Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ဥရောပရဲ့ နောက်ဆုံးလက်ကျန် အာဏာရှင်ဆိုတဲ့ ညွှန်းဆိုမှုတွေကို ဘီလားရုစ် သမ္မတပယ်ချ

လူကာရှန်ကိုက သူအာဏာရလာချိန် ဘီလားရုစ်မှာ အကျဉ်းသား ၅၀၀၀၀ လောက် ရှိခဲ့ရာက အခုဆိုရင် ၂၂၀၀၀ လောက်သာ ကျန်တော့ကြောင်း၊ မီဒီယာတွေက စွပ်စွဲ ရေးသားသလို သူဟာ ပြည်သူတွေကို ထောင်ချပြီး ဖိနှိပ်နေတဲ့ အာဏာရှင် တစ်ဦးသာ သေချာရင် သိပ်ပြီး အားမကောင်းလှတဲ့ အာဏာရှင်မျိုး ဖြစ်နိုင်ကြောင်း လူကာရှန်ကိုက လှောင်ပြောင်သွားခဲ့ပါတယ်။

ဥရောပရဲ့ နောက်ဆုံးလက်ကျန် အာဏာရှင်ဆိုတဲ့ ညွှန်းဆိုမှုတွေကို ဘီလားရုစ် သမ္မတပယ်ချ
ဥရောပရဲ့ နောက်ဆုံးလက်ကျန် အာဏာရှင်ဆိုတဲ့ ညွှန်းဆိုမှုတွေကို ဘီလားရုစ် သမ္မတပယ်ချ

သူ့ကို ဥရောပရဲ့ နောက်ဆုံးလက်ကျန် အာဏာရှင်အဖြစ် ရည်ညွှန်းနေကြတာတွေဟာ အဓိပ္ပါယ် မရှိဘူးလို့ ဘီလားရုစ် သမ္မတက ပြောကြားသွားပါတယ်။

အသက် ၆၈ နှစ်အရွယ် အလက်ဇန္ဒား လူကာရှန်ကိုဟာ ၁၉၉၄ ခုနှစ် ကတည်းက သမ္မတ ရာထူးကို မလွတ်တမ်း ဆုပ်ကိုင်ထားခဲ့တာ ဖြစ်ပါတယ်။ သူ့လက်ထက် တလျှောက်လုံးမှာ အတိုက်အခံ နိုင်ငံရေး အင်အားစုတွေကို ရက်ရက်စက်စက် ဖြိုခွင်းခဲ့တဲ့ လူသိရှင်ကြား လုပ်ရပ်တွေကို ကျူးလွန်ခဲ့ပါတယ်။ နောက်ပြီး ရွေးကောက်ပွဲတွေမှာ လူကာရှန်ကို မဲလိမ်ခဲ့တယ်၊ ဒါမှမဟုတ် မရိုးမသား ခြယ်လှယ် စွက်ဖက်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေကလည်း အမြဲလိုလို ထွက်ပေါ်ခဲ့ပါတယ်။

အနောက်ဥရောပ နိုင်ငံရေးသမားတွေက လူကာရှန်ကိုဟာ ဥရောပမှာ ကြွင်းကျန်နေတဲ့ နောက်ဆုံး လက်ကျန် အာဏာရှင်လို့ သုံးနှုန်းလေ့ ရှိပေမယ့် သူကိုယ်တိုင်ကတော့ အခုသီတင်းပတ်မှာ သီတင်းထောက်တွေနဲ့ တွေ့ဆုံရင်း အဲဒီအချက်ကို ပယ်ချသွားပါတယ်။ ရုရှား သမ္မတ ဗလာဒီမာပူတင် အားအကိုးဆုံး မဟာမိတ် တစ်ဦးလည်းဖြစ်တဲ့ လူကာရှန်ကိုက ဥရောပရဲ့ နောက်ဆုံး အာဏာရှင်ဆိုတဲ့ အသုံးအနှုန်းအတွက် သူ့ကို ပြန်တောင်းပန်သင့်တယ်လို့ ခမ်းနားကျယ်ဝန်းတဲ့ ဘီလားရုစ် လွတ်လပ်ရေး ခန်းမဆောင်ကြီးထဲမှာ သူက သတင်းထောက်တွေကို ပြောပါတယ်။

