Connect with us

Hi, what are you looking for?

နိုင်ငံတကာ

တော်ဝင်မိသားစုကိုအသရေဖျက်မှုနဲ့ထိုင်းအတိုက် အခံအမတ်ထောင်သုံးနှစ်ချခံရ

ထိုင်းတော်ဝင်မိသားစုကို အသရေဖျက်ခဲ့ကြောင်း စွပ်စွဲပြီး အတိုက်အခံ ပြည်သူ့ပါတီ (PP)ရဲ့အမျိုးသမီးအမတ်တစ်ဦးဖြစ်သူရတ်ချာနော့ခ်ဆရီနော့ခ်အပေါ်ထောင်ဒဏ် ၆ နှစ်ချမှတ်ထားရာကနေထောင်ဒဏ် ၃ နှစ်ထိ အယူခံရုံးက လျှော့ပေါ့ပေးလိုက်ပါတယ်။

ဓာတ်ပုံ - Khaosod

နိုဝင်ဘာ -၂၃ ၊၂၀၂၆

ထိုင်းတော်ဝင်မိသားစုကို အသရေဖျက်ခဲ့ကြောင်း စွပ်စွဲပြီး အတိုက်အခံ ပြည်သူ့ပါတီ (PP)ရဲ့အမျိုးသမီးအမတ်တစ်ဦးဖြစ်သူရတ်ချာနော့ခ်ဆရီနော့ခ်အပေါ်ထောင်ဒဏ် ၆ နှစ်ချမှတ်ထားရာကနေထောင်ဒဏ် ၃ နှစ်ထိ အယူခံရုံးက လျှော့ပေါ့ပေးလိုက်ပါတယ်။

အိုက်စ်လို့လူသိများတဲ့အသက် ၃၃ နှစ်အရွယ်အမျိုးသမီးအမတ်ဟာ လွှတ်တော်ထဲရောက်မလာခင်တုန်းကလူမှုကွန်ရက်ပေါ်မှာဝေဖန်ရေးသားခဲ့တဲ့ကိစ္စတွေကြောင့်အမှုရင်ဆိုင်ခဲ့ရတာဖြစ်ပါတယ်။

သူဟာပုဒ်မ ၁၁၂ အရတော်ဝင်မိသားစုအပေါ် အသရေ ဖျက်ခဲ့ကြောင်း စွပ်စွဲမှုနဲ့ ထောင်ဒဏ် ၆ နှစ် ချမှတ်ခံထားရသလိုကွန်ပျူတာမှုခင်းဥပဒေ ပုဒ်မတွေနဲ့ပါ တရားစွဲဆို ခံထားခဲ့ရတာပါ။

Public Service Announcement

Public Service Announcement

နိုဝင်ဘာ ၃ ရက်က အယူခံရုံး ဆုံးဖြတ်ချက်မှာတော့ အိုက်စ်ရဲ့ ပြစ်ဒဏ်ကို ထောင်ဒဏ် ၃ နှစ်ထိ လျှော့ချပေးခဲ့ပြီး ကွန်ပျူတာပြစ်မှုဆိုင်ရာ တခြားစွဲချက်တွေကိုလည်း ပယ်ဖျက်ပေးလိုက်ပါတယ်။

ဒါပေမဲ့ သူ့ရဲ့ ပြစ်ဒဏ်ကို ဆိုင်းငံ့ပေးထားမှာ မဟုတ်တာကြောင့် အိုက်စ်က ထပ်ဆင့် အယူခံ မဝင်ဘူးဆိုရင် ထောင်ဒဏ်စတင် ကျခံရမှာပါ။ အိုက်စ်နဲ့ သူ့ရဲ့ ရှေ့နေတွေကတော့ အယူခံရုံးရဲ့ စီရင်ချက်ကို လက်မခံနိုင်တဲ့အတွက် တရားရုံးချုပ်ဆီ တစ်ဆင့်တက် အယူခံ ဝင်မယ်လို့ အတည်ပြုထားပါတယ်။

