Connect with us

Hi, what are you looking for?

News

သံဃသမဂ္ဂသပိတ်စစ်ကြောင်းကို စစ်ကောင်စီတပ်ကသေနတ်နဲ့ပစ် ကားဖြင့်တိုက်ပြီး သံဃာတော်ငါးပါးနှင့် လူသုံးဦးကိုဖမ်းစီး

ယင်းနောက် အကြမ်းဖက်စစ်ကောင်စီတပ်များက ဖမ်းဆီးထားသည့် သံဃာတော်များအား သင်္ကန်းကိုဇွတ်အတင်းချွတ်ကာ လူဝတ်လဲခိုင်းပြီး ရဲစခန်းသို့ ခေါ်သွားသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

မန္တလေးမြို့ရှိ သံဃသမဂ္ဂသပိတ်စစ်ကြောင်းအား အကြမ်းဖက်စစ်ကောင်စီက သေနတ်ဖြင့်ပစ်ခတ်သည့်အပြင် ကားနှင့်ပါတိုက်ကာ ယနေ့နေ့လယ်ပိုင်းက သပိတ်ဖြိုခွဲခံခဲ့ရကြောင်း သံဃသမဂ္ဂက အတည်ပြုထုတ်ပြန် သည်။

ယနေ့မွန်းလွဲ ၁ နာရီကျော်က မဟာအောင်မြေမြို့နယ် စိန်ပန်းရပ်ကွက်အတွင်း သပိတ်စစ်ကြောင်းစထွက် အိမ်စီးကားဖြင့် စစ်ကောင်စီတပ်များရောက်လာပြီး အသံဗုံးဖောက်ခြင်း ကျည်အစစ်နှင့်ပစ်ခြင်း ကားဖြင့်ဝင်တိုက်ခြင်းများ ကျူးလွန်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ထို့အပြင် သံဃာတော်ငါးပါးနှင့် လူသုံးဦးဖမ်းဆီးခံရသည့်အပြင် ဦးဇင်းတစ်ပါး ကားဖြင့် တိုက်ခံရကာ တစ်ပါး ခြေထောက်ကျည်ထိထားကြောင်း ထုတ်ပြန်ချက်က ဆိုသည်။

ယင်းနောက် အကြမ်းဖက်စစ်ကောင်စီတပ်များက ဖမ်းဆီးထားသည့် သံဃာတော်များအား သင်္ကန်းကိုဇွတ်အတင်းချွတ်ကာ လူဝတ်လဲခိုင်းပြီး ရဲစခန်းသို့ ခေါ်သွားသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

Public Service Announcement

Public Service Announcement

“ဘယ်လိုပင် လူဝတ်ကို ဇွတ်အတင်းဝတ်ခိုင်းပါစေ၊ ကိုယ်တိုင်သိက္ခာမချသရွေ့ ရဟန်းဟာရဟန်းပါပဲ။ ပစ်မှား စော်ကား ရိုက်နှက်ပုတ်ခတ်မှုမှန်သမျှ တန်ပြန်ဝဋ်ကြွေးက လာမည်သာဖြစ်ပါတယ်။ တစုံတရာထိခိုက်ဒဏ်ရာပျောက်ရှဖြစ်ခဲ့သော် တာဝန်ယူမှု တာဝန်ခံမှုရှိရမှာ ဖြစ်ပါတယ်”သံဃသမဂ္ဂထုတ်ပြန် ချက်တွင် ထည့်သွင်းထားသည်။

ဖမ်းဆီးခံရသူများတွင် ဦးသိရိန္ဒ ၊ဦးဝိလာသ၊ ဦးသုစိတ်တ၊ ဦးရေဝတနှင့် ဦးဝီရိယဓမ္မစသည့် သံဃာတော်ငါးပါးနှင့် ကိုရှိုင်းအောင်၊ ကိုဌေးလွင်စိုးနှင့် ကိုမင်းဝင်းတို့ သုံးဦးတို့ ဖြစ်သည်ဟု သံဃသမဂ္ဂက ထုတ်ပြန်သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။

ဆောင်းပါး

နောက်ကျိနေတဲ့မြစ်ရေတွေမြို့ထဲကို အရှိန်ပြင်းပြင်း စီးဝင်လာလို့ လူတွေက ဘေးလွတ်ရာထွက်ပြေးနေကြပါတယ်။ မြို့‌ကောင်းကင်ယံမှာက ရဟတ်ယာဉ်နဲ့ Y12လေယာဉ်၊ ဂျက်ဖိုက်တာတချို့ တဝီဝီပျံသန်းနေပါတယ်။