Connect with us

Hi, what are you looking for?

LuduNwayOo

ဗီဒီယို

ထိုင်းရေတပ် စစ်သင်္ဘော တိမ်းမှောက်ပြီး ရေတပ်သား ၃၀ ကျော် ပျောက်ဆုံးနေ

လတ်တလောမှာတော့ သင်္ဘော တိမ်းမှောက်ရာ ရေပြင်တဝိုက်မှာ ထိုင်းရေတပ် စစ်သင်္ဘော သုံးစီးနဲ့ ရဟတ်ယာဉ်တွေကို အသုံးပြုပြီး ပျောက်ဆုံးနေသူတွေကို ဖြန့်ကျက် ရှာဖွေနေကြောင်း သိရပါတယ်။

ထိုင်းရေတပ် စစ်သင်္ဘော တိမ်းမှောက်ပြီး ရေတပ်သား ၃၀ ကျော် ပျောက်ဆုံးနေ
ထိုင်းရေတပ် စစ်သင်္ဘော တိမ်းမှောက်ပြီး ရေတပ်သား ၃၀ ကျော် ပျောက်ဆုံးနေ

စစ်သင်္ဘော တစ်စီး တခြမ်းစောင်း တိမ်းမှောက်သွားပြီး ရေယာဉ် အမှုထမ်း ၃၁ ဦးထက်မနည်း ပျောက်ဆုံးနေတယ်လို့ ထိုင်းရေတပ်က ထုတ်ပြန်ပါတယ်။

HTMAS Sukhotai အပေါ့စား စစ်သင်္ဘောဟာ ဒီဇင်ဘာ ၁၇ ရက် ညပိုင်းက ထိုင်းပင်လယ်ကွေ့မှာ မုန်တိုင်းမိပြီး ထိန်းချုပ်ခန်းထဲ ရေဝင်ရာက တခြမ်းစောင်း တိမ်းမှောက်သွားတာလို့ ဆိုပါတယ်။ အဲဒီ စစ်သင်္ဘောပေါ်မှာ ရေတပ် အမှုထမ်း ၁၀၀ ကျော် လိုက်ပါသွားခဲ့ပါတယ်။

ဒီဇင်ဘာ ၁၉ ရက်ထိ အခြေအနေအရ ၇၅ ဦးကို ကယ်ဆယ်ထားနိုင်ပြီ ဖြစ်ပေမယ့် ၃၁ ဦးကတော့ လှိုင်းထန်တဲ့ ပင်လယ်ပြင်မှာ ပျောက်ဆုံးနေဆဲလို့ ထိုင်းရေတပ်က ကြေညာပါတယ်။ ကယ်ဆယ်ရေး လုပ်ငန်းတွေ စတင်နေတာ ၁၂ နာရီ ကြာမြင့်ခဲ့ပြီး ဖြစ်ကြောင်း၊ ဒီဇင်ဘာ ၁၉ ရက်မှာလည်း ရှာဖွေရေးတွေ ဆက်လက် ဆောင်ရွက်နေမှာဖြစ်ကြောင်း ရေတပ် ပြောရေးဆိုခွင့်ရ အရာရှိ တစ်ဦးက ဆိုပါတယ်။

ရေတပ်ဟာ စစ်သင်္ဘော တိမ်းမှောက်ရတဲ့ ကြောင်းရင်းကိုလည်း စတင် စုံစမ်းနေပြီလို့ ဆိုပါတယ်။ ထိုင်းရေတပ်ရဲ့ သမိုင်းမှာ စစ်ရေယာဉ်တစ်စီး တာဝန်ထမ်းဆောင်နေရင်း ရုတ်တရက် တိမ်းမှောက်သွားတယ် ဆိုတာမျိုးက လုံးဝနီးပါး မကြုံဖူးတဲ့ အခြေအနေ ဖြစ်တယ်လို့ ရေတပ် ပြောရေးဆိုခွင့်ရ အရာရှိ သေနာပတိ ပေါ့ခရွန် မွန်သက်ဒ်ပါလင်က ပြောပါတယ်။

Public Service Announcement

Public Service Announcement

HTMAS Sukhotaiဟာ ဘန်ဆာဖန် အနောက်ဖက် ၃၂ ကီလိုမီတာလောက် အကွာက ပရာချူရပ် ခီရီခန် ကမ်းလွန် ရေပြင်မှာ ကင်းလှည့်နေရင်း မုန်တိုင်းနဲ့ တိုးခဲ့တာလို့ ဆိုပါတယ်။ ထိုင်းရေတပ်က တိမ်းမှောက်နေတဲ့ စစ်သင်္ဘောရဲ့ ရေတပ်သားတွေကို ကယ်ဆယ်နေတဲ့ ဓာတ်ပုံ တချို့ကို Twitterမှာ တင်ထားတာလည်း တွေ့ရပါတယ်။

လတ်တလောမှာတော့ သင်္ဘော တိမ်းမှောက်ရာ ရေပြင်တဝိုက်မှာ ထိုင်းရေတပ် စစ်သင်္ဘော သုံးစီးနဲ့ ရဟတ်ယာဉ်တွေကို အသုံးပြုပြီး ပျောက်ဆုံးနေသူတွေကို ဖြန့်ကျက် ရှာဖွေနေကြောင်း သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

တော်လှန်ရေးပူးပေါင်းတပ် သိမ်းပိုက်ထားသည့် ခလရ(၂၇၅)တပ်မှ စစ်ကောင်စီတပ်သားများသည် ပြီးခဲ့သည့် ဧပြီ ၁၀ရက်ညကတည်းက အမှတ်(၂)တံတားသို့ထွက်​ပြေးလာပြီး ခိုလှုံ​နေခြင်းဖြစ်သည်။

နိုင်ငံတကာ

နောက်ဆက်တွဲအဖြစ် ပါနစ်ချ်ဟာ ကောင်းမွန်စွာ နေထိုင်နေကြောင်း အာဏာပိုင်တွေဆီ ၁ နှစ်ကြာ ပုံမှန် သတင်းပို့ဖို့နဲ့ ယာဉ်မောင်းလိုင်စင် ၆ လ ဆိုင်းငံ့ခံရဖို့လည်း တရားရုံးက အမိန့်ချခဲ့ကြောင်း သိရပါတယ်။

သတင်း

မြ၀တီ၌ နောက်ဆုံးကျန်နေသည့် ခမရ(၂၇၅)ကိုကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (K.N.L.A) မှဦးဆောင်ပြီး ကရင်အမျိုးသားကာကွယ်ရေး တပ်ဖွဲ့ (K.N.D.O)၊ နှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ (PDF)တို့မှ ယနေ့မနက်အစော၌ အပြီး သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။

နိုင်ငံတကာ

မြန်မာနိုင်ငံက စည်းလုံးတဲ့၊ ငြိမ်းချမ်းတဲ့၊ သာယာဝပြောတဲ့ အခြေအနေမျိုး ရပ်တည်နိုင်ရင် အကျိုးအမြတ် အရရှိဆုံးက ထိုင်းနိုင်ငံ ဖြစ်လာမယ်လို့လည်း ဆရက်သာက ပြောကြားသွားပါတယ်။