Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ပြည်တွင်းမှာ ဖြန့်ကျက်ထားတဲ့ ရုရှား နျူကလီးယား လက်နက်တွေကို လက်တွေ့ အသုံးပြုမှာ မဟုတ်ဘူးလို့ ဘီလားရုစ် သမ္မတပြော

လူကာရှန်ကိုနဲ့ ရုရှား သမ္မတ ဗလာဒီမာ ပူတင်တို့က ဘီလားရုစ် နယ်စပ်မှာ ဒုံးကျည်တွေ စတင်ဖြန့်ကျက်ထားပြီ ဆိုတာကို အတည်ပြုခဲ့ပြီး ရည်မှန်းထားသမျှ အရေအတွက် အားလုံးကို နှစ်ကုန်ပိုင်းမှာ အပြီးသတ်နိုင်မယ်လို့ မျှော်လင့်ကြောင်း မှတ်ချက် ပြုထားပါတယ်။

ပြည်တွင်းမှာ ဖြန့်ကျက်ထားတဲ့ ရုရှား နျူကလီးယား လက်နက်တွေကို လက်တွေ့ အသုံးပြုမှာ မဟုတ်ဘူးလို့ ဘီလားရုစ် သမ္မတပြော
ပြည်တွင်းမှာ ဖြန့်ကျက်ထားတဲ့ ရုရှား နျူကလီးယား လက်နက်တွေကို လက်တွေ့ အသုံးပြုမှာ မဟုတ်ဘူးလို့ ဘီလားရုစ် သမ္မတပြော

ပြည်တွင်းမှာ လာရောက် ဖြန့်ကျက်ထားတဲ့ ရုရှား နျူကလီးယား လက်နက်တွေကို လက်တွေ့ သုံးစွဲဖို့ အစီအစဉ် မရှိကြောင်း ဘီလားရုစ် သမ္မတက မှတ်ချက်ပေးခဲ့ပါတယ်။

နိုင်ငံရဲ့ အနောက်ဖက်ခြမ်းက ယူကရိန်းနဲ့ NATO အဖွဲ့ဝင် နိုင်ငံတချို့ဆီ နယ်နိမိတ် ထိစပ်နေတဲ့ နေရာတွေမှာ ရုရှားရဲ့ တာတိုပစ် နျူကလီးယား ဒုံးကျည်တွေကို ဖြန့်ကျက်ထားဖို့ ဘီလားရုစ် အစိုးရက ခွင့်ပြုခဲ့ပါတယ်။ အခုအခါ ဒုံးကျည်တွေ ထားရှိတဲ့ကိစ္စ အတိုင်းအတာ တစ်ခုထိ ဆောင်ရွက်ပြီး ဖြစ်သလို ဘီလားရုစ် စစ်သားတွေကိုလည်း အဲဒီ စစ်လက်နက်တွေ ကိုင်တွယ်တတ်အောင် ရုရှား အစိုးရက လေ့ကျင့်ပေးထားပါတယ်။

လူကာရှန်ကိုနဲ့ ရုရှား သမ္မတ ဗလာဒီမာ ပူတင်တို့က ဘီလားရုစ် နယ်စပ်မှာ ဒုံးကျည်တွေ စတင်ဖြန့်ကျက်ထားပြီ ဆိုတာကို အတည်ပြုခဲ့ပြီး ရည်မှန်းထားသမျှ အရေအတွက် အားလုံးကို နှစ်ကုန်ပိုင်းမှာ အပြီးသတ်နိုင်မယ်လို့ မျှော်လင့်ကြောင်း မှတ်ချက် ပြုထားပါတယ်။

ဆိုဗီယက် ပြည်ထောင်စုဟောင်းရဲ့ အမျိုးသားနေ့ အခမ်းအနားမှာတော့ ဆိုဗီယက် အဖွဲ့ဝင်ဟောင်း ဖြစ်ခဲ့ဖူးတဲ့ ဘီလားရုစ်ရဲ့ သမ္မတက ပြည်တွင်းမှာ ဖြန့်ကျက်ထားတဲ့ ရုရှား နျူကလီးယား လက်နက်တွေကို လက်တွေ့ အသုံးမပြုဖို့ လေးလေးနက်နက် စိတ်ပိုင်းဖြတ်ထားကြောင်း ပြောကြားသွားပါတယ်။

