Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ဒုတိယ ကမ္ဘာစစ်မှာ နစ်မြုပ်ခဲ့တဲ့ စစ်သင်္ဘောတွေက ပစ္စည်းတွေ ခိုးယူလာတဲ့ တရုတ်သင်္ဘောကို မလေးရှား ဖမ်းဆီး

ဗြိတိန် ကာကွယ်ရေး ဝန်ကြီးဌာနက အခုဖြစ်စဉ်ဟာ ဗြိတိန်ရဲ့ ရေကြောင်း အမွေအနှစ် အကြွင်းအကျန်တွေကို တရားလက်မဲ့ လုယက်ယူငင်မှုလို့ သတ်မှတ်ပြီး ပြင်းပြင်းထန်ထန် ရှုတ်ချကြောင်း ကြေညာပါတယ်။

ဒုတိယ ကမ္ဘာစစ်မှာ နစ်မြုပ်ခဲ့တဲ့ စစ်သင်္ဘောတွေက ပစ္စည်းတွေ ခိုးယူလာတဲ့ တရုတ်သင်္ဘောကို မလေးရှား ဖမ်းဆီး
ဒုတိယ ကမ္ဘာစစ်မှာ နစ်မြုပ်ခဲ့တဲ့ စစ်သင်္ဘောတွေက ပစ္စည်းတွေ ခိုးယူလာတဲ့ တရုတ်သင်္ဘောကို မလေးရှား ဖမ်းဆီး

ဒုတိယ ကမ္ဘာစစ် ကာလတုန်းက နစ်မြုပ်ခဲ့တဲ့ ဗြိတိန် စစ်သင်္ဘောပျက်တွေက ပစ္စည်းတွေကို တရုတ် ရေယာဉ်တစ်စီးက ခိုးဝှက် ဆယ်ယူခဲ့ကြောင်း မလေးရှားက စွပ်စွဲ ပြောကြားခဲ့ပါတယ်။

တောင်တရုတ် ပင်လယ်ထဲမှာ တရားမဝင် ကျောက်ချ ရပ်နားထားတဲ့ တရုတ် ဝမ်းပြားရေယာဉ် တစ်စီးကို မေ ၂၈ ရက်မှာ ဖမ်းဆီးရမိခဲ့ကြောင်း မလေးရှား အာဏာပိုင်တွေက ပြောပါတယ်။ အဲဒီ တရုတ် အရပ်ဖက် ရေယာဉ်ပေါ်မှာ HMS Prince of Walesနဲ့ HMS Repulse စစ်သင်္ဘောပျက်တွေက ဆယ်ယူလာတယ်လို့ ယုံကြည်ရတဲ့ ခဲယမ်းမီးကျောက် အဟောင်းတွေကို တွေ့ရှိခဲ့ပါတယ်။

အဲဒီ စစ်သင်္ဘော နှစ်စီးဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၈၀ ကျော်က ဂျပန်တပ်တွေရဲ့ တိုက်ခိုက် နှစ်မြှုပ်မှုကို ခံခဲ့ရတာပါ။

ဗြိတိန် ကာကွယ်ရေး ဝန်ကြီးဌာနက အခုဖြစ်စဉ်ဟာ ဗြိတိန်ရဲ့ ရေကြောင်း အမွေအနှစ် အကြွင်းအကျန်တွေကို တရားလက်မဲ့ လုယက်ယူငင်မှုလို့ သတ်မှတ်ပြီး ပြင်းပြင်းထန်ထန် ရှုတ်ချကြောင်း ကြေညာပါတယ်။

Public Service Announcement

Public Service Announcement

သင်္ဘောပျက်တွေကို လိုက်လံရှာဖွေသူတွေဟာ ရှားပါးပြီး စစ်ပွဲမတိုင်ခင်က သံမဏိတွေလို့ ခေါ်ဝေါ်တဲ့ သတ္တု အစိတ်အပိုင်းတွေကို အဓိက ပစ်မှတ်ထား ယူငင်လေ့ ရှိပါတယ်။ ရေဒီယို သတ္တိကြွ ဖြာထွက်မှု အရမ်းနည်းတဲ့ အဲဒီ သံမဏိတွေက ဆေးဖက်ဆိုင်ရာနဲ့ သိပ္ပံပစ္စည်းတွေ ထုတ်လုပ်ရာမှာ အသုံးဝင်တဲ့ ရင်းမြစ်တွေ ဖြစ်ပါတယ်။

