Connect with us

Hi, what are you looking for?

LuduNwayOo

နိုင်ငံတကာ

ဒုတိယ ကမ္ဘာစစ်မှာ နစ်မြုပ်ခဲ့တဲ့ စစ်သင်္ဘောတွေက ပစ္စည်းတွေ ခိုးယူလာတဲ့ တရုတ်သင်္ဘောကို မလေးရှား ဖမ်းဆီး

ဗြိတိန် ကာကွယ်ရေး ဝန်ကြီးဌာနက အခုဖြစ်စဉ်ဟာ ဗြိတိန်ရဲ့ ရေကြောင်း အမွေအနှစ် အကြွင်းအကျန်တွေကို တရားလက်မဲ့ လုယက်ယူငင်မှုလို့ သတ်မှတ်ပြီး ပြင်းပြင်းထန်ထန် ရှုတ်ချကြောင်း ကြေညာပါတယ်။

ဒုတိယ ကမ္ဘာစစ်မှာ နစ်မြုပ်ခဲ့တဲ့ စစ်သင်္ဘောတွေက ပစ္စည်းတွေ ခိုးယူလာတဲ့ တရုတ်သင်္ဘောကို မလေးရှား ဖမ်းဆီး
ဒုတိယ ကမ္ဘာစစ်မှာ နစ်မြုပ်ခဲ့တဲ့ စစ်သင်္ဘောတွေက ပစ္စည်းတွေ ခိုးယူလာတဲ့ တရုတ်သင်္ဘောကို မလေးရှား ဖမ်းဆီး

ဒုတိယ ကမ္ဘာစစ် ကာလတုန်းက နစ်မြုပ်ခဲ့တဲ့ ဗြိတိန် စစ်သင်္ဘောပျက်တွေက ပစ္စည်းတွေကို တရုတ် ရေယာဉ်တစ်စီးက ခိုးဝှက် ဆယ်ယူခဲ့ကြောင်း မလေးရှားက စွပ်စွဲ ပြောကြားခဲ့ပါတယ်။

တောင်တရုတ် ပင်လယ်ထဲမှာ တရားမဝင် ကျောက်ချ ရပ်နားထားတဲ့ တရုတ် ဝမ်းပြားရေယာဉ် တစ်စီးကို မေ ၂၈ ရက်မှာ ဖမ်းဆီးရမိခဲ့ကြောင်း မလေးရှား အာဏာပိုင်တွေက ပြောပါတယ်။ အဲဒီ တရုတ် အရပ်ဖက် ရေယာဉ်ပေါ်မှာ HMS Prince of Walesနဲ့ HMS Repulse စစ်သင်္ဘောပျက်တွေက ဆယ်ယူလာတယ်လို့ ယုံကြည်ရတဲ့ ခဲယမ်းမီးကျောက် အဟောင်းတွေကို တွေ့ရှိခဲ့ပါတယ်။

အဲဒီ စစ်သင်္ဘော နှစ်စီးဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၈၀ ကျော်က ဂျပန်တပ်တွေရဲ့ တိုက်ခိုက် နှစ်မြှုပ်မှုကို ခံခဲ့ရတာပါ။

ဗြိတိန် ကာကွယ်ရေး ဝန်ကြီးဌာနက အခုဖြစ်စဉ်ဟာ ဗြိတိန်ရဲ့ ရေကြောင်း အမွေအနှစ် အကြွင်းအကျန်တွေကို တရားလက်မဲ့ လုယက်ယူငင်မှုလို့ သတ်မှတ်ပြီး ပြင်းပြင်းထန်ထန် ရှုတ်ချကြောင်း ကြေညာပါတယ်။

Public Service Announcement

Public Service Announcement

သင်္ဘောပျက်တွေကို လိုက်လံရှာဖွေသူတွေဟာ ရှားပါးပြီး စစ်ပွဲမတိုင်ခင်က သံမဏိတွေလို့ ခေါ်ဝေါ်တဲ့ သတ္တု အစိတ်အပိုင်းတွေကို အဓိက ပစ်မှတ်ထား ယူငင်လေ့ ရှိပါတယ်။ ရေဒီယို သတ္တိကြွ ဖြာထွက်မှု အရမ်းနည်းတဲ့ အဲဒီ သံမဏိတွေက ဆေးဖက်ဆိုင်ရာနဲ့ သိပ္ပံပစ္စည်းတွေ ထုတ်လုပ်ရာမှာ အသုံးဝင်တဲ့ ရင်းမြစ်တွေ ဖြစ်ပါတယ်။

ဗြိတိန် စစ်သင်္ဘောပျက် နှစ်စီးဟာ မလေးရှားကမ်းလွန် ကီလိုမီတာ ၁၀၀ လောက်အကွာ ရေပြင်မှာ နစ်မြုပ်နေပြီး မသမာသူတွေရဲ့ ပစ်မှတ်ထားခြင်းကို ဆယ်စုနှစ်တွေနဲ့ချီ ကြုံတွေ့နေရပါတယ်။