အယူခံရုံးရဲ့ စီရင်ချက် မချခင် မနက်ပိုင်းတုန်းက သတင်းထောက်တွေနဲ့ တွေ့ဆုံရာမှာ အိုက်စ်က သူဟာ အပြစ်ကင်းတယ်လို့ အပြည့်အဝ ယုံကြည်ကြောင်း ပြောကြားခဲ့ပါသေးတယ်။ ဘန်ကောက်မှာရှိတဲ့ ရာဇဝတ် တရားရုံးဆီကို အနက်ရောင် ဝတ်စုံနဲ့ ရောက်လာတဲ့ အိုက်စ်နဲ့အတူ PPရဲ့ ခေါင်းဆောင် နတ်ထဖုန် ရွန်ပညာဝတ်နဲ့ ထင်ရှားတဲ့ ပါတီအမတ်တွေ ဖြစ်ကြတဲ့ ရန်ဆီမန်ရုမ်း၊ ပါရစ် ဝါချာရာစင်ဒူတို့လည်း ခြံရံ လိုက်ပါလာခဲ့ကြပါတယ်။

အိုက်စ်ဟာ နိုင်ငံရေး လောကထဲ မဝင်ခင် ၂၀၂၁ ခုနှစ် ဇူလိုင်လတုန်းက လူမှုကွန်ရက် မီဒီယာ Twitter (လက်ရှိ X)မှာ ရေးသားခဲ့၊ မျှဝေခဲ့တဲ့ ပို့စ်နှစ်ခုကို အကြောင်းပြုပြီး တရားစွဲ ခံခဲ့ရတာပါ။

အဲဒီ ပို့စ်တွေမှာတော့ ထိုင်းအစိုးရရဲ့ ကိုဗစ် ကာကွယ်ဆေး စီမံခန့်ခွဲမှုနဲ့ နိုင်ငံရေးဆိုင်ရာ ဆက်နွှယ်မှုတွေကို ရေးသားထားပြီး ထိုင်းဘုရင်စနစ်ကိုပါ ထိခိုက်ပုတ်ခတ်တဲ့ သဘောထားတွေ ပါဝင်နေတယ်လို့ စွပ်စွဲခံခဲ့ရပါတယ်။

အိုက်စ်ကတော့ စွပ်စွဲချက်တွေကို တောက်လျှောက် ငြင်းဆိုခဲ့ပြီး သူ့ကို ပုဂ္ဂိုလ်ရေးအရ ထိုးနှက်လိုသူတွေရဲ့ လုပ်ရပ် ဖြစ်နိုင်ကြောင်း ခုခံ ပြောဆိုခဲ့သလို သူ့ရဲ့ Twitterအကောင့် ဟက်ခံခဲ့ရတာလည်း ဖြစ်နိုင်ကြောင်း ပြောကြားခဲ့ပါတယ်။

၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလမှာတော့ ရာဇဝတ်ရုံးက အိုက်စ်ဟာ တော်ဝင်မိသားစုကို အသရေဖျက်မှု၊ ကွန်ပျူတာ မှုခင်းတွေအတွက် ပြစ်မှုထင်ရှားကြောင်း ဆုံးဖြတ်ပြီး ထောင်ဒဏ် ၆ နှစ် ကျခံစေခဲ့ပါတယ်။ အဲဒီနောက်မှာတော့ PP မတိုင်ခင်က မူလ နိုင်ငံရေး အစုအဖွဲ့ ဖြစ်ခဲ့တဲ့ Move Forward ပါတီက အိုက်စ်အတွက် ဘတ်ငွေ ၅ သိန်းနဲ့ အာမခံပေးထားခဲ့ပါတယ်။

အာမခံ စည်းမျဉ်းတွေအရ စွပ်စွဲခံရတဲ့ ဖြစ်ရပ်တွေနဲ့ တူညီတဲ့ လုပ်ရပ်တွေ ထပ်ပြီး မကျူးလွန်ရဘူးဆိုတဲ့ ကတိလည်း ပါရှိခဲ့ပါတယ်။ အမှုအတွက် အယူခံ ကြားနာမှုကတွေကို ၂၀၂၄ ကနေ ၂၀၂၆ ခုနှစ်ထိ ဆက်လုပ် လုပ်ဆောင်နေခဲ့ပြီး အခုလို ထောင်ဒဏ်စီရင်ချက်ကို တစ်ဝက် လျှော့ချပေးခဲ့တာ ဖြစ်ပါတယ်။

ကိုးကား – Nation

ဆက်စပ်သတင်းများ

Facebook