Connect with us

Hi, what are you looking for?

News

KIAကြီးကြပ်သည့် PDF ပူးပေါင်းအဖွဲ့က တိုက်ခိုက်၍ စစ်ကောင်စီတပ်သား ၂၅ဦးကျော်ထပ်မံသေ၍ နှစ်ရက်အတွင်း စစ်ကောာင်စီတပ်သား ၄၀​ကျော်​သေ၊ လက်နက်ခဲယမ်းများစွာ သိမ်းဆည်းရမိဟု NUG ထုတ်ပြန်

ကချင်လက်နက်ကိုင်အဖွဲ့(KIA) ကြီးကြပ်သည့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များနှင့် အာဏာသိမ်းစစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်၍ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၅ဦး​ကျော်ထပ်မံသေဆုံး၍ တိုက်ပွဲနှစ်ရက်အတွင်း စစ်​ကောင်စီတပ်သား ၄၀​ကျော်​သေဆုံးခဲ့​ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီး ဌာန၏ နေ့စဉ်စစ်ရေးသတင်းထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

ယနေ့ (စက်တင်ဘာ ၂၄ရက်) နေ့လည် ၁၁နာရီ ၅၀မိနစ်တွင် ပင်လည်ဘူးမြို့နယ် အင်္ဂါးကျေးရွာ နှင့် ဆားတောင်ပုံ ကျေးရွာကြား တောတွင်း၌ ကောလင်းမြို့နယ်ကာလာကျေးရွာဘက်မှလာသော အာဏာသိမ်းအကြမ်း ဖက် စစ်ကောင်စီတပ်သား ၁၀၀ ခန့်နှင့် KIA ကြီးကြပ်သော ကောလင်း၊ ဝန်းသို၊ ပင်လည်ဘူး ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားခဲ့သည်ဟုဆို သည်။

နေ့လည်ပိုင်းတွင် မိုးသည်းထန်စွာရွာသွန်းသဖြင့် တိုက်ပွဲခေတ္တအရှိန်တန့်ခဲ့ပြီး ဆက်လက်ဖြစ်ပွားရာ အကြမ်းဖက်စစ်အုပ်စုမှ ၂၅ယောက်နှင့်အထက် သေဆုံးပြီး ထိခိုက်ဒဏ်ရာရမှုများစွာဖြင့် ဆုတ်ခွာသွားကြောင်း၊ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များဘက်မှ ၅ဦး မစိုးရိမ်ရ ဒဏ်ရာ ရရှိခဲ့ပြီး စစ်ကောင်စီတပ်၏ လက်နက်ကြီး RPG ၁လက်၊ ၆၀ မမ ၁လက်၊ ခြင်းကြား အလုံး ၅၀နှင့် လက်နက်ငယ်များ သိမ်းဆည်းရမိခဲ့ကြောင်း ထုတ်ပြန် သည်။

စက်တင်ဘာ ၂၂ရက် ညနေပိုင်းကလည်း စစ်ကိုင်းတိုင်း ပင်လည်ဘူးမြို့နယ်ရှိ မူးမြစ်တံတားပေါ်၌ ကောလင်း၊ ကသာ၊ ပင်လည်ဘူးမှ ပြည်သူ့ကာကွယ်ရေးပူးပေါင်းအဖွဲ့များ နှင့် အာဏာသိမ်း အကြမ်းဖက် စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ ၁၅ဦးသေဆုံးပြီး ဗိုလ်ကြီးတစ်ဦး ပေါင်းရိုးကျိုးသွားကြောင်းလည်း ဖော်ပြထားသည်။

Public Service Announcement

Public Service Announcement

အဆိုပါတိုက်ပွဲ၌ စစ်ကောင်စီတပ်၏ လက်နက်အများအပြားကိုလည်း ပြည်သူ့ကာကွယ်ရေးအဖွဲ့ များမှ သိမ်းဆည်းရရှိခဲ့ကြောင်း ထုတ်ပြန်သည်။

