Connect with us

Hi, what are you looking for?

သတင်း

နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်သူ ၁.၈ သန်းကျော်ရှိလာဟု UNHCR ​ပြော

စစ်အာဏာသိမ်းမှုအပြီးတွင် စစ်ကိုင်းတိုင်းမှာ နေရပ်စွန့်ခွာသူအရေအတွက် ၇၆၅,၂၀၀ ဦးဖြင့် အများဆုံးဖြစ်ပြီး အကြမ်းဖက်စစ်အုပ်စု၏ မီးရှို့ဖျက်ဆီးခံရမှုလည်း အများဆုံးခံစားနေရသည့် ဒေသဖြစ်သည်။ မကွေးတိုင်းမှာ ၂၀၅, ၆၀၀ ဦးဖြင့် နေရပ်စွန့်ခွာသူအရေအတွက် ဒုတိယအများဆုံးဖြစ်သည်။

(​နေရပ်တိမ်း​ရှောင်ထွက်​ပြေး​နေရ​သော ကရင်နီနှင့် စစ်တိုင်းမှ စစ်​ဘေး​ရှောင်ပြည်သူအချို့ ။ဓါတ်ပုံ-CJ)
(​နေရပ်တိမ်း​ရှောင်ထွက်​ပြေး​နေရ​သော ကရင်နီနှင့် စစ်တိုင်းမှ စစ်​ဘေး​ရှောင်ပြည်သူအချို့ ။ဓါတ်ပုံ-CJ)

▪︎မြေပြင်တွင် အရေအတွက် ပိုမိုများပြားဟု သတင်းရင်းမြစ်များပြော

မြန်မာနိုင်ငံတွင် နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်သူအရေအတွက် ၁.၈ သန်းကျော်(၁,၈၅၁,၇၀၀)ရှိနေပြီဖြစ်ကြောင်း ကုလသမဂ္ဂဒုက္ခသည်များအေဂျင်စီ UNHCR ၏ အစီရင်ခံစာထုတ်ပြန်ချက်အရ သိရသည်။

အပြည်ပြည်ဆိုင်ရာဒုက္ခသည်များနေ့မတိုင်မီ UNHCR ၏ အစီရင်ခံစာတွင် ဖော်ပြခြင်းဖြစ်ပြီး အထက်ပါနေရပ်စွန့်ခွာသူ ၁.၈ သန်းကျော်အနက် ၁.၅ သန်ကျော်(၁,၅၂၃,၇၀၀)မှာ စစ်အာဏာသိမ်းမှုအပြီး ပြည်တွင်းနှင့် အိမ်နီးချင်းနိုင်ငံများသို့ ထွက်ပြေးတိမ်းရှောင်နေရသည့် အရေအတွက်ဖြစ်သည်။ လူဦးရေ ၃၂၈,၀၀၀ မှာ စစ်အာဏာသိမ်းမှုမတိုင်မီ ပြည်တွင်းနေရပ်စွန့်ခွာရခြင်းဖြစ်ကြောင်း UNHCR က ဆိုသည်။

(​နေရပ်တိမ်း​ရှောင်ထွက်​ပြေး​နေရ​သော ကရင်နီနှင့် စစ်တိုင်းမှ စစ်​ဘေး​ရှောင်ပြည်သူအချို့ ။ဓါတ်ပုံ-CJ)
(​နေရပ်တိမ်း​ရှောင်ထွက်​ပြေး​နေရ​သော ကရင်နီနှင့် စစ်တိုင်းမှ စစ်​ဘေး​ရှောင်ပြည်သူအချို့ ။ဓါတ်ပုံ-CJ)

စစ်အာဏာသိမ်းမှုအပြီးတွင် စစ်ကိုင်းတိုင်းမှာ နေရပ်စွန့်ခွာသူအရေအတွက် ၇၆၅,၂၀၀ ဦးဖြင့် အများဆုံးဖြစ်ပြီး အကြမ်းဖက်စစ်အုပ်စု၏ မီးရှို့ဖျက်ဆီးခံရမှုလည်း အများဆုံးခံစားနေရသည့် ဒေသဖြစ်သည်။ မကွေးတိုင်းမှာ ၂၀၅, ၆၀၀ ဦးဖြင့် နေရပ်စွန့်ခွာသူအရေအတွက် ဒုတိယအများဆုံးဖြစ်သည်။

