Connect with us

Hi, what are you looking for?

သတင်း

KNU တပ်မဟာ ၆ နယ်မြေထဲ ဗုံးကြဲလို့ ရွာသား ၂၀၀ ကျော် တိမ်းရှောင်နေရ

ဒီလို ထွက်ပြေးနေကြရတဲ့ ဒေသခံတွေအတွက် အမိုးအကာနဲ့ စားနပ်ရိက္ခာအရေးပေါ် လိုအပ်နေတယ်လို့လည်းအသိပေးထားပါတယ်။

KNU တပ်မဟာ ၆ နယ်မြေထဲ ဗုံးကြဲလို့ ရွာသား ၂၀၀ ကျော် တိမ်းရှောင်နေရ

KNU တပ်မဟာ ၆ နယ်မြေ ဒူပလာယာခရိုင်ထဲက ပနွဲ့ဖိုးကလိုးကျေးရွာကို စစ်ကောင်စီတပ်ရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့် ရွာသား ၂၀၀ ကျော်တိမ်းရှောင်နေကြရပြီး အမိုးအကာနဲ့ စားနပ်ရိက္ခာ အရေးပေါ်လိုအပ်နေတယ်လို့ ကရင်လူ့အခွင့်အရေးအဖွဲ့(KHRG) ဒီနေ့မှာအသိပေးလိုက်ပါတယ်။

လေကြောင်းတိုက်ခိုက်ခံရလို့ ထိခိုက်ပျက်စီးမှုဓာတ်ပုံမှတ်တမ်းတွေကို တပါတည်းထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ အင်္ဂါနေ့ မေလ ၂၃ ရက် ညပိုင်းမှာ ပနွဲ့ဖိုးကလိုးကျေးရွာ ဗုံးကြဲခံရတာပါ။ အဲဒီဗုံးကြဲတိုက်ခိုက်ခံရမှုအတွင်းဘုရားကျောင်းနဲ့ ကျောင်းဘော်ဒါဆောင် ပျက်စီးသွားတယ်လို့သိရပါတယ်။

ဒါအပြင် လူနေအိမ် ၂ လုံးလည်း ပျက်စီးခဲ့ပါတယ်။ဒေသခံရွာသားတွေ ထိခိုက်မှုမရှိကြပေမယ့် ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ KHRGကဆိုထားပါတယ်။

Public Service Announcement

Public Service Announcement

KNU တပ်မဟာ ၆ နယ်မြေထဲ ဗုံးကြဲလို့ ရွာသား ၂၀၀ ကျော် တိမ်းရှောင်နေရ
KNU တပ်မဟာ ၆ နယ်မြေထဲ ဗုံးကြဲလို့ ရွာသား ၂၀၀ ကျော် တိမ်းရှောင်နေရ

ဒီလို ထွက်ပြေးနေကြရတဲ့ ဒေသခံတွေအတွက် အမိုးအကာနဲ့ စားနပ်ရိက္ခာအရေးပေါ် လိုအပ်နေတယ်လို့လည်းအသိပေးထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်တပ်က ရခိုင်ပြည်နယ်၊ သံတွဲမြို့ကို ဒီကနေ့ ဩဂုတ်၃ရက် မနက်မှာ Jet တိုက်လေယာဉ်တွေနဲ့ အုပ်စုလိုက် ဗုံးကြဲတိုက်ခိုက်နေတယ်လို့ အာရက္ခတပ်တော်(AA) က ကနဦး ထုတ်ပြန်ပါတယ်။

သတင်း

မန္တလေးတိုင်း၊မိတ္ထီလာခရိုင်ထဲကမလှိုင်မြို့နယ်မှာတိုက်ပွဲဖြစ်တာမရှိဘဲ အာဏာသိမ်းစစ်တပ်ကစက်တပ်လေထီးနဲ့ ဗုံးကြဲတာကြောင့်ပြီးခဲ့တဲ့ ရက်ပိုင်းဇူလိုင်လ ၃၁ ရက်ညနေပိုင်းကအသက် ၆၀ အရွ​ယ်အမျိုးသမီးတစ်ဦးသေဆုံးခဲ့ရတယ်လို့ နယ်ခံအချို့ဆီကသိရပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်ရဲ့အနောက်မြောက်တိုင်းစစ်ဌာနချုပ်အခြေစိုက်ရာ မုံရွာမြို့ နဲ့ မိုင် ၃၀ ခန့်အကွာမှာရှိတဲ့ကနီမြို့နယ်ထဲကယာကြီးရွာရှိ စက်သုံးဆီဆိုင်ကိုမနေ့ (သြဂုတ်လ ၁ ရက်)နေ့ခင်းပိုင်းမှာလေကြောင်းတိုက် ခိုက်တာကြောင့် အရပ်သားအမျိုးသားတစ်ဦး သေဆုံးသွားတယ်လို့ နယ်ခံအချို့ဆီကသိရပါတ​ယ်။

ဆောင်းပါး

“အနက်ရောင်နယ်မြေထဲက စာသင်ကျောင်းတဲ့” မြန်မာနိုင်ငံ အလယ်ပိုင်းဒေသ ကျေးရွာတခုရဲ့ မူလတန်းကျောင်း မိဘ၊ဆရာတွေ့ဆုံပွဲက ပြန်လာကြတဲ့ ကျောင်းသားမိဘတွေဆီက ကြားရတဲ့ စကားပါ။