Connect with us

Hi, what are you looking for?

LuduNwayOo

News

ဒူပလာယာခရိုင်ထဲ KNU နဲ့စစ်ကောင်စီတပ်တွေ ၂ ကြိမ် ပစ်ခတ်မှုဖြစ်ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၅ ဦးသေ

မွန်းလွဲ ပိုင်း ၂ နာရီလောက်မှာလည်း အဲဒီနေရာမှာပဲ ဒုတိယအကြိမ် ထိတွေ့ပစ်ခတ်ရာမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦးသေဆုံးကာ ၃ ဦးဒဏ်ရာရသွားတယ်လို့ နယ်မြေခံ KNU တွေဆီကသိရပါတယ်။

ကရင်ပြည်နယ် ၊ ကော့ကရိတ်မြို့နယ် ၊အံကလော်ကျေးရွာမှာ မနေ့က (ဒီဇင်ဘာလ ၃၀ ရက်) KNU နဲ့ စစ်ကောင်စီတပ်တွေကြား တိုက်ပွဲ ၂ကြိမ်ဖြစ်ပွားရာမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၅ ဦး သေဆုံးသွားတယ်လို့ နယ်မြေခံ KNU တပ်ဖွဲ့ဝင်တွေ ထံက သိရပါတယ်။

မနေ့က မနက် ၆ နာရီခွဲအချိန်လောက်မှာ အာဏာသိမ်းစစ်ကောင်စီတပ်ဖွဲ့ဝင် အင်အား ၁၅၀ ကျော်လောက်ဟာ KNU ထိန်းချုပ်နယ်မြေ ဒူးပလာယာခရိုင် ၊ကော့ကရိတ်မြို့နယ် ၊ကော့နွဲ့ကျေးရွာအုပ်စု ၊အံကလော်ကျေးရွာကို နယ်မြေကျော်လာတယ်လို့ ဆိုပါတယ်။

ဒါကြောင့် အံကလော်ကျေးရွာရဲ့အရှေ့ဘက် တောင်ခြေက မြိုင်ကလေးနဲ့ မြနွယ်ဘုရားကြားမှာ KNU တပ်မဟာ ၆ နဲ့ ပထမအကြိမ် ထိတွေ့ပစ်ခတ်မှုဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်က ၃ ဦးသေဆုံးပြီး ၅ ဦးဒဏ်ရာရရှိသွားခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

မွန်းလွဲ ပိုင်း ၂ နာရီလောက်မှာလည်း အဲဒီနေရာမှာပဲ ဒုတိယအကြိမ် ထိတွေ့ပစ်ခတ်ရာမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦးသေဆုံးကာ ၃ ဦးဒဏ်ရာရသွားတယ်လို့ နယ်မြေခံ KNU တွေဆီကသိရပါတယ်။

တိုက်ပွဲဖြစ်နေချိန်မှာ ကော့ကရိတ်မြို့မှာရှိတဲ့ စစ်ကောင်စီရဲ့ ခလရ ၉၇ တပ်ထဲက လက်နက်ကြီးနဲ့ပစ်ခတ်တာတွေလုပ်ခဲ့လို့ ဒေသခံတွေ အများအပြားတိမ်းရှောင်ခဲ့ရတာတွေရှိခဲ့ပါတယ်။