Public Service Announcement
Public Service Announcement

မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းမှုမတိုင်မီတွင် ကချင်၊ ကရင်၊ ချင်း၊ ရခိုင်နှင့် ရှမ်းပြည်နယ်တို့မှာ နေရပ်စွန့်ခွာသူများပြားခဲ့သော်လည်း အာဏာသိမ်းမှုအပြီးတွင် ကရင်နီပြည်နယ်၊ ပဲခူးတိုင်း၊ မွန်ပြည်နယ်နှင့် တနင်္သာရီတိုင်းတို့မှာ နေရပ်စွန့်ခွာသူ အများအပြားရှိလာခဲ့သည်။

Public Service Announcement

Public Service Announcement

UNHCR ၏ အစီရင်ခံစာအရ ကရင်နီပြည်နယ်(ကယား)တွင် ၉၈,၁၀၀ ဦး နေရပ်စွန့်ခွာရသည်ဟု ဖော်ပြထားသည်။ သို့သော် မကြာသေးမီက မြေပြင်တွင် စစ်ရှောင်အရေးကူညီဆောင်ရွက်ပေးနေသူ ကရင်နီပြည်လူမှုအသင်းအဖွဲ့များကွန်ရက် တာ၀န်ရှိသူတစ်ဦးက ဖယ်ခုံ၊ မိုးဗြဲအပါအဝင် ကရင်နီဒေသတွင် ပျမ်းမျှ စစ်ရှောင်(နေရပ်စွန့်ခွာ)အရေအတွက်မှာ ၂၁၀,၀၀၀ ကျော်ရှိနေပြီဟု People’s Spring သို့သည်။

(​နေရပ်တိမ်း​ရှောင်ထွက်​ပြေး​နေရ​သော ကရင်နီနှင့် စစ်တိုင်းမှ စစ်​ဘေး​ရှောင်ပြည်သူအချို့ ။ဓါတ်ပုံ-CJ)
(​နေရပ်တိမ်း​ရှောင်ထွက်​ပြေး​နေရ​သော ကရင်နီနှင့် စစ်တိုင်းမှ စစ်​ဘေး​ရှောင်ပြည်သူအချို့ ။ဓါတ်ပုံ-CJ)

အခြား ပြည်နယ်နှင့် တိုင်းများတွင်လည်း မြေပြင်ရှိ နေရပ်စွန့်ခွာသူအရေအတွက်မှာ UNHCR အစီရင်ခံစာပါအရေအတွက်ထက် ပိုမိုများပြားသည်ဟု သတင်းရင်းမြစ်များက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

ထိုင်းနယ်စပ်က ဒုက္ခသည်စခန်း​တွေမှာ ခိုလှုံနေတဲ့ မြန်မာ စစ်​ဘေးဒုက္ခသည်တွေကို ပြည်တွင်းမှာ တရားဝင် အလုပ်လုပ်ခွင့်ပြုဖို့ ထိုင်းအစိုးရက လက်ခံခဲ့တဲ့အပေါ် ကုလသမဂ္ဂက ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) ကကြိုဆိုခဲ့ပါတယ်။

သတင်း

စစ်ကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်က ၎င်း၏ ဇာတိပန်းတနော်မြို့တွင်စစ်ကောင်စီအတွက်စစ်သားစုဆောင်းရေး အုပ်ချုပ်ရေးမှူးများနှင့်ဒေသခံများအား ဖိအားပေးနေသောကြောင့်မြို့ခံလူငယ်များထွက်ပြေးတိမ်းရှောင်နေကြရသည်။

သတင်း

မကွေးတိုင်း ရေလယ်ကျွန်းဒေသရှိ ကျေးရွာတွေကို စစ်ကောင်စီတပ်က ဖေဖော်ဝါရီနောက်ဆုံးလကုန်ပိုင်းက စတင်ပြီး စစ်ကြောင်းထိုးနေတာကြောင့် အရပ်သားပြည်သူ ၂၀,၀၀၀ နီးပါးထွက်ပြေးနေရတယ်လို့ဒေသခံတွေဆီကသိရပါတယ်။

သတင်း

ဇွန်လအတွင်းက မြန်မာနိုင်ငံ၌ နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်သူ ၁.၈သန်းကျော်ရှိကြောင်း ကုလသမဂ္ဂဒုက္ခသည်များအေဂျင်စီ UNHCR အစီရင်ခံစာထုတ်ပြန်ထားသည်။