Connect with us

Hi, what are you looking for?

News

ပုလဲမြို့နယ်တွင် စစ်​ကောင်စီတပ်မိုင်းခွဲခံရ ၁၀ဦးခန့်​သေဆုံးနိုင်ပုလဲ PDFထုတ်ပြန်

၎င်းတို့စီးလာသော ခွေးဘီလူးကားတစ်စီး ဆိုင်ကယ် သုံးစီးပျက်စီးခဲ့ပြီး​ တိုက်ပွဲဝင် PPDF ရဲဘော်များ အထိခိုက်မရှိဆုတ်ခွာနိူင်ခဲ့ကြောင်း အတည်ပြုထုတ်ပြန် ကြေညာလိုက်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

စစ်ကိုင်းတိုင်း ယင်းမာပင်ခရိုင်ပုလဲမြို့နယ်တွင် ယမန်နေ့နံနက်ပိုင်းက အာဏာသိမ်းစစ်ကောင်စီတပ်များ မိုင်းဆွဲတိုက်ခိုက်ခံရပြီး စစ်သား ၁၀ဦးခန့် သေဆုံးနိုင်ကြောင်းပုလဲမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။

၂၀၂၁ စက်တင်ဘာ ၃၀ ရက် နံနက် ၁၁နာရီဝန်းကျင်က စစ်ကိုင်းတိုင်း ပုလဲမြို့နယ် လက်ပုကန်ကျေးရွာ နှင့်နှောကန်ကျေးရွာကြား (ပုလဲ-ဂန့်ဂေါ) လမ်းမကြီးပေါ်နေရာတစ်ခုတွင် အကြမ်းဖက်စစ်ကောင်စီအဖွဲ့များအား ဗိုလ်နဂါး ဦးဆောင်သော PPDF ရဲဘော်များမှ မိုင်းခွဲတိုက် ခိုက်ခဲ့ပြီး အဆိုပါ တိုက်ခိုက်မှုကြောင့် အကြမ်း ဖက်စစ်ကောင်စီတပ် ၁၀ဦးခန့်သေဆုံးကာ ဒဏ်ရာအများအပြားရရှိသွားကြောင်း ပုလဲမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က အသိပေးသည်။

၎င်းတို့စီးလာသော ခွေးဘီလူးကားတစ်စီး ဆိုင်ကယ် သုံးစီးပျက်စီးခဲ့ပြီး​ တိုက်ပွဲဝင် PPDF ရဲဘော်များ အထိခိုက်မရှိဆုတ်ခွာနိူင်ခဲ့ကြောင်း အတည်ပြုထုတ်ပြန် ကြေညာလိုက်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

“စစ်ကောင်စီတပ်တွေဟာ ပုလဲမြို့မှ ထွက်လာခဲ့တုန်းက ခြေလျင်ထွက်လာပြီး လမ်းရောက်မှ ကားတွေဆိုင်ကယ်တွေနဲ့ ဖြစ်လာတာပါ။ယာဥ်တန်း နှောကန်ရွာနားအရောက်မှာတော့ ကျွန်တော်တို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက မိုင်းဆွဲတိုက်ခိုက်လိုက်တာဖြစ်ပြီး မိုင်း၆လုံးဆင်ထားရာ အားလုံးပေါက်ခဲ့ပါတယ်”ဟုပုလဲမြို့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူက ပြောကြောင်း ပုလဲဒေသခံတို့၏ Pale Entertainment စာမျက်နှာတွင် ရေးသားထားသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ရဲဘော် တွေအနေနဲ့ ဒရုန်းနည်းပညာ စစ်ရေးမှာ အသုံးပြုတာနဲ့ ပတ်သက်ပြီး စစ်အုပ်စုထက် ပိုသာကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်က ပြောပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ်မှာ အင်အား ၁၀၀ ကျော်ပါ စစ်တပ်စစ်ကြောင်းကို ဒရုန်းနဲ့ တိုက်ခိုက်တာ၊ ကြားဖြတ်တိုက်ခိုက်တာတွေ လုပ်ဆောင်ခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) တနင်္သာရီတိုင်းစစ်ဌာန ထားဝယ်ခရိုင် အမှတ်(၁)တပ်ရင်း သံမဏိလိပ်ပြာတပ်ခွဲက သတင်းထုတ်ပြန်ပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်ရဲ့ တံတားဦး လေတပ်စခန်းကတိုက်​လေယာဥ်​တွေကိုပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)က ဒရုန်းနဲ့တိုက်ခိုက်ခဲ့ပြီး စစ်တပ်လေယာဉ် ၄စီးထိခိုက်ခဲ့ကြောင်း စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

Facebook