Connect with us

Hi, what are you looking for?

News

ပုလဲမြို့နယ်တွင် စစ်​ကောင်စီတပ်မိုင်းခွဲခံရ ၁၀ဦးခန့်​သေဆုံးနိုင်ပုလဲ PDFထုတ်ပြန်

၎င်းတို့စီးလာသော ခွေးဘီလူးကားတစ်စီး ဆိုင်ကယ် သုံးစီးပျက်စီးခဲ့ပြီး​ တိုက်ပွဲဝင် PPDF ရဲဘော်များ အထိခိုက်မရှိဆုတ်ခွာနိူင်ခဲ့ကြောင်း အတည်ပြုထုတ်ပြန် ကြေညာလိုက်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

စစ်ကိုင်းတိုင်း ယင်းမာပင်ခရိုင်ပုလဲမြို့နယ်တွင် ယမန်နေ့နံနက်ပိုင်းက အာဏာသိမ်းစစ်ကောင်စီတပ်များ မိုင်းဆွဲတိုက်ခိုက်ခံရပြီး စစ်သား ၁၀ဦးခန့် သေဆုံးနိုင်ကြောင်းပုလဲမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။

၂၀၂၁ စက်တင်ဘာ ၃၀ ရက် နံနက် ၁၁နာရီဝန်းကျင်က စစ်ကိုင်းတိုင်း ပုလဲမြို့နယ် လက်ပုကန်ကျေးရွာ နှင့်နှောကန်ကျေးရွာကြား (ပုလဲ-ဂန့်ဂေါ) လမ်းမကြီးပေါ်နေရာတစ်ခုတွင် အကြမ်းဖက်စစ်ကောင်စီအဖွဲ့များအား ဗိုလ်နဂါး ဦးဆောင်သော PPDF ရဲဘော်များမှ မိုင်းခွဲတိုက် ခိုက်ခဲ့ပြီး အဆိုပါ တိုက်ခိုက်မှုကြောင့် အကြမ်း ဖက်စစ်ကောင်စီတပ် ၁၀ဦးခန့်သေဆုံးကာ ဒဏ်ရာအများအပြားရရှိသွားကြောင်း ပုလဲမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က အသိပေးသည်။

၎င်းတို့စီးလာသော ခွေးဘီလူးကားတစ်စီး ဆိုင်ကယ် သုံးစီးပျက်စီးခဲ့ပြီး​ တိုက်ပွဲဝင် PPDF ရဲဘော်များ အထိခိုက်မရှိဆုတ်ခွာနိူင်ခဲ့ကြောင်း အတည်ပြုထုတ်ပြန် ကြေညာလိုက်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

“စစ်ကောင်စီတပ်တွေဟာ ပုလဲမြို့မှ ထွက်လာခဲ့တုန်းက ခြေလျင်ထွက်လာပြီး လမ်းရောက်မှ ကားတွေဆိုင်ကယ်တွေနဲ့ ဖြစ်လာတာပါ။ယာဥ်တန်း နှောကန်ရွာနားအရောက်မှာတော့ ကျွန်တော်တို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက မိုင်းဆွဲတိုက်ခိုက်လိုက်တာဖြစ်ပြီး မိုင်း၆လုံးဆင်ထားရာ အားလုံးပေါက်ခဲ့ပါတယ်”ဟုပုလဲမြို့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူက ပြောကြောင်း ပုလဲဒေသခံတို့၏ Pale Entertainment စာမျက်နှာတွင် ရေးသားထားသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ စစ်ရုံးချုပ်ကွပ်ကဲမှုအောက်ရှိ အမှတ် (၉၇၁၁) တပ်ရင်းကို လက်နက်တပ်ဆင်ခြင်းအခမ်းအနား ကျင်းပခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ပြည့်သူ့ကာကွယ်​ရေးတပ်မ​တော်(PDF)၊အထူးတိုင်းစစ်ဌာန သုံ့ပန်းစခန်းမှာ ပေးအပ်တဲ့တာဝန်တွေကို ကျေပွန်အောင်ထမ်းဆောင်ခဲ့တဲ့ စစ်သုံ့ပန်း ၁၆ ဦးကို သူတို့ရဲ့ဆန္ဒအလျောက် ပြည်သူ့ကာကွယ်ရေးတပ်မတော်သားတွေအဖြစ် တာဝန်ထမ်း‌ ဆောင်ခွင့် ပြုလိုက်တယ်လို့အမျိုးသားညီညွတ်ရေးအစိုးရ (NUG)ကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်တပ်က အင်း​တော်မှာပြည်သူ ၁ဦးကိုသတ်ပြီး ၁ ဦးကိုဖမ်း​​ခေါ်သွား