Public Service Announcement

Public Service Announcement

အကြောင်းအမျိုးမျိုးကြောင့် ဘီလားရုစ်မှာ ဒီလို အစွမ်းထက် လက်နက်တွေ ထားရှိဖို့ လိုအပ်လာပြီလို့ ယုံကြည်လက်ခံစရာ ကိစ္စတွေ များလာကြောင်း၊ ဒါပေမဲ့ အဲဒီ နျူကလီးယား လက်နက်တွေကို ဘီလားရုစ်က လက်တွေ့ အသုံးပြုဖို့ အစီအစဉ် လုံးဝ မရှိကြောင်း၊ တစ်ဖက်မှာလည်း ဒီလက်နက်တွေကြောင့် ဘယ်ရန်သူနိုင်ငံမှ ဘီလားရုစ်ကို ခြေချရဲမှာ မဟုတ်ကြောင်း လူကာရှန်ကိုက ပြောပါတယ်။

ပူတင်ရဲ့ အမာခံ မဟာမိတ် တစ်ဦးဖြစ်တဲ့ လူကာရှန်ကိုဟာ ရုရှားရဲ့ အာဘော်အတိုင်း အနောက်မဟာမိတ် နိုင်ငံတွေဟာ သူ့နိုင်ငံနဲ့ ရုရှားကို ဖျက်ဆီးပစ်ဖို့ ကြံစည်နေကြောင်း အစဉ်တစိုက် စွပ်စွဲထားပါတယ်။ ပြီးတော့ ဝေဖန်မှုတွေ ရှိနေတဲ့တိုင် ဘီလားရုစ် ပိုင်နက်ထဲမှာ နျူကလီးယား စစ်လက်နက်တွေ ဖြန့်ကျက်တဲ့ ကိစ္စဟာ အမှန်တကယ် လိုအပ်ကြောင်းလည်း သူက ကာကွယ် ပြောဆိုသွားပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ယူကရိန်းမှာရှိတဲ့ ကမ္ဘာ့အမွေအနှစ် သာသနိက အဆောက်အအုံ တစ်ခုကို တိုက်ခိုက်ခဲ့တဲ့ ရုရှားရဲ့ လုပ်ရပ်အပေါ် ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနဲ့ ယဉ်ကျေးမှု အဖွဲ့ကြီး (ယူနက်စကို)က ရှုတ်ချသွားခဲ့ပါတယ်။

နိုင်ငံတကာ

ဆိုက်ဘေးရီးယား ဒေသမှာ လေ့ကျင့်ပျံသန်းနေရင်း ရုရှားရဲ့ မဟာဗျူဟာ ဗုံးကြဲလေယာဉ်ကြီးတစ်စီး ပျက်ကျခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

နျူကလီးယား လက်နက်နိုင်ငံအဖြစ် ရပ်တည်မှုကို ဘယ်တော့မှ ရုပ်သိမ်းမှာ မဟုတ်ဘူးလို့ မြောက်ကိုရီးယားက ပြိုင်ဘက် နိုင်ငံတွေကို ရည်ရွယ်ပြီး သတိပေးလိုက်ပါတယ်။

နိုင်ငံတကာ

တရုတ်သမ္မတရဲ့ အလည်အပတ် ခရီးစဉ် မတိုင်ခင် တစ်ရက်မှာ မြောက်ကိုရီးယားက နိုင်ငံရဲ့ နျူကလီးယား လက်နက်ပိုင် နိုင်ငံအဖြစ် ဆက်လက် ရပ်တည်နေမယ့်အကြောင်း အတည်ပြု ကြေညာခဲ့ပါတယ်။