နိုဝင်ဘာ ၂၃၊၂၀၂၆။သုည/Peoples Spring
အမေရိကန်နိုင်ငံ ဝါရှင်တန်ဒီစီရှိ မယ်ရီလန်းပြည်နယ်မှာ ပြည်ပရောက် မြန်မာတွေ စုပေါင်းပြီး လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဥ်းသားတွေ အားလုံး လွတ်မြောက်ရေးအတွက် FREE HER ကမ်ပိန်း လူထုလှုပ်ရှားမှုကို နိုဝင်ဘာ ၂၂ ရက်က ပြုလုပ်ခဲ့ပါတယ်။
အဲဒီလှုပ်ရှားမှုကို Anti Dictatorship in Burma – DC Metro Area က ဦးဆောင်ပြီး မယ်ရီလန်းပြည်နယ်ရှိ မြန်မာနိုင်ငံသားတွေနဲ့ တိုင်းရင်းသားညီအစ်ကိုမောင်နှမတွေ ပူးပေါင်းပါဝင်ခဲ့ပါတယ်။
ပြည်ပရောက်မြန်မာတွေက “Free Her” စာသားနဲ့ ဒေါ်အောင်ဆန်းစုကြည် ရုပ်ပုံတွေကို ကိုင်ဆောင်ပြီး လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတကြီး ဦးဝင်းမြင့် အပါအဝင် မတရား ဖမ်းဆီးခံထားရသော နိုင်ငံရေးအကျဥ်းသား အားလုံးလွတ်မြောက်ရေးအတွက် ကြွေးကြော်ဆန္ဒပြခဲ့ကြတယ်။

Public Service Announcement
ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေး အကျဉ်းသားတွေ လွတ်မြောက်ရေးအတွက် မြန်မာနိုင်ငံတဝန်းနဲ့ ကမ္ဘာ့နိုင်ငံအသီးသီးမှာ FREE HER လူထုလှုပ်ရှားမှုတွေ ပြုလုပ်နေကြတာပါ။
























































