Connect with us

Hi, what are you looking for?

News

ဂန့်ဂေါနယ်ရှိ နှမ်းခါးရွာကို စစ်ကောင်စီတပ်က တတိယ အကြိမ်မီးရှို့

“သူတို့က မြောက်ကနေ လာပြီး မီးရှို့တော့တာပဲ။ သူတို့က အရင်က အထိနာထားတယ်ဆိုတော့ ရှို့တော့တာပေါ့။ အကြောင်းမဲ့ရှို့တာ။ သူတို့က ရွာကို ငြိုးနေတာ။ ဒီနေ့ ရွာလယ်လောက်ကနေ စရှို့နေတာ”ဟု နှမ်းခါးရွာခံ တစ်ဦးက ပြောသည်။

မကွေးတိုင်း ဂန့်ဂေါမြို့နယ်ရှိ နှမ်းခါးရွာကို စစ်ကောင်စီတပ်က ယနေ့ (စက်တင်ဘာ ၂၉ရက်) နံနက်မှစ၍ မီးရှို့နေပြီး တိယအကြိမ် မီးရှို့ခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။

“သူတို့က မြောက်ကနေ လာပြီး မီးရှို့တော့တာပဲ။ သူတို့က အရင်က အထိနာထားတယ်ဆိုတော့ ရှို့တော့တာပေါ့။ အကြောင်းမဲ့ရှို့တာ။ သူတို့က ရွာကို ငြိုးနေတာ။ ဒီနေ့ ရွာလယ်လောက်ကနေ စရှို့နေတာ”ဟု နှမ်းခါးရွာခံ တစ်ဦးက ပြောသည်။

စစ်ကောင်စီတပ်သည် စက်တင်ဘာ ဒုတိယပတ်အတွင်းကနှမ်းခါး၊ မြင်သား ရွာများအပါအဝင် ဂန့်ဂေါမြို့နယ်အတွင်းရှိ ကျေးရွာများကို ဝင်ရောက်စီးနင်းတိုက်ခိုက်ပြီး နေအိမ်များကို မီးရှို့ခဲ့သည်။ ဒေသခံများကလည်း ပြန်လည်ခုခံမှုများလုပ်ဆောင်ခဲ့ရာ နှမ်းခါးရွာတိုက်ပွဲ၌ စစ်ကောင်စီတပ်က ၁၅ဦးခန့်သေဆုံးခဲ့သည်ဟု ဒေသခံက ပြောသည်။ထို့ကြောင့် နှမ်းခါးရွာကို ယခင် ၂ကြိမ် မီးရှို့ခဲ့ရာ အိမ်ခြေ ၅၀ကျော် မီးလောင်ပျက်စီးခဲ့သည်ဟုဆိုသည်။

“နှမ်းခါးမှာ မီးတွေရှို့နေပြန်ပြီ။ ကျွန်မတို့ ရွာကနေ အဝေး ကြီးကို လှမ်းမြင်နေရတာ။ ဘာကြောင့်မှန်းတော့ မသိဘူး။ ဒီမနက် တောင်ပိုင်းဂန့်ဂေါဘက်ကို သွားရင်းနဲ့ အဲဒီ နှမ်းခါးမှာ နေပြီး မီးရှို့နေတာ။ ကျွန်မတို့လည်း စိတ်ပူတယ်။ သူတို့က တောနင်းပြီး ခြေလျင်သွားနေကြတယ်လို့လည်း ပြောနေတယ်။ ကျွန်မတို့ ရွာဘက်တွေကလည်း တောထဲမှာ တိမ်းရှောင်နေရတာ။ တောပြန်လိုက် ရွာသွားလိုက် အိမ်မှာ ဖြောင့်ဖြောင့် မအိပ်ရသေးဘူး” ဟု နှမ်းခါးရွာနှင့် မိုင်အနည်းငယ်ကွာသည့် မြင်သားရွာခံတစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီတပ်သည် မြင်သားရွာကို စက်တင်ဘာ ၉ရက်နှင့် ၁၀ရက်က ဝင်ရောက်စီးနင်းခဲ့ရာ ကျေးရွာကာကွယ်ရေးအဖွဲ့မှ လူငယ်များအပါအဝင် ဒေသခံ ၁၈ဦးကို တိုက်ခိုက်သတ်ဖြတ်ခဲ့သည်။ မြင်သားရွာရှိ နေအိမ် ၂၀ခန့်ကိုလည်း စစ်ကောင်စီတပ်က မီးရှို့ခဲ့သည်။

လက်ရှိတွင် စစ်ကောင်စီတပ်သည် ဂန့်ဂေါအပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်အချို့မှ မြို့နယ်များကို အင်တာနက်ဖြတ်တောက်ပြီး ထိုးစစ်ဆင်တိုက်ခိုက်မှုများလုပ်ဆောင်လျက်ရှိသည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်ရှိ မြဇီးတောရွာကို အာဏာသိမ်းစစ်တပ်က ဝင်ရောက်မီးရှို့ဖျက်ဆီးရာ ဘုန်းကြီးကျောင်းနဲ့ နေအိမ် ၂၀ ကျော်အပြင် အိမ်သုံးနဲ့ လယ်ယာသုံးစက်ပစ္စည်းတွေ မီးလောင် ပျက်စီးခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ်အတွင်းမှာ တော်လှန်ရေးတပ်တွေနဲ့ စစ်တပ်အကြား တိုက်ပွဲတွေ ဆက်ဖြစ်နေပြီး စစ်တပ်က ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေ မီးရှို့ ဖျက်ဆီးတာတွေ ဆက်လုပ်ခဲ့တယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်မှာ အာဏာသိမ်းစစ်တပ်က ဒေသခံပြည်သူတွေရဲ့ နေအိိမ်တွေအပြင် စေတီပုထိုးတွေကိုပါ မီးရှို့ဖျက်ဆီးသွားကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

​မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ မြစ်ခြေမြို့က နေအိမ်မီးရှို့ခံရတဲ့ ပြည်သူတွေအတွက် အိမ်ပြန်ဆောက်ဖို့ဝါးနဲ့ စားနပ်ရိက္ခာတွေ အရေးပေါ်လိုအပ်နေကြောင်း ပခုက္ကူမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က သတင်းထုတ်ပြန်ပါတယ်။