Connect with us

Hi, what are you looking for?

News

ဒေါ်အောင်ဆန်းစုကြည် တပတ်ကို ၄ ရက် ရုံးထုတ်စစ်ဆေးခံရ

ဒေါ်အောင်ဆန်းစုကြည်ဟာ ပုဒ်မ ၁၁ ခုနဲ့ တရားစွဲခံထားရတာဖြစ်ပြီး ပုဒ်မ ၅၀၅(ခ) နဲ့ သဘာဝဘေး ဥပဒေ နဲ့စွဲဆိုထားတဲ့အမှု တွေကို အပတ်စဉ် တနလာၤနဲ့ အင်္ဂါနေ့တွေမှာစစ်ဆေးတာပါ။

တပတ်ကို ပုံမှန် ၄ ရက်နီးပါး ရုံးထုတ်ထွက်နေရတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ရဲ့ ကျန်းမာရေးအတွက် စိုးရိမ်တာကြောင့် တရားခွင်ကို ရက်ခြားစစ်ဆေးပေးဖို့ လျှောက်ထားချက်ကို တရားရုံးက ပယ်ချလိုက်တယ်လို့သိရပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ ပုဒ်မ ၁၁ ခုနဲ့ တရားစွဲခံထားရတာဖြစ်ပြီး ပုဒ်မ ၅၀၅(ခ) နဲ့ သဘာဝဘေး ဥပဒေ နဲ့စွဲဆိုထားတဲ့အမှု တွေကို အပတ်စဉ် တနလာၤနဲ့ အင်္ဂါနေ့တွေမှာစစ်ဆေးတာပါ။

ကြာသပတေးနေ့မှာ အစိုးရ လျှို့ဝှက်ချက်ဥပဒေ နဲ့စွဲဆိုထားတဲ့အမှုကိုစစ်ဆေးပါတယ်။

အဂတိပုဒ်မနဲ့ စွပ်စွဲခံရတဲ့အမှုကို တပတ်ခြားတခါ သောကြာနေ့တိုင်းစစ်ဆေးဖို့ တရားရုံးက ဆုံးဖြတ်ထားတာပါ။

Public Service Announcement

Public Service Announcement

“တပတ်မှာ ၄ ရက် အမေက ပုံမှန်ရုံးထုတ်ထွက်ရသလိုဖြစ်နေတော့အမေ့ ကျန်းမာရေးကို စိတ်ပူလို့ ရုံးတော်ကို ကျွန်မတို့က လျှောက်ထားတာ ၊အခုစစ်နေတဲ့တနင်္လာ၊အင်္ဂါ အပတ်စဉ် ရုံးချိန်းကို တပတ်ခြားတခါ ရွှေ့ပေးဖို့ဆိုပြီးတော့ လျှောက်ထားတာ ရုံးတော်က ခွင့်မပြုဘူးဆက်တိုက်သွားမယ်လို့ပြောပါတယ်” လို့ တရားလွှတ်တော်ရှေ့နေ ဒေါ်မင်းမင်းစိုးက ပြောပါတယ်။

ဒီနေ့မှာတော့ပုဒ်မ ၅၀၅ (ခ ) နဲ့အမှု ကိုစစ်ဆေးခဲ့တာလို့သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မိခင် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် မိခင်ရဲ့ နာမည် ၊ အကြောင်းအရာတွေကို ပြောပြီး ပါဝင်ပေးကြဖို့ သားဖြစ်သူ ကင်မ်အဲရစ်‌(ခ)ကိုထိန်လင်းက တောင်းဆိုထားပါတယ်။

သတင်း

ဗြိတိန်နိုင်ငံ လန်ဒန်မြို့မှာ ပြည်ပရောက်မြန်မာတွေ စုပေါင်းပြီး လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဥ်းသားတွေ လွတ်မြောက်ရေးနဲ့ မြန်မာစစ်အာဏာရှင်ဆန့်ကျင်ရေး စက်တင်ဘာ ၈ရက်မှာ ပြုလုပ်ခဲ့ပါတယ်။

သတင်း

Proof Of Life ကမ်ပိန်းရဲ့ နောက်တစ်ဆင့်အနေနဲ့ မိခင်ဖြစ်သူဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးတောင်းဆိုမယ့် Free Her လှုပ်ရှားမှုမှာ ပြည်သူတွေ ဆက်လက်ပါဝင်ပေးကြဖို့ သားဖြစ်သူ ကင်မ်အဲရစ် (ခ)ကိုထိန်လင်းက တိုက်တွန်းထားပါတယ်။

သတင်း

သြစ​တြေးလျနဲ့ တောင်ကိုရီးယားနိုင်ငံမှာ ပြည်ပရောက် မြန်မာတွေ စုပေါင်းပြီး ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဥ်းသားတွေ လွှတ်ပေးရေးနဲ့ ရေဘေးသင့်ပြည်သူတွေအတွက် ရေဘေးရန်ပုံငွေစျေးရောင်းပွဲတို့ကို ဒီက​နေ့ (သြဂုတ် ၃၀) ပြုလုပ်ခဲ့ပါတယ်။