ဗြိတိန် စစ်သင်္ဘောပျက် နှစ်စီးဟာ မလေးရှားကမ်းလွန် ကီလိုမီတာ ၁၀၀ လောက်အကွာ ရေပြင်မှာ နစ်မြုပ်နေပြီး မသမာသူတွေရဲ့ ပစ်မှတ်ထားခြင်းကို ဆယ်စုနှစ်တွေနဲ့ချီ ကြုံတွေ့နေရပါတယ်။

တော်ဝင်ရေတပ်ရဲ့ သင်္ဘောနှစ်စီးဟာ မလာယာမှာ ခံစစ်အင်အား တိုးမြှင့်ဖို့အတွက် စင်ကာပူကို ဦးတည် ခုတ်မောင်းခဲ့ပေမယ့် ၁၉၄၁ ခုနှစ်၊ ဒီဇင်ဘာ ၁၀ ရက်မှာ ဂျပန်ရဲ့ တော်ပီဒိုတွေ ထိမှန်ပြီး နစ်မြုပ်ခဲ့တာ ဖြစ်ပါတယ်။

အမေရိကန်မှာ ပုလဲဆိပ်ကမ်း ဗုံးကြဲခံရပြီး ၃ ရက်အကြာမှာ ဖြစ်ပွားတဲ့ အဲဒီတိုက်ခိုက်မှုမှာ ဗြိတိန် ရေတပ်သား ၈၄၂ ဦး သေဆုံးပြီး ဗြိတိန် ရေတပ်ရဲ့ သမိုင်းကြောင်းမှာ အဆုံးအရှုံး အကြီးဆုံး ဖြစ်စဉ်တွေထဲက တစ်ခုအနေနဲ့ မှတ်တမ်းဝင်ခဲ့ပါတယ်။

သင်္ဘောပျက်တွေ ရှိနေတဲ့ ရေပြင်မှာ မသင်္ကာစရာ နိုင်ငံခြား ရေယာဉ်တစ်စီး လှုပ်ရှားနေတာကို မလေးရှား သင်္ဘောသားတွေနဲ့ အပျော်တမ်း ရေငုပ်သူတွေက အစိုးရဆီ ပြီးခဲ့တဲ့လမှာ အသိပေး အကြောင်းကြားခဲ့ပါတယ်။ အဲဒီနောက် အခြေအနေကို စောင့်ကြည့်နေတဲ့ မလေးရှား ရေကြောင်း ရဲတပ်ဖွဲ့က တရုတ် သင်္ဘောကို ပြီးခဲ့တဲ့ သီတင်းပတ်ကုန်မှာ ဖမ်းဆီးခဲ့တာလို့ သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်ကနေ ဧရာဝတီမြစ်အတိုင်းစစ်သင်္ဘောတွေစုန်လာပြီး မြစ်ကမ်း​ဘေးတ​လျှောက်လေကြောင်းနဲ့ လက်နက်ကြီး ပစ်ခတ်မှုတွေကြောင့် မြစ်ကမ်းဘေး ကျေးရွာက ပြည်သူတွေ ဂရုပြု နေထိုင်ကြဖို့ တော်လှန်ရေးတပ်တွေကသတိပေးထားပါတယ်။

သတင်း

ကချင်ပြည်နယ်ရွှေကူမြို့ နဲ့ ဗန်းမော်မြို့ကြား စစ်တပ်သင်္ဘောအုပ်စုကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်ခဲ့တဲ့ တိုက်ပွဲတွေအတွင်း ထိခိုက်ပျက်စီးခဲ့တဲ့ သင်္ဘောတွေပေါ်ကနေ ရေထဲမျောပါနေသူတွေကို လိုက်လံရှာဖွေကယ်တင်ခဲ့တာမှာ စစ်တပ်သင်္ဘော​ပေါ်က​နေ ဧရာဝတီမြစ်ထဲ​မျောပါပြီ မြစ်ကမ်း​ဘေးမှာ နှစ်ပါတ်​ကျော် အစာမစားရတဲ့ စစ်တပ်မိသားစုဝင်က​​လေးငယ်တဦးကိုကယ်တင်ခဲ့ပါတယ် ။

နိုင်ငံတကာ

အမေရိကန်ကို တရုတ်သမ္မတ ရှီကျင့်ဖျင် လာရောက်လည်ပတ်တဲ့အခါ လေဆိပ်ထိ ဆင်းကြိုဖို့ သမ္မတ ဒေါ်နယ်လ်ထရမ့်က စီစဉ်နေကြောင်း သိရပါတယ်။

နိုင်ငံတကာ

ဒရုန်းရေငုပ်သင်္ဘောတွေအတွက် မိခင်ရေယာဉ်လို့ ယူဆရတဲ့ ပထမဆုံး သင်္ဘောတစ်စီးကို တရုတ်မှာ တည်ဆောက်နေပါတယ်။