချင်းတွင်းမြစ်အတွင်းမှာ စက်လှေတိမ်းမှောက်ပြီး အလုပ်ပြန် သင်္ဘောကျင်းလုပ်သား ၅ ဦး ပျောက်ဆုံးနေကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

မုံရွာမြို့မှာ အာဏာသိမ်း စစ်တပ်နဲ့ ရဲတွေက ၆ ရက်အတွင်း လူငယ်နဲ့ လူလတ်ပိုင်း ၁၈၀ ကျော်ကို ပေါ်တာဆွဲဖမ်းဆီးပြီး အနောက်မြောက် တိုင်းစစ်ဌာနချုပ် (နမခ) အတွင်း ပို့ဆောင်လိုက်ကြောင်း ဒေသခံတွေက ပြောပါတယ်။