တော်ဝင်ရေတပ်ရဲ့ သင်္ဘောနှစ်စီးဟာ မလာယာမှာ ခံစစ်အင်အား တိုးမြှင့်ဖို့အတွက် စင်ကာပူကို ဦးတည် ခုတ်မောင်းခဲ့ပေမယ့် ၁၉၄၁ ခုနှစ်၊ ဒီဇင်ဘာ ၁၀ ရက်မှာ ဂျပန်ရဲ့ တော်ပီဒိုတွေ ထိမှန်ပြီး နစ်မြုပ်ခဲ့တာ ဖြစ်ပါတယ်။

အမေရိကန်မှာ ပုလဲဆိပ်ကမ်း ဗုံးကြဲခံရပြီး ၃ ရက်အကြာမှာ ဖြစ်ပွားတဲ့ အဲဒီတိုက်ခိုက်မှုမှာ ဗြိတိန် ရေတပ်သား ၈၄၂ ဦး သေဆုံးပြီး ဗြိတိန် ရေတပ်ရဲ့ သမိုင်းကြောင်းမှာ အဆုံးအရှုံး အကြီးဆုံး ဖြစ်စဉ်တွေထဲက တစ်ခုအနေနဲ့ မှတ်တမ်းဝင်ခဲ့ပါတယ်။

သင်္ဘောပျက်တွေ ရှိနေတဲ့ ရေပြင်မှာ မသင်္ကာစရာ နိုင်ငံခြား ရေယာဉ်တစ်စီး လှုပ်ရှားနေတာကို မလေးရှား သင်္ဘောသားတွေနဲ့ အပျော်တမ်း ရေငုပ်သူတွေက အစိုးရဆီ ပြီးခဲ့တဲ့လမှာ အသိပေး အကြောင်းကြားခဲ့ပါတယ်။ အဲဒီနောက် အခြေအနေကို စောင့်ကြည့်နေတဲ့ မလေးရှား ရေကြောင်း ရဲတပ်ဖွဲ့က တရုတ် သင်္ဘောကို ပြီးခဲ့တဲ့ သီတင်းပတ်ကုန်မှာ ဖမ်းဆီးခဲ့တာလို့ သိရပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အမေရိကန်၊ ဗြိတိန်နဲ့ ဩစတြေးလျတို့ ပါဝင်တဲ့ AUKUSဟာ ဩစတြေးလျ ရေတပ်ကို မဟာမိတ် နှစ်နိုင်ငံက ပူးပေါင်းပြီး နည်းပညာပိုင်း အဆင့်မြှင့်ပေးဖို့၊ ဒေသတွင်းမှာ တရုတ် လွှမ်းမိုးမှုကို တန်ပြန်ဖို့ ရည်ရွယ်ထားတာ ဖြစ်ပါတယ်။

နိုင်ငံတကာ

ဒီဖြစ်ရပ်ရဲ့ အဓိက အကြောင်းတရား နှစ်ခုက မြေအောက်ရေတွေ အလွန်အကျွံ ထုတ်ယူ အသုံးပြုမှုကြောင့် မြေသားတောင့်ခံနိုင်မှု အားနည်းလာခြင်းနဲ့ အဆောက်အအုံတွေ ဆောက်လုပ်တဲ့ ထုထည် ပိုမိုကြီးမား လေးလံလာခြင်းတွေ ဖြစ်တယ်လို့ ပညာရှင်တွေက သုံးသပ်ထားပါတယ်။

သတင်း

KIA က ဖက်ဆစ်​တော်လှန်​ရေး​နေ့(မတ် ၂၇) တွင် ဗန်းမော်-လွယ်ဂျယ်လမ်းရှိ စစ်ကောင်စီတပ်စခန်း ၇ခုကို စတင်ထိုးစစ်ဆင်ခဲ့ပြီး မတ် ၂၇ ရက်မှာ ဘန်​ရောင်၊ ရှန်တိုင်း ၊ လော့ဒန် စစ်တပ်စခန်း​များကိုသိမ်းပိုက်ခဲ့သည်။

နိုင်ငံတကာ

ဘာလိုချီစတန်က ဆိပ်ကမ်း တိုက်ခိုက်မှုမှာတော့ ပါကစ္စတန် အခြေစိုက် BLA ခွဲထွက်ရေး ပြောက်ကျားတွေက ကျူးလွန်ခဲ့ပြီး အပြန်အလှန် ပစ်ခတ်မှုတွေအတွင်း BLA တပ်ဖွဲ့ဝင် ၈ ဦး သေဆုံးခဲ့ပါတယ်။