သူဟာ အာဏာရှင်မဟုတ်ကြောင်း၊ တကယ်လို့ အာဏာရှင် ဖြစ်ခဲ့ရင်တောင် သူဟာ နောက်ဆုံးလက်ကျန် ဆိုတာတော့ မဟုတ်ကြောင်း၊ ဘီလားရုစ်မှာ နိုင်ငံရေး အာဏာကို သူက ချုပ်ကိုင်ထားခွင့် ရှိသင့် မရှိသင့်ကို သူက ဆုံးဖြတ်တာ မဟုတ်ဘဲ ပြည်သူ အများစုက ယုံကြည်ပြီး အပ်နှင်းထားတာသာဖြစ်ကြောင်း လူကာရှန်ကိုက ခပ်တည်တည် ပြောကြားသွားခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ဒါပေမဲ့ တစ်ဖက်မှာတော့ ဘီလားရုစ်က အတိုက်အခံ အများစုဟာ ပြည်ပကို တိမ်းရှောင်နေတာ၊ ဒါမှမဟုတ် အကျဉ်းထောင်ထဲမှာ ချုပ်နှောင်ခံထားရမျိုးတွေ ကြုံနေပါတယ်။ လောလောလတ်လတ် အနေနဲ့ လူကာရှန်ကိုရဲ့ ဩဇာခံ ဘီလားရုစ် တရားရုံးချုပ်ဟာ လာမယ့် ရွေးကောက်ပွဲမှာ အဓိက အတိုက်အခံပါတီကို ပါဝင်ယှဉ်ပြိုင်ခွင့် ပိတ်ပင် တားမြစ်ထားလိုက်သလို ပါတီဝင်တွေ တိုက်ခိုက်ခံနေရတယ်ဆိုတဲ့ သတင်းတွေလည်း ထွက်ပေါ်နေပါတယ်။

လူကာရှန်ကိုက သူအာဏာရလာချိန် ဘီလားရုစ်မှာ အကျဉ်းသား ၅၀၀၀၀ လောက် ရှိခဲ့ရာက အခုဆိုရင် ၂၂၀၀၀ လောက်သာ ကျန်တော့ကြောင်း၊ မီဒီယာတွေက စွပ်စွဲ ရေးသားသလို သူဟာ ပြည်သူတွေကို ထောင်ချပြီး ဖိနှိပ်နေတဲ့ အာဏာရှင် တစ်ဦးသာ သေချာရင် သိပ်ပြီး အားမကောင်းလှတဲ့ အာဏာရှင်မျိုး ဖြစ်နိုင်ကြောင်း လူကာရှန်ကိုက လှောင်ပြောင်သွားခဲ့ပါတယ်။

နောက်ပြီး ၃ နာရီခွဲလောက် ကြာမြင့်ခဲ့တဲ့ သတင်းစာ ရှင်းလင်းပွဲက အပြန်မှာတော့ လူကာရှန်ကိုက သတင်းထောက် အားလုံးရဲ့ လုံခြုံရေးအတွက် စိုးရိမ်စရာ မရှိကြောင်း၊ အပြန်လမ်းမှာ ဘယ်သူမှ အဖမ်းမခံရဖို့ သူတာဝန်ယူကြောင်း ရယ်ရယ်မောမော ပြောဆိုသွားခဲ့ပါတယ်။

ဆက်စပ်သတင်းများ

ဆောင်းပါး

အိမ်ထောင်စုလေးစု စုပေါင်း နေ ရတဲ့ ၁၅ ပေ ပတ်လည်အခန်းလေးထဲ ငိုသံတချို့ကျယ်ကျယ်လောင်လောင်ထွက်‌လို့နေပါတယ်။

သတင်း

အမေရိကန်နိုင်ငံ ဝါရှင်တန်ဒီစီရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ မြန်မာ့ဒီမိုကရေစီအရေးဆောင်ရွက်သူတွေက စုပေါင်းပြီး မြန်မာစစ်အာဏာရှင်ကို အသိအမှတ်ပြုဆက်ဆံတာမျိုးမလုပ်ဖို့ ထိုင်းအစိုးရကို တောင်းဆိုတဲ့ ဆန္ဒပြပွဲကို ဇူလိုင် ၃၁ ရက်က ပြုလုပ်ခဲ့ပါတယ်။

သတင်း

SCEFရဲ့ရည်မှန်းချက်ဟာ နိုင်ငံရေးပုံမှန်ပြန်လည်တည်ဆောက်ရေးမဟုတ်၊ စစ်တပ်အာဏာလွှမ်းမိုးမှုကို အဆုံးသတ်၊ ပဋိပက္ခ ဖြစ်စေတဲ့အရင်းခံတွေဖြေရှင်းဖို့ ဖြစ်ကြောင်းအသိပေး

သတင်း

စစ်အာဏာရှင်တွေကို အခါတော်ပေးခဲ့သူ ဒေါက်တာဖေဉာဏ် အသတ်ခံရမှုအတွက် အရပ်သားတွေကို ရိုက်နှက်စစ်ဆေးနေတဲ့ စစ်တပ်နဲ့ရဲက ပန်းရံလုပ်သား လေးဦးကို တရားခံအဖြစ် ခေါင်းစဉ်တပ် ဖမ်းဆီးလိုက်တယ်လို့ မှော်ဘီမြို့ခံတွေကပြောပါတယ်။