ကာကွယ်ရေးဝန်ကြီးဌာန၏ စစ်ရေးသတင်းဖော်ပြချက်နှင့်ပတ်သက်၍ KIA သတင်းနှင့် ပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက တိုက်ပွဲဖြစ်စဉ်နှင့်ပတ်သက်၍ သတင်းမကြားသိရသေးဟု ပြောသည်။

သို့ရာတွင် နယ်မြေချင်းဆက်စပ်သည့်ဒေသများ၌ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနှင့် KIA တပ်များ ပူးပေါင်းဆောင်ရွက်မှုရှိနိုင်ကြောင်း ၎င်းကဆိုသည်။

” ဆက်စပ်တဲ့နယ်မြေမှာကတော့ (ပူးပေါင်းဆောင်ရွက်မှု)ရှိမှာပါ။ ဆက်စပ်တဲ့ဒေသမှာကတော့ ပူးပေါင်းမှုတော့ ရှိမှာပါ။ ဒါပေမဲ့ တကယ့် စီမံကိန်းနဲ့ စစ်ဆင်ရေးလုပ်တဲ့နေရာကတော့ အခုထက်ထိကတေ့ ကျွန်မတော်မကြားမိပါဘူး” ဟု ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

ကချင်ပြည်နယ်တွင်း၌မူလတ်တလောတွင် စစ်ရေးတင်းမာသည့်အနေအထားမရှိကြောင်း၊ သို့ရာတွင် စစ်ကောင်စီတပ်ဘက်က လှုပ်ရှားလာပါက တိုက်ပွဲဖြစ်ရန်များကြောင်း ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

KIA အနေဖြင့် ကချင်နှင့် စစ်ကိုင်း အစပ်ရှိဒေသများ၌ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနှင့် ပူးပေါင်းပြီး စစ်ကောင်စီတပ်ကို ခုခံတိုက်ခိုက်ခြင်းများ ယခင်ကလည်း ပြုလုပ်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်နဲ့ ရှမ်းမြောက်က မဘိမ်းမြို့နယ် ငါးအိုးကျေးရွာအကြားမှာ တိုက်ပွဲတွေ ပြင်းထန်ခဲ့ပြီး စစ်တပ် အထိနာခဲ့တယ်လို့ ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

တော်လှန်ရေးစိုးမိုးနယ်မြေအတွင်း လောင်းကစားဝိုင်းတွေ ချက်ချင်းရပ်တန့်ကြဖို့နဲ့ ဆက်လက်လုပ်ဆောင်ပါက ဖမ်းဆီးအရေးယူမယ့်အပြင် အသက် (၁၈) နှစ်မှ (၃၀) နှစ်ကြား လူငယ်တွေကို စစ်သင်တန်းပေးကာ တော်လှန်ရေးရဲဘော်အဖြစ် တာဝန်ပေးအပ်သွားမှာဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ပခုက္ကူခရိုင် တပ်ရင်း(၁၅)နဲ့ ယင်းမာပင်ခရိုင် အမှတ်(၁၁)တပ်ရင်းတို့က ပူးတွဲသတိပေး ထုတ်ပြန်ပါတယ်။

သတင်း

တတက(၁၃)ကျောင်းအုပ်ကြီးနဲ့အမှတ်(၄)လေကြောင်းချီတပ်မဟာကွပ်ကဲမှုဌာနချုပ် ဗိုလ်မှူးချုပ် ၂ဦး ဒဏ်ရာရ

သတင်း

မန္တလေး PDF တပ်ဖွဲ့စည်းပုံ ပြောင်းလဲချိန် လွှဲပေးရမယ့် ဘဏ္ဍာရေးနဲ့ရွှေလုပ်ငန်းဆိုင်ရာ စာရင်းတွေ ဖျက်ဆီးခဲ့ဟု ဖော်ပြ