Connect with us

Hi, what are you looking for?

News

ဒူပလာယာခရိုင်ထဲ KNU နဲ့စစ်ကောင်စီတပ်တွေ ၂ ကြိမ် ပစ်ခတ်မှုဖြစ်ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၅ ဦးသေ

မွန်းလွဲ ပိုင်း ၂ နာရီလောက်မှာလည်း အဲဒီနေရာမှာပဲ ဒုတိယအကြိမ် ထိတွေ့ပစ်ခတ်ရာမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦးသေဆုံးကာ ၃ ဦးဒဏ်ရာရသွားတယ်လို့ နယ်မြေခံ KNU တွေဆီကသိရပါတယ်။

ကရင်ပြည်နယ် ၊ ကော့ကရိတ်မြို့နယ် ၊အံကလော်ကျေးရွာမှာ မနေ့က (ဒီဇင်ဘာလ ၃၀ ရက်) KNU နဲ့ စစ်ကောင်စီတပ်တွေကြား တိုက်ပွဲ ၂ကြိမ်ဖြစ်ပွားရာမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၅ ဦး သေဆုံးသွားတယ်လို့ နယ်မြေခံ KNU တပ်ဖွဲ့ဝင်တွေ ထံက သိရပါတယ်။

မနေ့က မနက် ၆ နာရီခွဲအချိန်လောက်မှာ အာဏာသိမ်းစစ်ကောင်စီတပ်ဖွဲ့ဝင် အင်အား ၁၅၀ ကျော်လောက်ဟာ KNU ထိန်းချုပ်နယ်မြေ ဒူးပလာယာခရိုင် ၊ကော့ကရိတ်မြို့နယ် ၊ကော့နွဲ့ကျေးရွာအုပ်စု ၊အံကလော်ကျေးရွာကို နယ်မြေကျော်လာတယ်လို့ ဆိုပါတယ်။

ဒါကြောင့် အံကလော်ကျေးရွာရဲ့အရှေ့ဘက် တောင်ခြေက မြိုင်ကလေးနဲ့ မြနွယ်ဘုရားကြားမှာ KNU တပ်မဟာ ၆ နဲ့ ပထမအကြိမ် ထိတွေ့ပစ်ခတ်မှုဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်က ၃ ဦးသေဆုံးပြီး ၅ ဦးဒဏ်ရာရရှိသွားခဲ့ပါတယ်။

မွန်းလွဲ ပိုင်း ၂ နာရီလောက်မှာလည်း အဲဒီနေရာမှာပဲ ဒုတိယအကြိမ် ထိတွေ့ပစ်ခတ်ရာမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦးသေဆုံးကာ ၃ ဦးဒဏ်ရာရသွားတယ်လို့ နယ်မြေခံ KNU တွေဆီကသိရပါတယ်။

Public Service Announcement

Public Service Announcement

တိုက်ပွဲဖြစ်နေချိန်မှာ ကော့ကရိတ်မြို့မှာရှိတဲ့ စစ်ကောင်စီရဲ့ ခလရ ၉၇ တပ်ထဲက လက်နက်ကြီးနဲ့ပစ်ခတ်တာတွေလုပ်ခဲ့လို့ ဒေသခံတွေ အများအပြားတိမ်းရှောင်ခဲ့ရတာတွေရှိခဲ့ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) မူတြော်(ဖာပွန်)ခရိုင် တပ်မဟာ(၅)နယ်မြေ စက်တင်ဘာလဝက် တိုက်ပွဲတွေအတွင်း စစ်တပ်က အရာရှိအပါအဝင် သေဆုံးသူ ၂၂ဦး ရှိကြောင်း KNU မူတြော်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်( မူတြော်)၊ နို့ခဲထရွာမှာ မနေ့ ( စက်တင်ဘာလ ၁၆ ရက်) က KNU တပ်မဟာ (၅) နဲ့ အာဏာသိမ်းစစ်တပ်တို့ကြား တိုက်ပွဲဖြစ်ရာမှာ လက်နက်အချို့သိမ်းဆည်းရမိတယ်လို့ တပ်မဟာ (၅) ပြောရေးဆိုခွင့်ရှိသူ ပဒိုစောထိုရော်ဘင်က ပြောပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ (၅)နယ်မြေ ဖာပွန်ခရိုင် တိုက်ပွဲမှာ စစ်ကောင်စီတပ်ထံက လက်နက်ငယ် ၃လက်သိမ်းရခဲ့ကြောင်း KNU တပ်မဟာ(၅) မူတြော်(ဖာပွန်)ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

နိုင်ငံတကာ

ဖိလစ်ပိုင် နိုင်ငံရဲ့ မွတ်ဆလင် အများစု နေထိုင်ရာ ဒေသမှာ ပထမဆုံး ကျင်းပမယ့် ရွေးကောက်ပွဲ မတိုင်ခင် ပစ်ခတ်မှုတွေ ဖြစ်ပွားလို့ ၃ ဦးသေ၊ ၁၅ ဦး ဒဏ်ရာရခဲ့ပါတယ်။