တော်လှန်ရုပ်ရှင် “မပြီးသေးဘူး ငါတို့အလှည့်ကျန်သေးတယ် ” ဇာတ်ကားကို “Asia Justice and Rights – AJAR” ၏ဖေ့စ်ဘွတ်မှာ ဇူလိုင် ၁၉ ညက စလို့တင်ပေးထားပြီဖြစ်ပါတယ်။
ဒီဇာတ်ကားကို ဒါရိုက်တာ ဏကြီးကရိုက်ကူးထားပြီး အောင်မြင့်မြတ်၊ ပိုင်ဖြိုးသုတို့က အဓိကပါဝင်သရုပ်ဆောင်ထားတာပါ။
တော်လှန်ရုပ်ရှင်အနေနဲ့ ကမ္ဘာ့နိုင်ငံပေါင်း ၁၄ နိုင်ငံရဲ့ မြို့ ပေါင်း ၃၇ မြို့မှာ ရုံတင်ပြသခဲ့ပါတယ်။
ဒီဇာတ်ကားပြသရာကရရှိလာတဲ့ ရန်ပုံငွေတွေကို Army Representing Myanmar Society (A.R.M.S)၊ အညာတောင်ပံခတ်သံ၊ Voice of PDF အဖွဲ့တွေက တစ်ဆင့် လှူဒါန်းမှုတွေပြုလုပ်ခဲ့သလို အချို့အဖွဲ့တွေကိုလည်း တိုက်ရိုက်လှူဒါန်းမှုတွေပြုလုပ်ခဲ့ပါတယ်။

Public Service Announcement
ဒီဇာတ်ကားရဲ့ ဖေ့စ်ဘွတ်မှာတင်ထားတဲ့ စာရင်းအရ လှူဒါန်းငွေက ဘတ် ၁၂၉၈၀၅၄ နဲ့ ငွေကျပ် သိန်းကိုးဆယ် ဖြစ်ကြောင်း သိရပါတယ်။


















































